အဓိပ္ပါယ်ဖွင့်ဆိုချက်
Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကဘာလဲ။
ဦးနှောက်တွင်းသွေးယိုခြင်းဟာ ဦးနှောက်တစ်သျှူးများထဲသို့ သွေးကြောပေါက်ကာ သွေးများရုတ်တရတ်စီးဝင်ခြင်းဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်။ ထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေက ဦးနှောက်တစ်သျှူးတွေကို သွားရောက်ထိခိုက်စေပြီးရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကိုဦးနှောက်ဖောရောင်ခြင်းလို့ခေါ်လေ့ရှိတယ်။ သွေးတွေစုသွားတဲ့အခါ သွေးလုံးကြီးတစ်ခုဖြစ်လာကာ ဘေးပတ်ဝန်းကျင်မှတစ်သျူးများကိုဖိပြီး ဆဲလ်များကိုသေစေနိုင်ပါတယ်။
သွေးယိုခြင်းကဦးနှောက်ထဲမှာဖြစ်နိုင်တယ်၊ ဦးနှောက်နဲ့အမြှေးပါးကြား၊ အမြှေးပါးနှစ်လွှာကြား၊ ဒါမှမဟုတ် ဦးနှောက်အမြှေးပါးနဲ့ ဦးခေါင်းခွံကြားမှာဖြစ်နိုင်ပါတယ်။
ဦးနှောက်သွေးယိုခြင်းဟာ ချက်ခြင်းကုသမှုလိုအပ်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုမှာ ထာဝရချို့ယွင်းမှု အနည်းနဲ့အများဖြစ်သွားနိုင်ပါတယ်။ တချို့လူတွေမှာတော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လေဖြတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်း၊ ဆေးကုသမှုများ၏ ဘေးထွက်ဆိုးကျိုးကိုခံစားရခြင်းတို့ဖြစ်နိုင်ပါတယ်။ သေနိုင်ပြီး ချက်ခြင်းကုသမှုပေးနေရင်းနဲ့တောင်မှ တိမ်းပါးသွားတာမျိုးရှိနိုင်ပါတယ်။
Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး သွေးယိုစေတဲ့အခြေအနေတွေကိုရှောင်ခြင်းဖြင့် ဖြစ်ရပ်ကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။