backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝက်ရူးပြန်ရောဂါအတွက် သဘာဝကုသနည်းလမ်းများ


Phyo Wai Yan မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝက်ရူးပြန်ရောဂါအတွက် သဘာဝကုသနည်းလမ်းများ

ဝက်ရူးပြန်ရောဂါကုသနည်းလမ်းတွေမှာ သဘာဝနည်းလမ်းတွေလဲပါဝင်ပါတယ်။ လူတိုင်းအတွက် အလုပ်မဖြစ်နိုင်သော်လည်း ဆရာဝန်တွေက သဘာဝနည်းတွေကို ကြိုးစားကြည့်ဖို့ အကြံပြုလေ့ရှိကြပါတယ်။ ထိုသဘာဝနည်းတွေမှာ ဘယဆေးတွေ၊ ဗီတာမင်တွေ၊ ဘိုင်အိုဖိဘက်နဲ့ အပ်စိုက်ခြင်းတို့ပါဝင်ပါတယ်။

၁။ ဘယဆေးနည်းများ

ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဘယဆေးအချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ပြာမှုန့်
  • ဂရောင်းဆယ်အပင်
  • Hydrocotyle မြင်းခွာရွက်
  • ကျီးပေါင်းပင်
  • Mugwort ပျိုးပင်မြက်
  • ပျိုနီပန်းပင်
  • Scullcap အပင်
  • Tree of Heaven
  • Valerian သစ်ခွ

ဘယဆေးတွေမှာ ခေါင်းကိုက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ အစာနှင့်အူလမ်းကြောင်း ပြဿနာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတက်ရောဂါတွေအတွက်တော့ ထိရောက်မှုရှိလှပါတယ်။

အချို့ ဘယဆေးတွေဟာ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုနိုင်သော်လည်း အချို့ဆေးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။

  • ဂျင်ကိုအပင်နှင့် စိန့်ဂျွန်အပင်
  • ကာဗာငရုတ်ကောင်း၊ စူကာပန်း၊ Valerian သစ်ခွ
  • ကြက်သွန်ဖြူ
  • ကမ်မိုမိုင်းအပင်

၂။ ဗီတာမင်များ

ကျန်းမာတဲ့ စားသောက်ခြင်းပုံစံနဲ့ တွဲလိုက်မယ်ဆိုရင် ဗီတာမင်အချို့က တက်နိုင်ခြေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ ဗီတာမင်တွေ ကိုယ်တွင်းမှာ အဆိပ်အတောက်မဖြစ်အောင်သောက်ဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရပါလိမ့်မယ်။ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဗီတာမင်အများစုကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ဖောလစ်အက်စစ်
  • ဗီတာမင်ဘီ၆
  • ဗီတာမင်ဒီ
  • ဗီတာမင်အီး
  • ၃။ မိမိကိုယ်ကို ထိန်းချုပ်ခြင်းနှင့် ဘိုင်အိုဖိဘက်

    ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ခြင်းဖြင့် ဝက်ရူးပြန်တဲ့အကြိမ်ရေကို လျော့ချပေးနိုင်ပါတယ်။ ဝက်ရူးပြန်မှုအစပျိုးတဲ့ လက္ခဏာတွေကို သိရှိမယ်ဆိုရင် ရပ်တန့်နိင်မယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ အချို့ကတော့ ရောဂါလက္ခဏာတွေကို ရက်ပေါင်းများစွာထိ ခံစားနေရပြီး စိတ်သောကပူပန်ခြင်း၊ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့အထိ ဖြစ်သွားနိုင်ပါတယ်။

    မိမိကိုယ်ကိုထိန်းချုပ်ခြင်းနည်းလမ်းတွေဟာ ဝက်ရူးပြန်ခြင်းကိုကာကွယ်ဖို့နဲ့ ဝက်ရူးပြန်ခြင်း၏ဆိုးရွားမှုကို လျော့နည်းစေဖို့အသုံးပြုခြင်းဖြစ်ပါတယ်။ နည်းလမ်းအချို့ကတော့ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ အလုပ်တစ်ခုထဲတွင်စိတ်နှစ်ထားခြင်း၊ အနံ့ပြင်းပြင်းကို နမ်းရှိုက်ခြင်းနှင့် မတက်နဲ့လို့အသံထွက်ပြောခြင်းတို့ဖြစ်ပါတယ်။ အခြားနည်းလမ်းဆိုရင်ဖြင့် ဦးနှောက်၏လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ ဘိုင်အိုဖိဘက်ပဲဖြစ်ပါတယ်။

    ယင်းနည်းလမ်းက လျှပ်စစ်ဓါတ်ကို အသုံးပြုပြီး ဦးနှောက်လှိုင်းတွေကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ဗဟိဒ္ဓကုထုံးဆရာတွေအသုံးများတဲ့ နည်လမ်းတစ်ခုပါ။ စိတ်ဝင်စားမယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

    ၄။ အခြားတိုင်းရင်းဆေးနည်းများ

    အပ်စိုက်ခြင်းနဲ့ အဆစ်အမြစ်ပြင်ခြင်းတို့လိုမျိုး ကုသနည်းတွေကိုလည်း တစ်ခါတစ်ရံအသုံးပြုလေ့ရှိပါတယ်။

    အပ်စိုက်ကုထုံးက နာတာရှည်နာကျင်မှုများ၊ အတက်ရောဂါနဲ့ အခြားဝေဒနာများကို တိကျသောနေရာများသို့ အပ်သေးသေးလေးများ ထိုးစိုက်ခြင်းဖြင့် သက်သာစေပါတယ်။ အပ်စိုက်ခြင်းဟာ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်တာကြောင့် တက်နိုင်ခြေကို လျော့ချပေးပါတယ်။ စာပေသဘောအရ ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း သိပ္ပံနည်းကျသက်သေတော့ မရှိသေးပါဘူး။

    အဆစ်အမြစ်ပြင်ခြင်းကုသနည်းမှာ ကျောရိုးပြင်ပေးခြင်းက ရောဂါတွေ ပျောက်စေနိုင်ပါတယ်။ ပုံမှန်သဘောလေး လှုံ့ဆော်ပေးလိုက်တာက လူနာကို အတက်ရောဂါအတွက် ပိုမိုထိန်းချုပ်မှု ရရှိသွားစေပါတယ်။ ဒါပေမယ့် အပ်စိုက်ကုထုံးလိုပဲ တိကျတဲ့ သက်သေပြမှုတွေတော့ မရှိသေးပါဘူး။

    စားသောက်မှုပုံစံပြောင်းလဲခြင်းကလည်း အတက်ရောဂါကို လျော့နည်းစေနိုင်ပါတယ်။ အကောင်းဆုံးပုံစံကတော့ အဆီများများပါသော ကီတိုဂျင်းနစ်စားသောက်မှုပုံစံပါပဲ။ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းဓါတ်နည်းသော စားသောက်မှုပုံစံလို့လည်း ယူဆနိုင်ပါသေးတယ်။ ထိုသို့စားသောက်ခြင်းက အတက်ရောဂါကို လျော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ဆရာဝန်တွေ တိတိပပမသိကြသေးပါဘူး။

    ကလေးတွေအတွက်လည်း ကီတိုဂျင်းနစ်စားသောက်မှုပုံစံကို အသုံးပြုကြပြီး လူတော်တော်များများဟာ စိန်ခေါ်မှုတွေ ကြုံတွေ့ကြရပါတယ်။ ထိုစားသောက်မှုပုံစံဟာ အခြားသော ကုသနည်းတွေရဲ့ ဝက်ရူးပြန်ရောဂါအပေါ် သက်ရောက်မှုတွေမှာလည်း ကောင်းကျိုးတွေပေးလျက်ရှိပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




    Phyo Wai Yan မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement