backup og meta

လေဖြတ်ခြင်းကို ကာကွယ်နိုင်သော နေထိုင်မှုပုံစံ အပိုင်း ၁

လေဖြတ်ခြင်းကို ကာကွယ်နိုင်သော နေထိုင်မှုပုံစံ အပိုင်း ၁

လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေတွေမှာ မပြောင်းလဲနိုင်တဲ့ အသက်အရွယ်ကြီးခြင်းနဲ့ မိသားစုရာဇဝင် ပါဝင်ပေမယ့် သင်ရှောင်ရှားနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ လေဖြတ်ခြင်းကို ကာကွယ်ဖို့အတွက် သင့်ဘဝကို အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်း လုပ်ဆောင်ရပါမယ်။ သင်စတင်နိုင်ဖို့အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

၁။ သွေးပေါင်ချိန်ကို ထိန်းပါ

သွေးတိုးခြင်းကို ထိရောက်စွာ မကုသရင် လေဖြတ်နိုင်ခြေ မြင့်စေပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်မှ ဒေါက်တာ နာတလီယာရို့စ်ရဲ့ အဆိုအရ သေါးပေါင်တက်ခြင်းဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေ အပေါ်မှာပါ ကြီးစွာသောသက်ရောက်မှု ရှိပါတယ်။ ရှိသင့်တဲ့ သွေးပေါင်ချိန်ကတော့ ၁၂၀/၈၀ ဖြစ်ပါတယ်။ တခါတရံမှာ ၁၄၀/၉၀ ကလည်း လက်ခံစရာဖြစ်ပါတယ်။ ဒိရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ သင့်စားသောက်မှုပုံစံကို အောက်ပါအတိုင်း ပြောင်းလဲပေးနိုင်ပါတယ်။

  • တနေ့ကို ဆား ဇွန်းတဝက်စာလောက် လျှော့စားခြင်း
  • အဆီများသော အစာရှောင်ခြင်း
  • ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့အအဆန်နှင့် အဆီဓါတ်နည်းသော နို့ထွက်ပစ္စည်းများ စားခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း

၂။ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

အဝလွန်သူများဟာ လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် သင်ကိုယ်အလေးချိန်များလာတဲ့အခါ ပိုနေတဲ့ အလေးချိန်ကို လျှော့ချသင့်ပါတယ်။ BMI ညွှန်ကိန်းဟာ ၂၅ အောက် နည်းသင့်ပါတယ်။ ဒီလိုဖြစ်အောင်-

  • ကယ်လိုရီနည်းတဲ့အစာတွေစားပါ။ သင့်ရဲ့ အခြေခံ လိုအပ်တဲ့ ကယ်လိုရီဟာ နေ့စဉ်လှုပ်ရှားမှုအပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် တနေ့ကို ကယ်လိုရီ ၂၀၀၀ နှုန်းအောက်ပဲ စားသင့်ပါတယ်။
  • ကိုယ်လက်လှုပ်ရှားမှုကို တိုးမြှင့်ပါ။ ဥပမာ ဓါတ်လှေကားသုံးမည့်အစား လှေကားသုံးပါ။ ညစာစားပြိးချိန် တီဗီရှေ့ထိုင်နေမယ့်အစား သင့်ခွေးနဲ့ လမ်းလျှောက်ပါ။

၃။ လေ့ကျင့်ခန်းပိုမိုလုပ်ဆောင်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်ကို ထိန်းနိုင်ရုံသာမက လေဖြတ်နိုင်ခြေပါ လျော့ကျစေပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အားကစားသမားထိ ဖြစ်စရာ မလိုပါဘူး။ တပတ်မှာ ၅ရက်လောက် တော်သင့်ရုံ လေ့ကျင့်ခန်းလုပ်ရင် လုံလောက်ပါတယ်။ ပိုပြီး စိတ်ပါအောင် လမ်းအတူလျှောက်ဖို့ မိတ်ဆွေတယောက်ကို စည်းရုံးပါ။ သင် အသက်ရှူမြန်လာပြီး စကားပြောနိုင်သေးတဲ့ထိ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လုပ်စရာရှိတာတွေ ပြည့်ကြပ်နေရင် အလုပ်ကိုအချိန်တွေခွဲလုပ်ပြီး အားလပ်ချိန်ရအောင် စီမံပါ။

သင့်နေထိုင်မှုပုံစံကို အနည်းငယ် ချိန်ညှိခြင်းဟာ လေဖြတ်နိုင်ခြေကို လျှော့ချရုံသာမက အလုံးစုံသော ကျန်းမာရေးကို တိုးတက်စေပါတယ်။ လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေနဲ့ပဲဆိုင်တဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ယနေ့အခါမှာ ကလေးငယ်တွေတောင် ဖြစ်နေကြပါတယ်။ ဒါကြောင့် အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ် ကျန်းမာစွာနေထိုင်ချင်ရင် အခုချိန်ကစလို့ ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 things you can do to prevent a stroke.
http://www.health.harvard.edu/womens-health/8-things-you-can-do-to-prevent-a-stroke Assessed September 12, 2016

Stroke Prevention Lifestyle Tips http://www.webmd.com/stroke/features/stroke-prevention-lifestyle-tips

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement