မထိန်းချုပ်နိုင်တဲ့အတက်ရောဂါရှိတဲ့သူတွေဟာကားမောင်းတဲ့အခါ မတော်တဆဖြစ်ရန် အခွင့်အလမ်းများတာကြောင့် သင်ကားမောင်းနိုင် ၊ မမောင်းနိုင်ကြောင်း ဆရာဝန်ရဲ့အတည်ပြုချက်ရရှိဖို့လိုအပ်ပါတယ် ။ အခြေအနေပေါ်မူတည်၍ ၆ လ သို့ တစ်နှစ်ကြာပြီးတဲ့အခါမှာမောင်းနိုင်ပါတယ် ။
အတက်ရောဂါကိုကောင်းကောင်းထိန်းချုပ်နိုင်နေတဲ့လူတစ်ယောက်ဟာ ဆရာဝန်ဆေးကုသမှုပြောင်းလဲအပြီးမှာ အတက်ရောဂါပြန်လည်ရလာခဲ့ရင်တော့ ကားကိုဆက်မောင်းနိုင်မှာမဟုတ်ပါဘူး ။
အထူးဂရုစိုက်ရန် ၊ သင့်ကိုယ်သင်ဂရုစိုက်ရန် ၊ ရုတ်တရက်တက်ခြင်းဖြစ်မဖြစ်စေရန် ၊ အိပ်ရေးဝဝအိပ်ရန် အထူးဂရုစိုက်ရပါမယ် ။ သင်ကိုယ်တိုင်ရောအခြားလူတွေကိုပါ အန္တရာယ်အရောက်စေရန် ဂရုစိုက်ရပါမယ် ။ ဖြစ်နိုင်မယ့်အကောင်းဆုံးအဖြေကတော့ ထိန်းချုပ်မှုအောက်တွင် တက်ခြင်းမျိုးပဲဖြစ်ပါတယ် ။
ဒီလိုဖြစ်စေရန်ဆရာဝန်နဲ့တက်ခြင်းအကြောင်းကိုပွင့်ပွင့်လင်းလင်းဆွေးနွေး၍ မှန်ကန်သောကုသမှုရစေရန် ဆရာဝန်နဲ့အတူလုပ်ဆောင်ရပါမယ် ။
ယာဉ်မောင်းခြင်းမှစွန့်လွှတ်လိုက်ရလျှင် ဘာလုပ်သင့်သလဲ။
သင့်ရဲ့လိုင်စင်ပြန်ရနိုင်လောက်အောင် အချိန်အတန်ကြာ တက်ခြင်းမှကင်းဝေးနေတာတောင် ယာဉ်မောင်းခွင့်မရှိတော့လျှင် ..
– သင့်မိသားစုများ ၊သူငယ်ချင်းများနှင့် စက်ဘီးစီးခြင်း ၊
– taxi စီးခြင်း ၊
– ဘက်စ်ကားများစီးခြင်း ၊
– ရထားများ ၊မြေအောက်ရထားများစီးခြင်း ၊
လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ် ။
Hello health group သည် ကျန်းမာရေးဆိုင်ရာ အကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။