ဦးနှောက်အခြမ်းနှစ်ခု၏ ဆက်သွယ်မှုကို ဖြတ်တောက်ပေးခြင်း။
ဒီခွဲစိတ်မှုရဲ့ ရည်ရွယ်ချက်ကတော့ ဦးနှောက်အခြမ်းနှစ်ခုကို သီးခြားစီ ဖြစ်စေဖို့ရာ ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးဟာ များသောအားဖြင့် အတက်ရောဂါ အရမ်းဆိုးတဲ့အခါမှာ ဦးနှောက်အခြမ်းတစ်ဖက်ကနေ အခြားတစ်ဖက်ကိုပြန့်သွားတာမျိုးဖြစ်နိုင်တဲ့အတွက် ဒီလိုမျိုးခွဲစိတ်ရန် ညွှန်ကြားလေ့ရှိပါတယ်။
ဦးနှောက်တစ်ခြမ်း၏ အပြင်လွှာတစ်ခုလုံးကို ဖယ်ထုတ်ပစ်ခြင်း။
ဒါဟာအရေးကြီးတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ ဦးနှောက် လုံးခြမ်းတစ်ခုလုံးရဲ့တစ်ဖက်မှာရှိတဲ့ အပြင်လွှာတစ်ခုလုံးကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ သင့်ရဲ့ ဦးနှောက်တစ်ခြမ်းလုံးဟာ ပျက်စီးနေပြီး အတက်ရောဂါရနေတာဆိုရင် ဒီခွဲစိတ်မှုကို ပြုလုပ်ပါလိမ့်မယ်။ ခွဲစိတ်စဉ်မှာ ဆရာဝန်က သင့်ကိုအတက်ရောဂါ ဖြစ်စေတဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ခွဲစိတ်ပြီးသွားတဲ့အခါ အချို့လူနာတွေဟာ အတက်ရောဂါ လုံးဝပျောက်ကင်းသွားလေ့ရှိပါတယ်။ သို့မဟုတ်လည်း အတက်ရောဂါကို ထိန်းချုပ်သွားနိုင်ကြပါတယ်။ လူနာအနည်းငယ်ကတော့ ခွဲစိတ်မှု ထပ်ပြီးပြုလုပ်ပေးဖို့ လိုအပ်နေတာလည်း ရှိနိုင်ပါတယ်။ ဒီလိုခွဲစိတ်မှု အားလုံးမပြုလုပ်ခင်မှာ မခွဲစိတ်မီ စစ်ဆေးမှု တစ်ခုကို ပြုလုပ်ရပါတယ်။ ဒီစစ်ဆေးမှုမှာ EEG ရိုက်ခြင်းကို videoဖြင့် အချိန်အကြာကြီး မှတ်တမ်းတင်ခြင်း နှင့် အခြားသော စစ်ဆေးမှုများပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အတက်ရောဂါကို ဖြစ်စေသော ဒဏ်ရာရနေတဲ့ ဦးနှောက်ဆဲလ်လေးတွေရဲ့နေရာအတိအကျကို သိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီခွဲစိတ် ကုသမှုဟာ အတက်ရောဂါကို တိုးတက်ကောင်းမွန် စေဖို့အတွက်သာဖြစ်ပြီး စကားပြောခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ အရေးကြီးတဲ့လုပ်ဆောင်မှုများကို မထိခိုက်စေဖို့တော့သေချာရပါမယ်။
အခြားသော ဝက်ရူးပြန်ရောဂါဆိုင်ရာ ကုသမှုနည်းလမ်းများ။
အာရုံကြောများကို လှုံ့ဆော်ပေးခြင်း
အခြားသော အတက်ရောဂါဆိုင်ရာကုသမှုများနှင့် တွဲဖက်ပြီး vagusအာရုံကြော လှုံ့ဆော်ပေးခြင်းကိုများသောအားဖြင့်ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီလှုံ့ဆော်မှုလုပ်တဲ့အခါ လူနာရဲ့ ရင်အုံအရေပြားအောက်နေရာမှာ လျှပ်စစ်ဆိုင်ရာပစ္စည်းတစ်ခုကိုထားပြီး ဒီပစ္စည်းကထွက်တဲ့လှုံ့ဆော်မှုကို လည်ပင်းမှာရှိတဲ့ အာရုံကြောကို ပို့ပေးပါတယ်။
အဆီများပြီး ကစီဓါတ်နည်းသောအစားအစာများ စားခြင်း
ketogenic diet ဆိုတာ အဆီများများပါပြီး ကစီဓါတ်နည်းသော အစားအသောက်များကို ဆိုလိုပါတယ်။ သင်စားသောက်လိုက်တဲ့ အစားအသောက်တွေကို ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာကြီးကြပ်သူ မပါပဲ ဒီအစားအသောက်တွေကို မစားသင့်ပါဘူး။
ဝက်ရူးပြန်ရောဂါ သက်သာစေဖို့အတွက် ကိုယ်တိုင် လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးများကို သောက်ပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချ ခြင်းနှင့် အလွန်စူးသော အလင်းရောင်ကဲ့သို့ အတက်ရောဂါ ဖြစ်စေတဲ့အရာများကို ရှောင်ကြဉ်ခြင်း စတာတွေကို လုပ်ပေးသင့်ပါတယ်။
ဝက်ရူးပြန် ရောဂါအတွက် ဆေးများ၊ အတက်ပျောက် ဆေးများသောက်ပေးခြင်းကသာလျှင် အဓိက ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။ သို့သော် ခွဲစိတ်ကုသမှု နည်းလမ်းများကလည်း ကုသမှုရဲ့အခြားအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသမှုကို ကောင်းစွာမတုံ့ပြန်တဲ့လူနာတွေမှာ အလွန်အကျိုးရှိတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာရုံကြောလှုံ့ဆော်မှုများနှင့် ketongenic diet အစာများစားပေးခြင်းလည်း ပြုလုပ်ပေးနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။