backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးငယ်များ၊ လူငယ်များ လေဖြတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ်များ၊ လူငယ်များ လေဖြတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

လေဖြတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်တတ်ပါတယ်။

လေဖြတ်ပြီးနောက် ပြောင်းလဲခြင်းများဟာ အတန်အသင့်ကနေ ဆိုးရွားတဲ့အဆင့်ထိရှိပါတယ်။ ခဏတာကနေ အတော်ကြာတဲ့ အခြေအနေထိ ရှိတတ်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဥိးနှောက်ရဲ့ ဘယ်နေရာထိခိုက်တယ်၊ ဘယ်လောက်ပြင်းထန်တယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။

လေဖြတ်ပြီးနောက် ဦးနှောက်မှာရှိတဲ့ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ အပိုင်းတွေကို ထိခိုက်မိရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေ ပေါ်လာတတ်ပါတယ်။ ဒီပြောင်းလဲခြင်းတွေဟာ လေဖြတ်ခြင်းကို သင့်ကိုယ်ခန္ဓါက တုံ့ပြန်လို့ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

သင့်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ဆိုးရွားလာရင် ပျောက်မသွားရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေါးနွေးနှစ်သိမ့်သူ၊ စိတ်ကျန်းမာရေးကုသသူ တွေဆီမှာလည်း တိုင်ပင်နိုင်ပါတယ်။

ပြောင်းလဲခြင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။

စိတ်ပူပန်ခြင်း။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ပူပင်နေတတ်ပါတယ်။

စိတ်ဓါတ်ကျဆင်းခြင်း။ လေဖြတ်ပြီးနောက် ဝမ်းနည်းတာစိတ်ညစ်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီး ဆိုးရွားစွာ

စိတ်ထိခိုက်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ တခြားသူတွေကို မှီခိုနေရလို့ စိတ်နိုင်းမကျတာ၊ အကူအညီမဲ့တယ် မျှော်လင့်ချက်မဲ့တယ် ခံစားရတာ၊ မိမိကိုယ်ကို သိမ်ငယ်တယတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်းဟာ ဥိးနှောက်ထဲက ဓါတုပစ္စည်းတချို့ မညီမျှရင်လည်း ဖြစ်တတ်ပါတယ်။ အောက်ပါ လက္ခဏာတွေ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။

  • ဝမ်းနည်းစိတ်ဖြစ်ခြင်း၊ ထိုင်းမှိုင်းကျဆင်းခြင်း
  • ယခင်က သဘောကျသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း
  • အားအင်ကုန် လေးလံသလို ခံစားရခြင်း၊ အနားမရခြင်း၊ တည်ငြိမ်စွာမနေနိုင်ခြင်း
  • တန်ဖိုးမရှိ အပြစ်မကင်းဟု ခံစားရခြင်း
  • အစားအသောက် ကိုယ်အလေးချိန် တက်လာခြင်း (သို့) ကျသွားခြင်း
  • အာရုံစိုက်ရန်၊ တွေးတောရန်၊ မှတ်မိရန်၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း
  • အိပ်ပျော်ရန်ခက်ခဲခြင်း သို့မဟုတ် အအိပ်လွန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • နာကျင်ကိုက်ခဲခြင်း
  • အစာကြေရန်ခက်ခြင်း
  • လိင်ဆက်ဆံရာတွင် အခက်အခဲရှိခြင်း
  • မျှော်လင့်ချက်မဲ့သည်ဟု ခံစားရခြင်း
  • ပူပန်နေတတ်ခြင်း
  • မိသားစုဝင်များ၊ မိတ်ဆွေများ၊ စောင့်ရှောက်သူများနှင့် ဆက်ဆံရေး မပြေလည်ခြင်း
  • သေဆုံးရန် သတ်သေရန် အတွေးပေါ်ခြင်း စတာတွေဖြစ်ပါတယ်။

စိတ်အပြောင်းအလဲမြန်ခြင်း။ ငိုလွယ် ရယ်လွယ် စိတ်ဆိုးလွယ်ခြင်းတွေဟာ မဖြစ်သင့်တဲ့ အချိန်တွေမှာ ဖြစ်နေတတ်ပါတယ်။

ထိန်းချုပ်မှုမရှိခြင်း။ အသေးအဖွဲ ကိစ္စတွေမှာတောင် ပေါက်ကွဲလွယ်တတ်ပါတယ်။

စိတ်အတက်အကျမြန်ခြင်း။ ပျော်ရွှင်နေရာကနေ ဗြုန်းစားကြီး ဝမ်းနည်းတာ၊ ဒေါသထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မိသားစုဝင်တွေဟာ နားလည်စိတ်ရှည်ပေးဖို့ လိုပါတယ်။ သင်သက်သာလာတာနဲ့အမျှ ဒီပြသနာ ပျောက်သွားနိုင်ပါတယ်။

အတ္တကြီးခြင်း။ မိမိအတွက်ကိုသာ စဉ်းစားပြီး တခြားသူတွေကို အရေးမပေးတတ်ပါဘူး။

လေဖြတ်ခြင်းဟာ ကလေးငယ်ကနေ လူကြီးအထိ ဘယ်အရွယ်မဆိုဖြစ်တတ်ပါတယ်။ လေဖြတ်တာဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ပိတ်ဆို့လို့ဖြစ်စေ၊ ပေါက်ပြဲလို့ဖြစ်စေ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေပါတဲ့ သွေးကို ပုံမှန်ပြန်မရရင် ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး အလုပ်မလုပ်တော့ပါဘူး။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement