Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 28, 2017 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ကဘာလဲ။

Basal ganglia သည် ဦနှောက်အတွင်းမှ ဖွဲ့စည်းတည်ဆောက်ထားသောအစိတ်အပိုင်းများစုပေါင်းထားသောအုပ်စုတစ်ခုဖြစ်ပါသည်။ Basal ganglia ရောဂါသည် ထိုအုပ်စု က မလိုလားအပ်သောလှုပ်ရှားမှုများကိုဖိနှိပ်ရန်နှင့် ကိုယ်ခန္ဓါအပေါ်ပိုင်းလှုပ်ရှားမှုများကိုထိန်းချုပ်ရန် ဆုံးရှုံးသောအခါ ဖြစ်ပွားသောရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှု ပျက်ပြားခြင်း ဖြစ်ပါသည်။

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လှုပ်ရှားမှုပျက်ပြားခြင်းသည် basal ganglia နှင့်အသက်ဆိုင်ဆုံးဖြစ်သော်လည်းသုတေသနပြုလုပ်မှုများ က basal ganglia ရောဂါသည် စွဲလန်းခြင်းရောဂါ (obsessive compulsive disorder) နှင့် ရုပ်ပိုင်းဆိုင်ရာအသံပိုင်းဆိုင်ရာထစ်ခြင်း (Tourette syndrome) တို့ကို ဖြစ်စေနိုင်သည်ဟု ပြသပါသည်။ ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားသော်လည်းအသက်ကြီးသောသူများတွင် ပို၍ဖြစ်ပွားပါသည်။

သို့သော် အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Basal ganglia ထိခိုက်ခြင်းသည် စကားပြောခြင်းလူပ်ရှားခြင်း နှင့် ကိုယ်နေကိုယ်ထားတို့ကိုထိန်းချုပ်သော ပြဿနာများကိုဖြစ်စေပါသည်။ဤရောဂါလက္ခဏာများကိုပေါင်းပြီး Parkinsonism ဟုခေါ်ပါသည်။

Basal ganglia ချို့ယွင်းချက်ရှိသောသူများသည် လှုပ်ရှားမှုများစတင်ရန် ရပ်တန့်ရန် ထိန်းထားရန် အခက်အခဲရှိပါသည်။ ဦးနှောက်၏ ထိခိုက်ခံရသောနေရာပေါ်မူတည်၍ မှတ်ညဏ် သို့မဟုတ် အခြားတွေးခေါ်ခြင်းနှင့် ဆိုင်သောလုပ်ငန်းများကိုထိခိုက်စေပါသည်။

ယေဘုယျအားဖြင့် ရောဂါလက္ခဏာများသည် ကွဲပြား၍ အောက်ပါတို့ ပါဝင်ပါသည်။

  • စိတ်ဖြင့်မထိန်းချုပ်သော နှေးသောလှုပ်ရှားမှုများပြောင်းလဲမှု
  • ကြွက်သားများတောင့်တင်းခြင်း
  • ကြွက်သားများအကြောဆွဲခြင်း နှင့် တင်းမာခြင်း
  • စကားလုံးများရှာရန် ခက်ခဲခြင်း
  • တုန်ရီတုန်ခါဖြစ်ခြင်း
  • ထိန်းချုပ်မရသောထပ်သောလှုပ်ရှားမှုများ (စကားများသို့မဟုတ် ငိုခြင်းများ)
  • လမ်းလျှောက်ရန် ခက်ခဲခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားခြင်းကိုရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဦးနှောက်ကိုဒဏ်ရာရစေသောအချက်များသည် basal ganglia ကိုထိခိုက်စေပါသည်။ ထိုအချက်များမှာ

  • ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း
  • ဆေးအလွန်အကျွံသုံးမှု
  • ခေါင်းဒဏ်ရာရမှု
  • ရောဂါပိုးကူးစက်မှု
  • အသည်းရောဂါ
  • ဇီဝကမ္မ ပြဿနာများ
  • Multiple sclerosis
  • ကြေးနီမန်းဂနီး နှင့် အခြားလေးလံသောသတ္တုများအဆိပ်သင့်ခြင်း
  • လေဖြတ်ခြင်း
  • အကျိတ်

ဤတွေ့ရှိချက်များ၏ အဓိကအကြောင်းရင်းသည် စိတ်ကစဉ့်ကလျားဖြစ်ရောဂါကိုကုသသောဆေးများ ကြာရှည်စွာအသုံးပြုခြင်းကြောင့် ဖြစ်သည်။

Risk factors

ငါ့ဆီမှာ Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်များရှိပါကbasal ganglia ရောဂါ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။

  • Dystonia ( ခန္ဓါကိုယ် ကြွက်သားများတောင့်တင်းသည့် ပြဿနာ)
  • Huntington disease ( ဦးနှောက်အချို့နေရာရှိ အာရုံကြောဆဲလ်များပျက်စီးသည့် ရောဂါ)
  • Parkinson disease
  • Progressive supranuclear palsy (ဦးနှောက်တွင်းမှ အချို့အာရုံကြောဆဲလ် များပျက်စီးမှုကြောင့်ဖြစ်သောလှုပ်ရှားမှု ပျက်ပြားခြင်း)
  • Wilson disease (ခန္ဓါကိုယ် တစ်ရှူးများထဲတွင် ကြေးနီသတ္တုများများပြားခြင်းကြောင့် ဖြစ်သောရောဂါ)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကသင့်တွင် ဤရောဂါရှိသည်ဟုသံသယရှိပါကရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ နှင့် အချို့ ဆေးစစ်ခြင်းများကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းလုပ်ဆောင်ပါ။ ဆရာဝန်သည် သင်၏ ဆေးမှတ်တမ်းကိုလည်းမေးမြန်းပါလိမ့်မည်။ ဆရာဝန်ညွှန်ကြားသောအသုံးများသောစမ်းသပ်မှု အချို့မှာ –

  • ဦးခေါင်းအား CT နှင့် MRI ရိုက်ခြင်း
  • မျိုးဗီဇစစ်ခြင်း
  • Magnetic resonance angiography ( လည်ပင်းနှင့် ဦးနှောက် ရှိသွေးကြောများအား ကြည့်ရန်)
  • Position emission tomography (PET) (ဦးနှောက်၏ ဇီဝကမ္မဖြစ်စဉ်များကို ကြည့်ရန်)
  • သွေးတွင်းသကြား၊ သိုင်းရွိုက် လုပ်ငန်း၊ အသည်းလုပ်ငန်း နှင့် သံဓါတ်၊ ကြေးနီဓါတ် ပမာဏများကိုစစ်ဆေးရန် သွေးစစ်ခြင်း

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဖြစ်စေသောအကြောင်းရင်းကိုမူတည်၍ ဆရာဝန်သည် ကုသမှုများကိုပေးလိမ့်မည်။ ကုသမှု သည် ဆေးပေးခြင်းသို့မဟုတ် ခွဲစိတ်ကုသခြင်း ဖြစ်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကbasal ganglia ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ အကျိုးရှိသောနည်းလမ်းများသည် ရောဂါကာကွယ်ရန် ကူညီပေးနိုင်ပါသည်။

  • မောင်းနှင်ရာတွင် ဦးခေါင်းကိုကာကွယ်ပေးနိုင်သောဦးထုပ်ဆောင်းပါ။
  • သင့်တော်သောအစားအစာကိုစားပါ။
  • သုံးလတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ အုန်းသီးကတင် စားလို့ရပြီး ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အုန်းလက်၊ အုန်းမြစ်တွေကရော ဘယ်လို ဆေးဖက်ဝင်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read