backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများတွင် အဖျားကြီး၍ တက်ခြင်းဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများတွင် အဖျားကြီး၍ တက်ခြင်းဆိုတာ ဘာလဲ

ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ febrile seizures လို့ခေါ်ပါတယ်။

febrile seizures ဆိုတာဘာလဲ။

Febrile seizure ဆိုတဲ့ အတက်ရောဂါအမျိုးအစားဟာ ကလေးငယ်တွေမှာ အဖျားအလွန်ကြီးတဲ့အခါ တက်တာကို ခေါ်ပါတယ်။ ဒီလိုတက်လာတဲ့အခါမှာ မိဘတွေနဲ့ အခြားဂရုစိုက်သူတွေဟာ အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားနိုင်ပါတယ်။

Febrile seizure အတက်ရောဂါဟာ ဘယ်သူတွေမှာ ဖြစ်နိုင်သလဲ။

အသက်၁ နှစ်မပြည့်ခင်မှာ ပထမဆုံးအကြိမ် ဖျားပြီးတက်ကြတဲ့ ကလေးအားလုံးထဲကမှ တစ်ဝက်ဟာဆိုရင် အနည်းဆုံး တစ်ကြိမ်ထက်ပိုပြီး တက်လေ့ရှိပါတယ်။ အသက် ၁နှစ်ထက်ကြီးပြီး ပထမဆုံးအတက်ရောဂါ စဖြစ်ကြတဲ့ ကလေး လေးယောက်မှာ တစ်ယောက်ဟာ နောက်ပိုင်းမှာလည်း ဆက်ပြီးအတက်ရောဂါဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ကလေးရဲ့ မိဘတွေ၊ ဝမ်းကွဲတွေ သို့မဟုတ် သွေးရင်းသားရင်းတွေမှာလည်း ဖျားလျှင်တက် တဲ့ရောဂါရှိတဲ့အခါ ကလေးမှာလည်း သူတို့လိုပဲ ဖြစ်နိုင်ခြေရှိပါတယ်။ တစ်ခါတလေမှာ တက်တာဟာ မမျှော်လင့်ပဲလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးကောင်းတဲ့ ကလေးတွေမှာဆိုရင် ဖျားနာခြင်းဟာ ရုတ်တရက် တိတ်တဆိတ် ဝင်ရောက်ခြင်းနဲ့ စတင်ပါတယ်။ ဒီအခါမှာ တက်ခြင်းဟာဆိုရင် ကလေးနေမကောင်း ဖြစ်နေတယ်ဆိုတာကို မိသားစုကိုဖော်ပြပေးနေတဲ့ ပထမဦးဆုံး လက္ခဏာဖြစ်နိုင်ပါတယ်။

ဖျား၍ တက်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေနဲ့ အရာတွေကတော့

• ဖျားပြီးမတက်ခင်မှာ ကလေးဟာ ပုံမှန်ဖွံ့ဖြိုးကြီးထွားမှု မရှိခြင်း

• complex febrile seizures ဟုခေါ်သော အတက်ရောဂါ အမျိုးအစားရှိခြင်း- ဒီလိုအတက်ရောဂါဟာ တက်တဲ့အခါ ၁၅ မိနစ်ထက်ပိုပြီးကြာပါတယ်။ ၂၄ နာရီအတွင်းမှာလည်း ၁ကြိမ်ထက် ပိုပြီးတက် တတ်ပါတယ်။ ပြီးတော့ ဒီလိုတက်တဲ့အခါမှာ ခန္ဓါကိုယ်ရဲ့ တစ်ခြမ်းသာလျှင် ထိခိုက်ပါတယ်။

• မိဘများ၊ အစ်ကို၊အစ်မများတွင် ဖျား၍တက်ခြင်း ရာဇာဝင်မရှိပဲ တက်ခြင်း။

လေ့လာသူအချို့က မိသားစုအချို့မှာ ဖျား၍တက်ခြင်းကိုဖြစ်စေနိုင်တဲ့ အမျိုးမျိုးသော မျိုးရိုးဗီဇ လက္ခဏာတွေကို တွေ့နေရပါတယ်။ ဒီမျိုးရိုး ဗီဇလက္ခဏာတွေကိုလေ့လာခြင်းအားဖြင့် ဖျား၍တက်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ နှင့် နားလည်မှုအသစ်များကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

ဖျား၍ တက်ခြင်းကို ဘယ်လိုကုသလဲ။

ကလေးတက်နေစဉ်မှာ ကလေးကို တစ်ဖက်တစ်ချက်ကိုစောင်းပြီး အန္တရာယ်ကင်းတဲ့ မြေပြင်မှာထားပါ။ ခဏစောင့်ကြည့်ပါ။ တကယ်လို့တက်တဲ့ အချိန်ဟာ ၅မိနစ် ထက်ပိုပြီးကြာလာမယ်ဆိုရင် ကလေးကိုအရေးပေါ်ကုသမှုခံယူရန် အမြန်ပို့ဆောင်ပါ။

