လေဖြတ်ခြင်းနှင့် သွေးကြောကျဉ်းခြင်း
သွေးခဲဖြစ်ခြင်း၊ ဦးနှောက်ကို သွားတဲ့ သွေးကြောကျဉ်းခြင်း စတဲ့ သွေးမလုံလောက်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သွေးလွှတ်ကြောမှာဖြစ်တဲ့ သွေးခဲကြောင့်ဖြစ်ပြီး အဖြစ်အများဆုံးလည်း ဖြစ်ပါတယ်။ သွေးလွှတ်ကြောကျဉ်းနေတဲ့ နေရာမှာ သွေးခဲဖြစ်ပြီး ဦးနှောက်ကို သွေးစီးဆင်းတာကို ပိတ်ဆို့စေသောကြောင့်
ဖြစ်တာပါ။ နောက်တစ်မျိုးကတော့-
သွေးကြောထဲလှည့်နေတဲ့ သွေးခဲ ဒါမှမဟုတ် အနည်အမှုန် (အဆီခဲ၊ လေပူဖောင်း စသဖြင့်) တစ်ခုခုဟာ ဦးနှောက်ကို သွားတဲ့သွေးကြောကို ရောက်လာပြီး ပိတ်မိစေတာကြောင့် ဖြစ်စေတတ်ပါတယ်။ သွေးလွှတ်ကြောထဲ ပုံနေတဲ့ အနည်အမှုန် ဒါမှမဟုတ် သွေးခဲကနေ ပြုတ်ထွက်လာလို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလေဖြတ်ခြင်းမျိုးဟာ နှလုံးခုန်နှုန်းမမှန်တဲ့ atrial fibrillation လို ရောဂါရှိတဲ့ လူနာတွေမှာ ဖြစ်တတ်တဲ့ သွေးခဲလေးတွေ သွေးစီးကြောင်းထဲဝင်သွားတာကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။
Translated by Thant Zin
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။