– အသက်၇၅ နှစ်နှင့်အထက်လူကြီးများ ။
မည်သည့်အားကစားများက ဦးနှောက်ဒဏ်ရာရရှိခြင်းကိုအများဆုံးဖြစ်စေသလဲ။
၂၀၀၈ ခုနှစ်တွင်အောက်ပါအားကစားများဟာ ဦးနှောက်ဒဏ်ရာရရှိခြင်းကိုအများဆုံးဖြစ်စေခဲ့ပါတယ်။
– စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စကတ်ဘောကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း။
အမေရိကမှ ဦးနှောက်ဒဏ်ရာဆိုင်ရာအဖွဲ့အစည်းထုတ်ပြန်ချက်အရ အောက်ပါအားကစားများဟာ အသက် ၅ နှစ်နှင့် ၁၈ နှစ်ကြားကလေးငယ်များတွင်ဦးနှောက်ဒဏ်ရာရရှိစေပါတယ်။
– စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စကတ်ဘောကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဦးနှောက်ဒဏ်ရာရရှိခြင်းကို ချက်ချင်းမကုသလျှင် နောက်ဆက်တွဲပြသနာများအလွန်ဆိုးဝါးနိုင်တာကြောင့် ဆရာဝန်ဟာ ချက်ချင်းမြန်မြန်စမ်းသပ်ဖို့လိုအပ်ပါလိမ့်မယ်။ဦးခေါင်းဒဏ်ရာကိုခန့်မှန်းဖို့ရာ GCS ကိုအသုံးပြုပါတယ်။ ထိုအရာဟာ ဦးနှောက်မည်မျှပျက်စီးပြီးကြောင်း၊ ရောဂါလက္ခဏာ နှင့် မည်မျှပြင်းထန်ကြောင်းတို့ကိုအခြေခံကာပြုလုပ်ထားသည့်အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာဒဏ်ရာရရှိလာသောတစ်ယောက်ယောက်ကိုတွေ့ရှိခဲ့လျှင်ထိုလူနာရဲ့အခြေအနေကိုခန့်မှန်းနိုင်ဖို့အောက်ပါမေးခွန်းများမေးရပါမယ်။
– ဘယ်လိုဒဏ်ရာရရခဲ့တာလဲ။
– သတိမေ့ခဲ့သေးလား ။
– သတိမေ့နေတာဘယ်လောက်ကြာပြီလဲ။
– သတိရှိမှု ၊စကားပြောခြင်း နှင့် လိုက်လျောညီထွေရှိခြင်းတို့တွင်ပြောင်းလဲခြင်းရှိမရှိ သို့ အခြားရောဂါလက္ခဏာများ ။
– ဘယ်နေရာမှာဦးနှောက်နဲ့အခြားအစိတ်အပိုင်းများ ထိခိုက်မိခဲ့တာလဲ။
– ဒဏ်ရာရရှိစေတဲ့အားဘယ်လောက်ပြင်းကြောင်း ပြောပြနိုင်မလား ။ ဥပမာ လူရဲ့ခေါင်းကိုထိခိုက်မိတဲ့အခါ ထိုလူဟာ ဘယ်လောက်မထိလွင့်သွားသလဲ။
– လူရဲ့ခန္ဓါကိုယ်ဟာ လည်သွားတာမျိုးဖြစ်ခဲ့သေးလား ။
– CT နှင့် MRIBရိုက်ခြင်းများကို ဦးခေါင်းဒဏ်ရာရရှိတဲ့အခါစမ်းသပ်ဖို့အသုံးပြုပါတယ်။
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကို ဘယ်လိုကုသပါသလဲ
အလယ်အလတ်မှ ပြင်းပြင်းထန်ထန်ဦးနှောက်ဒဏ်ရာရရှိခြင်းများအတွင်အရေးပေါ်ကုသရေးရဲ့ရည်ရွယ်ချက်ကတော့ သွေးနှင့်အောက်စီဂျင်လုံလောက်စေရန် ၊ သွေးဖိအားပုံမှန်ဖြစ်စေရန်နှင့် အခြားဦးခေါင်းနှင့်လည်ပင်းဒဏ်ရာများမှကာကွယ်ပေးရန်ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသောလူများတွင်အခြားဒဏ်ရာများလည်းရှိနိုင်ပါသေးတယ်။ အရေးပေါ်ကုသခန်းတွင်အခြားကုသမှုများကတော့ ရောင်ခြင်း ၊သွေးထွက်ခြင်း သို့ ဦးနှောက်သို့အောက်စီဂျင်နည်းသွားခြင်းများကြောင့်ရရှိလာမယ့်ပျက်စီးမှုများမှကာကွယ်ပေးခြင်းဖြစ်ပါတယ်။
ဒဏ်ရာရပြီးတဲ့အခါ နောက်ထပ်ထိခိုက်မှုတွေကိုလျော့ချပေးနိုင်မယ့်ကုသမှုတွေကတော့…
ဆီးဆေးများ ။ ဆီးဆေးများဟာ ဆိးများများသွားစေပြီး တစ်ရှူးများရှိအရည်ပမာဏကိုလျော့ချပေးကာ ဦးနှောက်ရှိဖိအားများကိုကျစေပါတယ်။