ဖျား၍တက်နေသော ကလေးအား ရေကြက်သီးနွေးဖြင့် ရေချိုးပေးခြင်း သို့မဟုတ် ရေအေးဝတ်ကို ကလေးရဲ့ ဦးခေါင်းသို့မဟုတ် ခန္ဓါကိုယ်မှာ ကပ်ပေးခြင်းအားဖြင့် မကာကွယ်နိုင်ပါဘူး။ acetaminophen (Tylenol) or ibuprofen (Advil, Motrin) ကဲ့သို့အဖျားကျဆေးတွေ သုံးခြင်းကလည်း မကူညီနိုင်ပါဘူး။ ဒီလိုမျိုးအရာတွေ ပြုလုပ်ပေးခြင်းက ဖျားနေတဲ့ကလေးကို ပိုပြီးနေလို့ကောင်းအောင် လုပ်ပေးခြင်းသာဖြစ်ပါတယ်။ ဖျား၍တက်ခြင်းကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။

ဖျားလျှင် တက်လေ့ရှိတဲ့ ကလေးအများစု ကိုနေ့စဉ်နေ့တိုင်း အတက်ရောဂါ ပျောက်ဆေးတွေ တိုက်ပေးဖို့ရာ မလိုအပ်ပါဘူး။ ခဏ ခဏ ဖျား၍ တက် တတ်သောကလေးအချို့ကို phenobarbital, Depakote (valproate)စတဲ့ ဆေူများ (သို့) အခြားအတက်ရောဂါ ပျောက်ဆေးများနှင့် ကုသနိုင်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ရာ မလွယ်ကူတဲ့ တစ်နယ်တစ်ကျေး အရပ်ဒေသမှာ နေထိုင်သည့်အပြင် ခဏခဏ ဖျားလျှင်တက် တတ်တဲ့ကလေးများဟာ ကုသမှုခံယူရန် စဉ်းစားသင့်ပါတယ်။ ရှားရှားပါးပါး အချိန်အကြာကြီး ဖျားလျှင်တက် တတ်သော အချို့ကလေးများ သို့မဟုတ် မကြာခဏဖျားလျှင်တက် တတ်သောကလေးများကို ကာကွယ်သည့် အနေဖြင့် phenobarbital ဆေး တိုက်ပေးသင့်ပါတယ်။ အခြားဆေးများကိုလည်း ဖျား၍တက်နေတဲ့အချိန်မှာ ပေးသင့်ပါတယ်။

အိပ်ဆေးတစ်မျိုး ဖြစ်တဲ့ Diastat လို့ခေါ်တဲ့ diazepam အပျစ် သို့မဟုတ် အရည်ကိုတော့ စအိုကနေပေးရန် ဖြစ်ပါတယ်။

Klonopin (clonazepam) ဝေဖာကို လျှာပေါ်တွင် တင်ပေးခြင်း သို့မဟုတ် diazepam အပြားကို တိုက်ခြင်း သို့မဟုတ် Lorazepam ဆေးကို ကြိတ်ချေ၍ ပါးစောင်နှင့်သွားဖုံးကြားတွင် ထည့်ပေးခြင်း စတာတွေပြုလုပ်နိုင်ပါတယ်။

ကလေးကို စဖျားပြီ ဆိုတာနဲ့ diazepam သို့မဟုတ် Valium ကိုပေးခြင်းဟာ ခဏခဏဖျား၍ တက်ခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ Valium ဆေးနှင့် ကုသမှု ခံယူထားတဲ့ ကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာဆိုရင် အိပ်ငိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် အလုပ်ကောင်းကောင်း မလုပ်ဆောင်နိုင်ခြင်း စတာတွေကို ရက်ပေါင်း များစွာဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒါဟာ ၎င်းဆေး ရဲ့ ဘေးထွက်ဆိုးကျိုး အချို့ပဲ ဖြစ်ပါတယ်။

ယခင်က ဆရာဝန်တွေဟာ ကလေးတွေ ဖျားပြီးတက်တဲ့အခါမှာ ဝက်ရူးပြန်ရောဂါကို ကာကွယ်ဖို့အတွက် အတက်ပျောက်ဆေးတွေကို ပေးလေ့ရှိကြပါတယ်။ သို့သော် ဖျားပြီးတက်တဲ့ကလေးအများစုဟာ ဝက်ရူးပြန်ရောဂါ မဖြစ်လာနိုင်ပါဘူး။ ဒါ့အပြင် အတက်ပျောက်ဆေးတွေကို အချိန်အကြာကြီး ကလေးတွေကို ပေးတဲ့အခါ ဦးနှောက် ပျက်စီးခြင်း သို့မဟုတ် အခြားမလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖျားပြီးတက် တတ်တဲ့ကလေး အများစုကို အတက်ပျောက်ဆေး နေ့စဉ်တိုက်ပေးဖို့ရာ မလိုအပ်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement