ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ။
ကလေးအစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲပါစေ။
ကလေးမှာ အတက်ရောဂါရှိတာကြောင့် သူတို့ရဲ့ တန်းတူရည်တူလူတန်းစားတွေနဲ့ မတူညီပဲ ကွဲပြားပြီး တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားရနိုင်ပါတယ်။ အခြားသူတွေက သူနဲ့သူငယ်ချင်းမလုပ်ချင်ဘူးလို့ ထင်တာကြောင့်လဲဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်ပဲ မိမိကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ကလေးမှာ အဲဒီလိုမျိုးခံစားမှုတွေရှိနေပြီဆိုရင် ကလေးများအတွက်အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲပါစေ။
သို့မှသာ အခြားလူတွေနဲ့ ချိတ်ဆက်နိုင်ပြီး မိမိကိုယ်ကို အထင်အမြင်လွှဲမှားမှုတွေကို ပပျောက်သွားနိုင်မှာပါ။ အတက်ရောဂါရှိ ကလေးများအတွက်ပြုလုပ်ပေးထားသော နွေရာသီ စခန်းချအစီအစဉ်များက ရွေးချယ်မှုကောင်းတွေဖြစ်နိုင်ပါတယ်။ အဲဒါက ကလေးကို သူနဲ့ဘဝတူ၊ စိန်ခေါ်မှုအတူတူကို ရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ဆုံပြီး မိတ်ဆွေဖွဲ့စေနိုင်မှာဖြစ်ပါတယ်။
တက်စေနိုင်မယ့်အရာတွေကို ရှောင်ခိုင်းပါ။
စိတ်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ငြီးငွေ့မှုတွေ၊ မှားယွင်းတဲ့ဆေးဝါးတွေနဲ့ အိပ်ရေးပျက်မှုတွေက တက်စေနိုင်တဲ့ အရာတွေလို့ယူဆရပါတယ်။ တက်နိုင်တယ်ဆိုတာ အဲဒီအရာတွေကို တုံ့ပြန်မှုတစ်ခုပါပဲ။ မိဘတစ်ယောက်အနေနဲ့ ကလေးကို ဘာတွေကတက်စေတယ်ဆိုတာသိဖို့ မှတ်တမ်းလေးတစ်ခု ပြုလုပ်ထားသင့်ပါတယ်။ ဘာတွေက တက်စေတယ်ဆိုတာသိတာနဲ့ ထိုအရာတွေကို တတ်နိုင်သမျှ ဝေးဝေးရှောင်ပါ။ သို့မှသာ တက်တဲ့အကြိမ်ရေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။