အတက်ကျဆေးများ ။ ဦးနှောက်ဒဏ်ရာရရှိပြီးသူများဟာ ဒဏ်ရာရပြီးတစ်ပါတ်အတွင်းမှာ တက်နိုင်ချေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်တက်ခြင်းကြောင့်ဖြစ်တဲ့ဦးနှောက်ဒဏ်ရာများကိုလျော့ချဖို့ အတက်ကျဆေးများကို တစ်ပါတ်အတွင်းပေးရပါမယ်။
အချိန်ကြာကြာသတိမေ့နေစေမည့်ဆေးများ ။ အချို့ဆရာဝန်များဟာ သတိမေ့နေတဲ့ဦးနှောက်ဟာ အလုပ်လုပ်ဖို့အောက်စီဂျင်နည်းနည်းပဲလိုတာကြောင့် ထိုဆေးများကိုအသုံးပြုပြီး သတိမေ့နေအောင်ပြုလုပ်ကြပါတယ်။ သွေးကြောများဟာ ဦးနှောက်ထဲမှာဖိမိနေပြီး ဦးနှောက်ဆဲလ်များသို့ အောက်စီဂျင်နှင့် အာဟာရများကိုလုံလုံလောက်လောက်မပို့နိုင်တဲ့အခါ ယခုနည်းဟာ အသုံးဝင်ပါတယ်။
ဦးနှောက်တစ်ရှူးများကို ထပ်ပြီးထိခိုက်မှုမဖြစ်စေဖို့ ချက်ချင်းခွဲစိတ်ဖို့လိုပါလိမ့်မယ်။ ခွဲစိတ်ရာတွင်ပိတ်နေသာ သွေးကြောများကိုဖယ်ရှားခြင်း ၊ ဦးခေါင်းခွံအကွဲများကိုဖယ်ရှားခြင်း ၊ ဦးခေါင်းခွံဖွင့်ခြင်းတို့ကိုပြုလုပ်ပါလိမ့်မယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ ။
သင်ဟာပြင်းပြင်းထန်ထန်ဦးနှောက်ထိခိုက်မှုရရှိပြီးတဲ့အခါ ဦးနှေုက်ပြန်ပြီးအလုပ်လုပ်ဖို့ ပြန်လည်ပြုပြင်တည်ဆောက်ဖို့လိုပါလိမ့်မယ်။ ပြန်လည်ပြုပြင်သည့်ပုံစံမှာ ဒဏ်ရာကြောင့်ဦးနှောက်ရဲ့မည်သည့်လုပ်ဆောင်ချက်ပျက်စီးသွားသလဲဆိုတာအပေါ်မူတည်ပါတယ်။ဦးနှောက်ဒဏ်ရာရရှိတဲ့လူတော်တော်များများဟာလှုပ်ရှားမှုနှင့် စကားပြောရာတို့တွင်ပြန်လည်ကောင်းမွန်ဖို့အကူအညီလိုအပ်ပါတယ်။
ဦးခေါင်းပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခြင်းမှဘယ်လိုကာကွယ်နိုင်မလဲ။
- ခါးပါတ်၊ လေအိတ်များနှင့်အတူထိုင်ပါ ။
ကားပေါ်တွင်အမြဲခါးပတ်ပတ်ထားပါ ။ ခလေးငယ်များဟာ အမြဲကားနောက်ခန်းမှာပဲထိုင်သင့်ပြီးကလေးရဲ့အရပ်နဲ့အလေးချိန်နှင့်ကိုက်ညီမယ့်အကာအကွယ်ပေးနိုင်မယ့်ခုံများတ့်င်ထားပါ။
- အရက်နှင့်ဆေးသုံးစွဲခြင်း။
ဆေးသုံးစွဲထားလျှင် ၊ မူးနေလျှင် ကားမမောင်းရပါ ။ ကားမမောင်းရန်သတိပေးထားသည့်ဆေးများသောက်ထားလျှင်လည်း မမောင်းသင့်ပါ ။
- အကာအကွယ်ဦးထုတ်ဆောင်းခြင်း။
စက်ဘီး၊ စကိတ် ၊ ဆိုင်ကယ်များစီးတဲ့အခါ ဦးခေါင်းကိုကာကွယ်ပေးနိုင်မည့်ဦးထုတ်ဆောင်းရပါမယ်။ ဘေ့စ်ဘော ၊ စကိတ် ၊ နှင်းလျောစီးခြင်း သို့ မြင်းစီးသည့်အခါများတွင်လည်းသင့်တော်မယ့်ဦးခေါင်းကာကွယ်ပေးနိုင်မည့်အရာကိုဝတ်ဆင်ရပါမယ်။
- ကလေးငယ်များတွင်ဦးခေါင်းဒဏ်ရာရရှိခြင်းမှကာကွယ်ခြင်း။
– လှေကားထိပ်တွင်အကာအကွယ်ပေးနိုင်မည့်အရာများတပ်ဆင်ပါ ။
– လှေကားတွင်အမှိုက်ပစ္စည်းများရှင်းလင်းနေပါစေ ။
– ပြုတ်ကျခြင်းများမှကာကွယ်ရန် ပြူတင်းပေါက်အကာအကွယ်များတပ်ဆင်ပါ။
– ရေချိုးခန်းများတွင်မချောမည့်အခင်းများတပ်ဆင်ပါ ။
– ကစားကွင်းတွင်အကာအကွယ်ပေးနိုင်မည့်အရာများရှိပါစေ။
– ကလေးများကို မီးသတ်လှေကားများပေါ်တွင် မကစားပါစေနှင့် ။
အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။