ဘာတွေက တက်ခြင်းအတွက်အန္တရာယ်ရှိစေသလဲ။
တက်ခြင်းကိုဖြစ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့အရာတွေကတော့…
- အလင်းရောင်များ ၊
- သွေးတွင်းသကြားဓါတ်နည်းခြင်း၊
- အဖျားကြီးခြင်း ၊
- အချို့ဆေးများနှင့်မတည့်ခြင်း ..စသည်တို့ဖြစ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကို ဘယ်လိုအတည်ပြုပါသလဲ
ကုသမှုတစ်ခုကိုဆုံးဖြတ်ချက်မချမီ ဆရာဝန်သည် လူနာဟာ အတက်ရောဂါရှိတာသေချာဖို့ အတည်ပြုဖို့လိုပါတယ်။ ဆရာဝန်ဟာ အတက်ရောဂါရှိတဲ့လူနာနဲ့ သူတက်စဉ်ကဘေးမှာရှိခဲ့တဲ့လူတွေဆီမှ ရနိုင်သမျှအချက်အလက်များကို စုဆောင်းဖို့လိုပါတယ်။ ဆရာဝန်ဟာ မတက်မီ ၊ တက်နေစဉ် နှင့် တက်ပြီးတဲ့အချိန်မှာဘာတွေဖြစ်သလဲဆိုတာသိရှိဖို့လိုပါတယ်။
ဆရာဝန်ဟာ အတက်ရောဂါရှိတယ်လို့ သံသယရှိလျှင်တော့ အတည်ပြုဖို့ စမ်းသပ်မှုများပြုလုပ်ပါလိမ့်မယ်။ ပထမဆုံးဦးနှောက်ကိုEEG ရိုက်ပါလိမ့်မယ်။ သို့သော်လည်းတိကျစေရန် EEG ဟာ တက်တာကိုမှတ်တမ်းတင်ဖို့လိုပါတယ်။CTscan နှင့် MRI တို့ရိုက်ပြီးတက်စေတဲ့အကြောင်းရင်းကိုရှာဖွေဖို့လိုပါတယ်။ သွေးစစ်ခြင်းနှင့်အာရုံကြောစစ်ဆေးခြင်းတို့ကိုပြုလုပ်ဖို့လိုပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ စမ်းသပ်နေစဉ် တက်တာကိုမမြင်ပဲနဲ့ ရောဂါဖြစ်စေတဲ့အကြောင်းကို သိရှိစေနိုင်ပါတယ်။
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကို ဘယ်လိုကုသပါသလဲ
ရောဂါစမ်းသပ်အတည်ပြုပြီးတာနဲ့တက်ခြင်းအတွက်ကုသမှုများစွာရှိပါတယ်။ ဖြစ်နိုင်တဲ့ကုသမှုတွေကတော့ …
- antiepileptic drugs (AEDs) ( အတက်ကျဆေးများ )
- tiagabine hydrochloride (Gabitril)
- vagus အာရုံကြောကို လှုံ့ဆော်ခြင်း
- အာရုံကြောများကိုလှုံ့ဆော်ခြင်း၊
- ခွဲစိတ်ကုသခြင်း၊
- စားသောက်မှုပုံစံပြောင်းလဲခြင်း
ကုသမှုများဟာ တက်စေတဲ့အကြောင်းအရင်း ၊အခြားကျန်းမာရေးအခြေအနေများနှင့် အခြားအရာများအပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။