backup og meta

လေဖြတ်ပြီး စိတ်ဓါတ်ကျမှုကို ဘယ်လိုကျော်လွှားမလဲ

လေဖြတ်ခြင်းဟာ ကြီးမားတဲ့ ပြသနာကြီး ဖြစ်ပါတယ်။ ကောင်းစွာကုသနေရင်တောင် မသန်စွမ်းတာ၊ စကားပြောရခက်တာ စတဲ့ ပြသနာတွေ ကျန်နေနိုင်ပါတယ်။ ဒီပြသနာတွေနဲ့အတူ စိတ်ဓါတ်ပါ ကျဆင်းလာခြင်းဟာ ဖြေရှင်းရအခက်ဆုံးအပိုင်းပါပဲ။ စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုရင်ဆိုင် ကျော်လွှားမလဲဆိုတာဟာ လူနာအတွက်ရော ပြုစုသူတွေအတွက်ပါ အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။

စိတ်ဓါတ်ကျခြင်းဟာ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် လေဖြတ်ခြင်းကြောင့် ပြောဆိုဆက်သါယ်ရတာ ခက်ခဲခြင်းတွေနဲ့ ကျန်ရစ်ခဲ့ရင် ကာယကံရှင် ကိုယ်တိုင်တောင် သတိပြုနိုင်ဖို့ ခဲယဉ်းပါတယ်။ သေချာတာကတော့ လေဖြတ်ပြီးရင် မသန်မစွမ်းဖြစ်ခြင်း နဲ့အတူ စိတ်သောကဖြစ်ခြင်းပါ ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ကျခြင်းနဲ့ စိတ်သောကရောက်ခြင်းဟာ ကွာခြားပါတယ်။ စိတ်သောကရောက်ခြင်းဟာ ပုံမှန်ဖြစ်ပေမယ့် စိတ်ဓါတ်ကျဆင်းတဲ့ လက္ခဏာတွေကို ရောထွေးဖုံးကွယ် သွားနိုင်ပါတယ်။ အဲဒီအချက်တွေကတော့ –

  • မျှော်လင့်ချက်မဲ့၊ တန်ဖိုးမဲ့နေသကဲ့သို့ ခံစားရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲခြင်း
  • စိတ်ပူပန်တတ်မှုမြင့်တက်ခြင်း
  • မောင်းနှင်အားမရှိခြင်း
  • အလွန်အမင်းဝမ်းနည်းခြင်း
  • မိမိကိုယ်ကို အဆုံးစီရင်ရန် အတွေးများ ဝင်လာတတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

လေဖြတ်ထားတဲ့လူနာတယောက်မှာ ဒီလိုလက္ခဏာတွေ ရှိလာပြီဆိုရင် စိတ်ဓါတ်ကျဆင်းခြင်း ရှိမရှိ ဆန်းစစ်သင့်ပါတယ်။ ဆရာဝန်ဟာ လူနာနဲ့ ဆွေးနွေးပြီး အခြေအနေကို ဆန်းစစ်ပါလိမ့်မယ်။ စိတ်ဓါတ်ကျဆင်းစေတဲ့ တခြားအကြောင်းရင်းတွေကို ဖယ်ထုတ်စဉ်းစားနိုင်ဖို့ စမ်းသပ်မှုအချို့ လိုအပ်ပါတယ်။ ဒီလိုစမ်းသပ်မှုတွေ ခံယူဖို့ လူနာဟာ စိုးရွံ့နိုင်ပေမယ့် ကုသရေးအတွက်၊ ပြန်လည်သန်စွမ်းရေးအတွက် အရေးပါတယ်ဆိုတာ နားလည်စေဖို့ အရေးကြီးပါတယ်။

စိတ်ဓါတ်ကျဆင်းခြင်းလို့ ရောဂါအတည်ပြုပြီးရင် စိတ်ကျဆန့်ကျင်ဆေးများပေးပြီး စိတ်ကျန်းမာရေးကုထုံးများနဲ့ ကုသပါလိမ့်မယ်။ ဒါ့အပြင် လူနာတွေကို တက်ကြွစွာနေပြီး တတ်နိုင်သလောက် မိတ်ဆွေများ၊ မိသားစုဝင်များနဲ့ အတူပျော်ရွှင်စွာ နေထိုင်သင့်ပါတယ်။ ဒီလိုလှုပ်ရှားတက်ကြွမှုတွေဟာ စိတ်ဓါတ်ကျစေတဲ့ အခြေအနေကို ကာကွယ်ပေးပြီး နေပျော်စရာကောင်းတဲ့ဘဝကို ခံစားနိုင်မှာပါ။

စိတ်ဓါတ်ကျဆင်းမှုကို ရင်ဆိုင်ကျော်လွှားရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် သင့်တော်တဲ့ ဆေးဝါးတွေ၊ မိသားစုဝင်တွေ မိတ်ဆွေတွေ အကူအညီနဲ့ ဆောင်ရွက်နိုင်ပါတယ်။ အားလုံးဟာ ပြန်လည်သက်သာဖို့ အချိန်ယူရပုံခြင်း မတူနိုင်ပါဘူး။ ဒါကြောင့် သိပ်ပြီး အလျင်မလိုဘဲ သက်တောင့်သက်သာ နှုန်းထားနဲ့ပဲ ဆောင်ရွက်ရပါမယ်။ အကူအညီလိုရင် ပေးနိုင်တဲ့ အထောက်အကူပြုအုပ်စုတွေလည်း ရှိပါတယ်။ တခြား လူနာတွေ နားလည်သိမြင်ခြင်းဟာလည်း သင့်အတွက် အထောက်အကူပြုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. How to Deal With Depression After a Stroke. https://www.caring.com/articles/stroke-depression.Assessed September 11, 2016

2. Tips to Combat Depression After a Stroke. https://www.goredforwomen.org/about-heart-disease/living-with-heart-disease/tips-to-combat-depression- after-a-stroke/ Assessed September 11, 2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement