backup og meta

တက်ခြင်းမှကာကွယ်ပေးနိုင်သော ဦးနှောက်လေ့ကျင့်ခန်းများ

တက်တဲ့ကိစ္စတွေကမိနစ်အနည်းငယ်အတွင်းမှာပင် ဖြစ်ပွားနိုင်ပါတယ် ။ ဒါကြောင့် တက်ခြင်းကိုထိန်းချုပ်ရန်နှင့် ကာကွယ်ရန်နည်းလမ်းတွေကို သိထားဖို့လိုပါတယ် ။ ဦးနှောက်ကိုလေ့ကျင့်ပေးခြင်းနဲ့အသက်ရှူလေ့ကျင့်ခန်းတွေဟာ သင့်ကိုတက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ် ။

၁ ။ အသက်ရှူနည်း ။

တက်ခြင်းစပြီးဖြစ်ပွားလျှင် တက်ခြင်းမှာကာကွယ်ရန် အသက်ရှူနည်းဟာ အရေးကြီးပါတယ် ။ လူနာတွေဟာ အသက်ရှူခြင်းကို ထိန်းချုပ်ခြင်းဖြင့် ရောဂါမှသက်သာလာနိုင်ပြီး သဘာဝနည်းအတိုင်း တက်ခြင်းကို ရပ်တန့်နိုင်မှာဖြစ်ပါတယ် ။

သင့်ရဲ့ခန္ဓါကိုယ် သို့ စိတ်ထဲတွင်တစ်ခုခုမှားယွင်းနေသည်သို့မဟုတ်တစ်ခုခုကြောင့်တက်တော့မယ်လို့ခံစားနေရလျှင် လေ့ကျင့်ခန်းတွေကို စလုပ်သင့်ပါပြီ ။ ဖြစ်နိုင်မယ်ဆိုရင် အရင်ဆုံး ထိုင်ဖို့သက်တောင့်သက်သာရှိစေတဲ့နေရာကို အရင်ဆုံးရှာရပါမယ် ။

ထို့နောက်လေကို မှန်မှန်နဲ့ပြင်းပြင်းနှာခေါင်းမှတစ်ဆင့်ရှူသွင်းရပါမယ် ။ သင့်ရဲ့ရင်ဘတ်ကြွက်သားတွေကိုအသုံးပြုပြီး ခပ်မြန်မြန်နဲ့ခပ်ပြင်းပြင်းအသက်ရှူခြင်းအစား ခပ်တိုတိုနဲ့နည်းနည်းခြင်းစီပဲအသက်ရှူခြင်းဟာလည်း အသုံးဝင်ပါတယ် ။

အသက်ရှူသွင်းပြီးတဲ့အခါမှာ အနားယူ၍ တခါအသက်ရှူထုတ်တိုင်း ၃ စက္ကန့် မှ၄ စက္ကန့်အထိရေတွက်ရပါမယ် ။ ဒီလိုလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာအသက်ကို မှန်မှန်ပဲရှူနေရပါမယ် ။ အရေးအကြီးဆုံးအချက်ကတော့ အများကြီး အသက်မရှူမိစေဖို့ပါပဲ။ နည်းနည်းစီပဲရှူရပါမယ် ။

သင့်ရဲ့စိတ်ထဲမှာကြောက်စိတ်တွေ၊စိုးရိမ်စိတ်တွေဖုံးလွှမ်းနေရင်တော့ အသက်ရှူလေ့ကျင့်ခန်းဟာ အကျိုးမရှိနိုင်ပါဘူး ။ ဒါ့အပြင် အသက်ရှူတာလည်း ပိုပြီး ပြင်းလာ ၊ မြန်လာ ၍ ပုံမှန်မဟုတ်နိုင်တော့ပါဘူး ။

လေ့ကျင့်ခန်းလုပ်ပြီး၍စက္ကန့်အနည်းငယ်ကြာလာသည့်အခါမှာအသက်ရှူခြင်းကို လျှော့ချထားရသောကြောင့် သင်ဟာလေကိုများများရှူချင်လာနိုင်ပါတယ်။ ဒါပေမယ့်သင်ဟာ ဒါကိုဆက်လက်ထိန်းသိမ်းထားရပါမယ် ။ သို့မှသာသင့်ရဲ့သွေးနဲ့ဦးနှောက်ထဲမှပိုနေတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်များဟာ အရမ်းလှုပ်ရှား၍ မငြိမ်မသက်ဖြစ်နေသည့် အာရုံကြောဆဲလ်များကို ငြိမ်သက်စေမှာပါ။

အောက်ဆီဂျင်နှင့် သကြားဓါတ်ပို့ဆောင်မှုကို ကောင်းမွန်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ဟာ ဦးနှောက်ဆီသို့သွေးစီးဆင်းမှုကိုလည်းကောင်းစေပြီး ဦးနှောက်ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ များလာပါတယ် ။

၂ ။ အာရုံကြောတုံ့ပြန်မှု ။

အာရုံကြောတုံ့ပြန်မှုနည်းလမ်းဟာ အတက်ရောဂါရှိသူများတွင်ဦးနှောက်ကို ပုံမှန်ငြိမ်သက်နေစေရန်နှင့် ဦးနှောက်ကိုအချိန်တစ်ခုသတ်မှတ်ပေးတဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ် ။ ဦးနှောက်ကို အချိန်တစ်ခုသတ်မှတ်ခိုင်းခြင်းဟာ တက်တဲ့အခါမှာသက်သာစေတဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။

ဆရာဝန်တွေဟာ ဦးနှောက်ကိုတည်ငြိမ်စေပြီး တက်ခြင်းကိုသိသိသာသာသက်သာစေတဲ့အတွက်ဒီနည်းကိုအသုံးပြုကြပါတယ်။

ဦးနှောက်ကိုလေ့ကျင့်ပေးခြင်းဟာ ဦးနှောက်ရဲ့ဆက်သွယ်မှုတွေ၊အချိန်ရေတွက်မှုတွေကိုပိုမိုကောင်းမွန်စေပြီး ဦးနှောက်ဆိုင်ရာပြဿနာများကို သက်သာစေပါတယ် ။ ဦးနှောက်ဟာတည်ငြိမ်လေလေ သင်ရဲ့ဦးနှောက်ကိုပိုပြီးထိန်းချုပ်နိုင်လေလေဖြစ်ပါတယ်။

နေထိုင်မှုပုံစံပါပြောင်းလဲလိုက်မည်ဆိုလျှင် အချိန်အတိုလေးအတွင်းမှာပဲ တက်တာတွေဟာသိသိသာသာလျော့နည်းသွားမှာဖြစ်ပါတယ် ။ နောက်ဆုံးသင်ဟာ လုံးဝမတက်တော့တဲ့အခြေအနေအထိကောင်းမွန်သွားနိုင်ပါတယ် ။

ဒါကြောင့် လူတစ်ချို့ဟာ အာရုံကြောတုံ့ပြန်မှုဆိုင်ရာ ဦးနှောက်လေ့ကျင့်ခန်းကို ဝက်ရူးပြန်ရောဂါကိုကုသရာတွင်အသုံးပြုကြပါသည်။

အကယ်၍ သင့်ရဲ့ရောဂါအတွက် အာရုံကြောတုံ့ပြန်မှု လေ့ကျင့်ခန်းကိုစဉ်းစားမိလျှင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ သင့်ရောဂါအတွက်ဒီကုသမှုရဲ့ကြာမြင့်ချိန်နဲ့ ရလာဒ်တွေကိုမေးမြန်းနိုင်ပါတယ် ။ သင်ဟာ ဒီကုသမှုကိုမခံယူခင် သင့်ရဲ့မိသားစုကိုအရင်ပြောပြ၍ အကြံဉာဏ်တောင်းတာ ပိုကောင်းပါလိမ့်မယ် ။

Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is Neurofeedback an Alternative to Medication for Seizures?. http://www.aboutneurofeedback.com/conditions/seizures/. Accessed November 20, 2016.
How to Prevent Many Seizures in 2-3 Minutes (Simple Breathing Exercise). http://www.epilepsy.com/connect/forums/complementary-therapies/how-prevent-many-seizures-2-3-minutes-simple-breathing. Accessed November 20, 2016.
Seizures. http://www.centerforbrain.com/conditions/seizures/. Accessed November 20, 2016.
Neurofeedback for Epilepsy to reduce seizures. http://www.braintrainuk.com/other-conditions-that-neurofeedback-supports/neurofeedback-for-epilespy/ . Accessed November 20, 2016.

ယခုပုံစံ

22/08/2022

Phyo Wai Yan မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အတက်ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းများ

သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement