ပွင့်ပွင့်လင်းလင်းစကားပြောကြပါ။
မိမိကြင်ဖော်က ဘာတွေဖြတ်သန်းရတော့မယ်၊ ဘယ်လိုတွေခံစားရတော့မယ်ဆိုတာ နားလည်ထားဖို့အရေးကြီးပါတယ်။ အဲဒါမှ မှန်မှန်ကန်ကန်ကူညီပေးနိုင်မှာပါ။ အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ပုံမှန်စကားပြောနေကျပုံစံအတိုင်းသာ ပြောပေးပါ။ သို့မှသာ သူ့ရဲ့ကြောက်စိတ်တွေနဲ့ စိုးရိမ်မှုတွေပြောပြတဲ့နေရာမှာ သက်သောင့်သက်တာရှိတယ်လို့ခံစားရမှာပါ။ သင့်စိတ်ခံစားမှုတွေ မသိုဝှက်ထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ချစ်သူ ဝက်ရူးပြန်နေတာကို မြင်မိပြီး ကြောက်စရာကောင်းတယ်လို့ထင်ရင်လည်း ပြောပြလိုက်ပါ။ သူကိုသင် ရိုးရိုးသားသား ပြုမူဆက်ဆံမယ်ဆိုရင် သူလည်းသင့်ကို ပြန်ရိုးသားပေးပါလိမ့်မယ်။
မိမိကြင်ဖော်ကို အရက်မသောက်ဖို့ပြောပေးပါ။
အရက်သောက်မသောက်က သူ့တို့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း အရက်ရဲ့ ဝက်ရူးပြန်ရောဂါပေါ်မှာရှိသော သက်ရောက်မှုတွေ ပြောပြပြီး အရက်မသောက်ဖို့ တိုက်တွန်းပေးပါ။ ဝက်ရူးပြန်ရှိတဲ့လူဟာ တစ်နေ့ကို အရက် ၁ယူနစ်ကနေ ၂ယူနစ်အထိသာ သောက်သုံးသင့်ပါတယ်။ ဒါပေမယ့်လည်း တတ်နိုင်သမျှ မသောက်တာက ပိုကောင်းပါတယ်။ အရက်က ဝက်ရူးပြန်အတွက်ဆေးများတွေ၏ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ ဒါမှမဟုတ် အရက်ရဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကို ပိုများစေပါတယ်။ ဒါ့အပြင် အချို့လူတွေမှာ အရက်က အတက်ရောဂါကို ပိုဆိုးစေပါတယ်။ အိပ်စက်မှုပုံစံကို ပြောင်းလဲစေခြင်းဖြင့် အတက်ရောဂါကို ပိုဆိုးစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။