backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်

အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင် တယ်ဆိုတာကို သိပြီးပြီလား! ကိုယ်လက်လှုပ်ရှား အားကစားလုပ်တယ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးအတွက် ကောင်းကျိုး များလွန်းတဲ့အကြောင်း အမြဲ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ကဲရင် ဘယ်အရာမှ မကောင်းပါဘူး။

ခွန်အားနဲ့ ခံနိုင်ရည်၊ ကြံ့ခိုင်မှု တို့က လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကိုယ့်ခန္ဓာကိုယ်က တတ်နိုင်တာထက် လွန်ကဲသွားတဲ့အထိ လေ့ကျင့်ခန်းတွေ အကြမ်း လုပ်မယ်ဆိုရင် ကြွက်သားတွေကို အားကုန်စေတဲ့ အပြင် ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်လို့ သုတေသန အသစ်က ဖော်ပြလိုက်ပါတယ်။

အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်

အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင် လို့ ပြောရတာက ဒီလို တွေ့ရှိချက်ကြောင့်ပါ။ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်းက လူတွေရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ကျဆင်းစေနိုင်တယ်လို့ သုတေသီတွေက ကောက်ချက် ချခဲ့ပါတယ်။

“Overtraining syndrome” လို့ ခေါ်တဲ့ ဒီအခြေအနေဟာ လှုပ်ရှားနေတဲ့ ခန္ဓါကိုယ် တခြား အစိတ်အပိုင်းတွေ တင်မကဘဲ ဦးနှောက်ကိုပါထိခိုက်စေနိုင်တယ်လို့ ပြင်သစ်နိုင်ငံ Hôpital de la Pitié-Salpêtrière မှ သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ပါတယ်။

ဒါဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည် အားကောင်းစေဖို့ လေ့ကျင့်မှု အတွင်း အင်အား ကုန်ဆုံးတဲ့ ပုံစံ တစ်မျိုးပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လွန်ကဲခြင်းရဲ့ ရလဒ် ဖြစ်ပါတယ်။

သုတေသနမှာ ခံနိုင်ရည် လေ့ကျင့်မှု ပါဝင်နေတဲ့ အသက် ၃၅ နှစ်ဝန်းကျင် အားကစားသမား ၃၇ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့ထဲမှာ တချို့ကို ပုံမှန် လေ့ကျင့်ခန်းကို ဆက်လုပ်စေပြီး တချို့ကိုတော့၊ ၃ ပတ်အတွင်း တစ်ကြိမ်ကို ၄၀ ရာခိုင်နှုန်း တိုးလုပ်စေပါတယ်။

အားကစားသမားတွေကို ကျန်ရှိတဲ့ ရက်တွေမှာ စက်ဘီးစီး လေ့ကျင့်ခန်းတွေမှာ ပါဝင်စေခဲ့ပြီး သူတို့ရဲ့ မောပန်းအားကုန်မှု အခြေအနေတွေကို မေးခွန်းစု ဖြေကြားစေတာ၊ အပြုအမူပိုင်း စမ်းသပ်စစ်ဆေးမှုနဲ့ သူတို့ရဲ့ ဦးနှောက် လုပ်ဆောင်နိုင်စွမ်းကို ဆန်းစစ်ဖို့ MRI စကင်န်တွေသုံးပြီး သုတေသီတွေက လေ့လာခဲ့ပါတယ်။

Current Biology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသန အရ လှုပ်ရှားမှု လေ့ကျင့်ခန်း လွန်ကဲခြင်းက လူကို ပိုပြီး အားကုန်ခမ်းစေပြီး ပြုမူပုံတွေပါ ပြောင်းလဲလာစေတယ်လို့ ဆိုပါတယ်။

MRI စစ်ဆေးမှုတွေအရ လေ့ကျင့်ခန်း လွန်ကဲတဲ့ အားကစားသမားတွေဟာ lateral prefrontal cortex ဦးနှောက်အပိုင်း နိုးကြားမှုကိုပျက်ယွင်းစေတာ တွေ့ရပါတယ်။ ဦးနှောက်ရဲ့ ဒီအပိုင်းဟာ တွေးခေါ် ဆင်ခြင်နိုင်စွမ်း ထိန်းချုပ်မှုနဲ့ ဆိုင်တာကြောင့် ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဉ် ဆွဲခြင်း၊ အပြုအမူ အလေ့အကျင့် ရယူခြင်း၊ တက်ကြွတဲ့ လုပ်ဆောင်မှုတွေ အပေါ် လွှမ်းမိုး သက်ရောက်စေတာ ဖြစ်ပါတယ်။

လှုပ်ရှားမှု လွန်ကဲဝန်ပိခြင်းကို အရင်က ခံစားဖူးတဲ့ အားကစားသမားတွေဟာ ဆုံးဖြတ်ချက် နဲ့ပတ်သက်ရင် စိတ်လိုက်မာန်ပါ ပြုမူတာ ပိုများလေ့ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ ပါတယ်။

ဒီသုတေသနဟာ ကိုယ်လက်လှုပ်ရှားမှုကနေ ဦးနှောက် ပင်ပန်းနွမ်းနယ်ခြင်းအထိ ဖြစ်လာစေနိုင်တာကို ဖော်ပြခဲ့တဲ့ ပထမဆုံး သုတေသနလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာမှု ပါဝင်သူ လူဦးရေ နည်းတဲ့အတွက် တွေ့ရှိချက်ကို ပိုပြီးခိုင်မာအောင် သုတေသီတွေ အနေနဲ့ ပိုကျယ်ပြန့်တဲ့ လေ့လာမှုလုပ်ဆောင်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement