ဦးနှောက်ကနေ မျက်နှာနဲ့မျက်လုံးကို သွားတဲ့ခန္ဓါကိုယ်တစ်ခြမ်းမှာရှီတဲ့အာရုံကြောလမ်းကြောင်း ပျက်စီးသွားခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာပေါင်းစုဖြစ်ပါတယ်။ မျက်လုံးအာရုံကြောဆိုင်ရာလေဖြတ်ခြင်းလို့လည်း ခေါ်ပါတယ်။
ဒီရောဂါဟာ ရှားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မျက်နှာတစ်ဘက်ခြမ်းကိုပဲ ထိခိုက်လေ့ရှိပါတယ်။
ဟော်နားစ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-
လက္ခဏာများ အထူးသဖြင့်မျက်ခွံကျခြင်းနဲ့ ချွေးမထွက်ခြင်းက သိပ်မသိသာပြီး ရောဂါအတည်ပြုဖို့ခက်ပါတယ်။
ကလေးတွေမှာ ထပ်တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့-
တစ်နှစ်အောက်ကလေးတွေမှာ ဖြစ်တဲ့အခြမ်းမျက်လုံးမျက်ဆန် အရောင်ဖျော့ခြင်း
ပူခြင်း၊ မောပန်းခြင်းနဲ့ စိတ်ခံစားချက်အပြောင်းအလဲမှာ သာမန်အတိုင်းဖြစ်ပေါ်လေ့ရှိတဲ့ မျက်နှာနီခြင်းကင်းမဲ့ခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အကြောင်းအများကြီးကြောင့် ဖြစ်နိုငပြီး အချို့တွေက အခြားအကြောင်းတွေထက် ပိုဆိုးရွားတတ်ပါတယ်။ လျင်မြန်တိကျတဲ့ရောဂါအတည်ပြုမှုရဖို့ အရေးကြီးပါတယ်။ ရုတ်တရက်ရောဂါလက္ခဏာတွေပေါ်လာခဲ့မယ်ဆိုရင် ထိခိုက်မှုကြောင့်ပေါ်လာခဲ့မယ်ဆိုရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေနဲပတွဲနေခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုချက်ချင်းခံယူသင့်ပါတယ်။
အာရုံကြောစနစ်ထဲက sympathetic nervous systemလမ်းကြောင်းကို ထိခိုက်စေတာကြောင့်ြဖ်စပါတယ်။ ဒီအာရုံကြောအဖွဲ့အစည်းက နှလုံးခုန်နှုန်း၊ သူငယ်အိမ်အရွယ်အစား၊ ချွေးထွက်ခြင်း၊ သွေးပေါင်ချိန်နဲ့ အခြားပတ်ဝန်းကျင်အပြောင်းအလဲကို လျင်မြန်စွာတုန့်ပြန်မှုပတေဲ့လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။
အာရုံကြောအမျိုးအစားသုံးမျိုး သက်ရောက်မှုခံရပါတယ်။
First-order neurons
ဦးနှောက်အောက်ခြေဟိုက်ပိုသယ်လမတ်စ်ကနေ ထွက်လာပြီး ဦးနှောက်အသိမ်ပိုင်းနောက်ဆုံးပိုင်းတစ်လျှောက် အာရုံကြောမကြီးအပေါ်ပိုင်းထိဆင်းသွားပါတယ်။ ဒီလမ်းကြောင်းတစ်လျှော က်မှာ အာရုံကြောလုပ်ဆောင်ချက်ကိုပျက်စီးစေနိုင်တဲ့ပြဿနာတွေကတော့
Second-order neurons
ကျောရိုးတိုင်တစ်လျှောက်ဆင်းလာပြီး ရင်ဘတ်အပေါ်ပိုင်းကိုဖြတ်ကာ လည်ပင်းဘေးဘကိကိုဝင်သွားပါတယ်။ ဒီလမ်းောကင်းတစ်လျှောက်အာရုံကြောကိုထိခိုက်စေနိုင်တာတွေကတော့-
Third-order neurons
လည်ပင်းဘေးဘက်တစ်လျှောက်ကနေ မျက်နှာအရေပြား၊ မျက်ဆန်ကြွက်သားနဲ့ မျက်ခွံကြွက်သားတေါဆီကို သွားပါတယ်။ ဒီလမ်းကြောင်းတစ်လျောက် အာရုံကြောပျက်စီးသွားခြင်းက
ကလေးငယ်များတွင် ဖြစ်ပွားမှုအကြောင်းရင်းများ
တွေ့ရများဆုံးအကြောင်းရင်းတွေကတော့-
အချို့ကိစ္စတွေမှာ ဘာကြောင့်ဖြစ်မှန်းမသိနိုင်ပါဘူး။ idiopathic Horner syndromeလို့ခေါ်ပါတယ်။
ဘယ်အရာတွေက ဟော်နားစ် ဆင်ဒရုန်းဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။
ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
အထွေထွေကျန်းမာရေးစစ်ဆေးမှုတွေအပြင် သင့်ဆရာဝန်က လက္ခဏာတွေရဲ့သဘောသဘာဝကို ဆုံးဖြတ်ဖို့နဲ့ ဖြစ်နိုင်ချေရှိတဲ့အကြေင်းရင်းကို သတ်မှတ်ဖို့ စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။
သင့်ရဲ့ကျန်းမာရေးရာဇဝင်နဲ့ သင့်လက္ခဏာတွေပေါ်မူတည်ပြီး ရောဂါရှာနိုင်ပါလိမ့်မယ်။
မျက်စိဆရာဝန်က သင့်မျက်လုံးနှစ်လုံးစလုံးထဲကို မျက်လုံးသူငယ်အိမ်ကျယ်စေတဲ့သို့ ကျဉ်းစေတဲ့ အရည်တစ်စက်ကိုထည့်ပြီး ရောဂါအတည်ပြုချက်ကိုခိုင်မာပါစေလိမ့်မယ်။ သံသယရှိတဲ့မျက်လုံးနဲ့ နဂိုကောင်းတဲ့မျက်လုံးတုန့်ပြန်မှုတွေကို နှိုင်းယှဉ်ခြင်းဖြင့် ဆရာဝန်က အာရုံကြောပျက်စိးမှုက အကြောင်းရင်းဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
အချို့လက္ခဏာတွေရဲ့သဘာဝက ဆရာဝန်ကိုအကြောင်းရင်းကိုရှာရာမှာ ရှာဖွေရနည်းအောင်ကူညီပေးနိုင်ပါတယ်။ ဆရာဝန်က အာရုံကြောလမ်ကြေင်းပျက်စီးတဲ့နေရာကို ရှာဖွေဖို့ ခန့်မှန်းပုံရိပ်ဖော်တဲ့နည်းတွေ နောက်ထပ်နည်းလမ်းတွေ ပြုလုပ်ပါလိမ့်မယ်။
လည်ပင်းဒါမှမဟုတ်လည်ပင်းအထက်တစ်နေရာမှာ အာရုံကြောပျက်စီးမှုဖြစ်ခဲ့တယ်ဆိုရင် ပျက်စီးသွားတဲ့ဘက်ခြမ်းမျက်လုံးမှာ သူငယ်အိမ်အနည်းငယ်ကျယ်သွာေးစမယ့် မျက်လုံးအကောင်းမှာ သူငယ်အိမ်သိသိသာကျယ်သွားစေမယ့် မျက်စဉ်းအမျိုးအစားတစ်မျိုးကို ပေးပါလိမ့်မယ်။ ရောဂါိကိုဖြစ်စေတဲ့မူမမှန်မှုနေရာကိကုရှာဖွေဖို့ အောက်ပါပုံရိပ်ဖော်နည်းလမ်းများကို အသုံးပြုပါလိမ့်မယ်။
ရောဂါသည်ကလေးတွေအတွက် ဟော်မုန်းနဲ့အာရုံကြောဆိုင်ရာအလုံးအကျိတ်တွေါကို ရောဂါရှာအတည်ပြုဖို့အတွက် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းကိုအသုံးပြုပါလိမိမယ်။
ဒီရောဂါအတွက် ကုသမှုမရှိပါဘူး။ လက္ခဏာတွေကိုသက်သာစေဖို့အကောင်းဆုံးနည်းလမ်းက ဖြစ်ရတဲ့အကြောင်းရင်းပြဿနာကိုကုသဖြင်းဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဟော်နားစ် ဆင်ဒရုန်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟော်နားစ် ဆင်ဒရုန်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။