backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Lupus ဟာ လေဖြတ်ခြင်းကို ဖြစ်စေသလား


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Lupus ဟာ လေဖြတ်ခြင်းကို ဖြစ်စေသလား

Lupus ဆိုတာ နာတာရှည် ရောင်ရမ်းနာဖြစ်ပြီး သင့်ကိုယ်ထဲက ကိုယ်ခံအားစနစ်ဟာ သင့်ကိုယ်ပိုင် တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ရင် ဖြစ်တတ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓါရဲ့ စနစ်အမျိုးမျိုးကို သက်ရောက်မှုရှိပါတယ်။ အဆစ်အမြစ်တွေ၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ် စတာတွေ ဖြစ်ပါတယ်။

လက္ခဏာများ

Lupus ရဲ့ လက္ခဏာတွေဟာ ရောဂါကြောင့် ဘယ်နေရာကို ထိခိုက်တယ်ဆိုတာပေါ် မူတည်ပါတယ်။ အတွေ့အများဆုံးလက္ခဏာတွေကတော့ –

  • ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်း
  • အဆစ်အမြစ်နာခြင်း၊ တောင့်တင်းခြင်း၊ ယောင်ခြင်း
  • မျက်နှာတွင် ပါးနှင့်နှာခေါင်းကိုဖုံးသော လိပ်ပြာသဏ္ဍာန် အကွက်ပေါ်လာခြင်း
  • နေရောင်ထိသောအခါ အရေပြားပြသနာ ပိုဆိုးခြင်း
  • အေးသောအခါ၊ ဖိအားများသောအခါ လက်ချောင်းခြေချောင်းများ ဖြူခြင်း ပြာခြင်း
  • အသက်ရှူမြန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မျက်လုံးခြောက်သွေ့ခြင်း
  • ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း

ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရာများ

Lupus ဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ကျား/မ။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • အသက်အရွယ်။ Lupus ဟာ အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက် ၁၅မှ ၄၀ကြားမှာ ဖြစ်တာများတာ တွေ့ရပါတယ်။
  • လူမျိုး။ အာဖရိကန်-အမေရိကန်၊ ဟစ်ပန်းနစ်၊ အာရှ စတဲ့လူမျိုးတွေမှာ ဖြစ်တာပိုများပါတယ်။
  • သင့်ရဲ့ကိုယ်ခံအားစနစ်ဟာ သင့်ကိုယ်ထဲက ကောင်းတဲ့ တစ်သျှူးတွေကို တိုက်ခိုက်ရင် Lupus ဖြစ်ပွားပါတယ်။ မျိုးရိုးဗီဇနဲပ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Lupus ဖြစ်ခြင်းကို လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရင် ဖြစ်နိုင်ပါတယ်။ Lupus ဖြစ်စေတဲ့ တချို့သောအချက်တွေကတော့–

    • နေရောင်ခြည်။ နေရောင်ထိခြင်းဟာ Lupus ဖြစ်တဲ့ အသားအရည်ကို ဖြစ်စေပြီး ဖြစ်ပွားနိုင်ခြေရှိသူများရဲ့ ကိုယ်တွင်းလှုံ့ဆော်မှုတွေကို အစပျိုးစေပါတယ်။
    • ကူးစက်မှု။ အချို့သောရောဂါပိုးကူးစက်မှုတွေဟာ Lupus ကို အစပျိုးစေပြီး အချို့လူတွေကို ပြန်ဖြစ်စေပါတယ်။
    • ဆေးဝါးကုသမှု။ အတက်ရောဂါကုဆေးများ၊ သွေးပေါင်ကျဆေးများနဲ့ ပဋိဇီဝဆေးများဟာ Lupus ကို အစပျိုးစေပါတယ်။ သင့်မှာ အကြောင်းရင်းမသိရတဲ့ အရေပြားကါက်တွေ၊ ဆက်တိုက်ဖျားနာခြင်းတွေ၊ ကိုက်ခဲပြီး ပင်ပန်းနွမ်းနယ်တာတွေရှိနေရင် ဆရာဝန်ပြသင့်ပါတယ်။
    • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


      Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement