backup og meta

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကဘာလဲ။

များသောအားဖြင့်မျက်လုံးတဝိုက်ကိုက်ခဲတတ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်တယ်။ အလွန်ပြင်းထန်ပြီး အဆိုးဆုံးခေါင်းကိုက်ခြင်းလည်းဖြစ်တယ်။ ရက်သတ္တပတ်များစွာ (၄ ပတ်မှ ၁၂ ပတ်ခန့်ထိ) ကြာအောင် ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်နေတတ်သော ခေါင်းကိုက်ခြင်းမျိုးလည်းဖြစ်တယ်။

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သိပ်တော့ဖြစ်လေ့မရှိပါဘူး။ ခေါင်းကိုက်ခြင်းဖြစ်စေတဲ့ အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး အသက် ၂၀ ကျော်ရင်အဖြစ်များပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ –

  • ကိုက်ခဲခြင်း – အလွန်ပြင်းထန်ပြီး၊ အချွန်နဲ့ထိုးသကဲ့သို့ ဒါမှမဟုတ် မီးစနဲ့ထိုးသကဲ့သို့ စူးရှပြင်းထန်တဲ့ ကိုက်ခဲခြင်းမျိုးဖြစ်တယ်။ ခေါင်းတစ်ခြမ်းသာဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ မျက်လုံးတစ်ဖက်တဝိုက်မှာ စတင်ကာ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ ပုခုံးတွေကို ပျံ့သွားပါတယ်။ ကြိုအချက်မပြဘဲ ရုတ်တရတ်ထကိုက်တတ်တယ်။
  • ခေါင်းကိုက်ချိန်မှာနေထိုင်မရဖြစ်တတ်၊ စိတ်တိုတတ်တယ်။
  • မျက်လုံးနီရဲရောင်ရမ်းတတ်တယ်။
  • ခေါင်းကိုက်တဲ့ဘက်မှာ နှာခေါင်းပိတ်ခြင်း သို့ နှာရည်ယိုခြင်းဖြစ်တတ်တယ်။
  • မျက်နှာချွေးပျံတတ်ပြီး
  • မျက်နှာအရောင်ဖြူဖျော့ခြင်း သို့ နီရဲခြင်းဖြစ်တတ်တယ်။
  • မျက်ခွံတစ်ဖက်ရောင်ရဲခြင်း၊ ကျခြင်းတို့ဖြစ်တတ်ပါတယ်။

ခေါင်းကိုက်တဲ့အချိန်တစ်ခုနဲ့တစ်ခုကြားမှာ တစ်လနဲ့အထက်ကောင်းသွားပြီးမှ ပြန်ကိုက်ပါက အချိန်ပိုင်းစုဖွဲ့ခေါင်းကိုက်ခြင်းလို့ခေါ်တယ်။ နာတာရှည် စုဖွဲ့ခေါင်းကိုက်ခြင်းတွေကတော့ တစ်နှစ်အထက်ကြာနိုင်ပြီး တစ်ခုနဲ့တစ်ခုကြားကောင်းနေသောအချိန်က တစ်လခန့်ကြာတတ်ပါတယ်။ ခေါင်းကိုက်နေချိန်မှာတော့ တစ်ကြိမ်နဲ့တစ်ကြိမ်ကနေ့စဉ်ဖြစ်လေ့ရှိတယ်၊ ဒါမှမဟုတ် တစ်ရက်ထဲမှာခဏခဏလည်းဖြစ်နိုင်ပါတယ်။ တစ်ကြိမ်ကို ၁၅ မိနစ်ကနေ ၃ နာရီခန့်ထိကြာနိုင်တယ်။

တခြားလက္ခဏာတွေလည်းရှိနေနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းအတိအကျတော့မသိရသေးပေမယ့် ခေါင်းကိုက်တဲ့ပုံစံအရတော့ ခန္ဓါကိုယ်ရဲ့ ဇီဝနာရီဖြစ်တဲ့ Hypothalamus လို့ခေါ်တဲ့ ဦးနှောက်အပိုင်းက အဓိကနေရာကနေ ပါနေပါတယ်။ အများစုက အိပ်နေတဲ့အချိန်ကိုက်တတ်ကြတယ်။ တချို့ခေါင်းကိုက်ခြင်းကိုဆွပေးတဲ့အချက်တွေကတော့ အရက်၊ Nitroglycerin တို့ဖြစ်နိုင်ပြီး ဟော်မုန်းတွေ ဒါမှမဟုတ် အမျိုးသမီးတွေမှာဓမ္မတာလာခြင်းတွေကတော့ ခေါင်းကိုက်စေတဲ့အချက်တွေမဟုတ်ပါဘူး။

ဖြစ်နိုင်ခြေများ

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အများအပြားရှိနိုင်သည့်အနက်-

  • လိင် – အမျိုးသားဖြစ်နေခြင်းဟာ အမျိုးသမီးတွေထက် ၂ ဆကနေ ၄ ဆထိ ရောဂါဖြစ်နိုင်ချေပိုများပါတယ်။
  • အသက် – အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၂၀ အထက်တွေမှာပိုဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်သောက်ခြင်း – အများစုကဆေးလိပ်သောက်သူတွေဖြစ်တယ်။
  • အရက် – နဂိုကတည်းက အုံ့ဖွဲ့ခေါင်းကိုက်နိုင်ချေများနေပါက အရက်သောက်ခြင်းက ခေါင်းကိုက်ခြင်းကိုဆွပေးနိုင်ပါတယ်။ ရောဂါရှိသူတွေက ရောဂါဖြစ်နေချိန်မှာ အရက်ရှောင်သင့်တယ်။
  • မိသားစုရာဇဝင် – မိဘ သို့ မိသားစုထဲမှာ ထိုကဲ့သို့ခေါင်းကိုက်တတ်သူရှိပါကလည်း ရောဂါဖြစ်နိုင်ချေများစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ရောဂါရာဇဝင်ကိုမေးမြန်းပြီး ခံစားနေရတဲ့ခေါင်းကိုက်ခြင်းပုံစံကိုမေးမြန်းကာ တခြားသော ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေလုပ်ပါလိမ့်မယ်။

တခြားသောရောဂါအခြေအနေ – အကျိတ်ဖြစ်ခြင်း၊ သွေးကြောဖောင်းခြင်း စသည် – တို့ကို ပယ်ဖို့အတွက် ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ကဲ့သို့ ရုပ်ပုံရိုက်ကူးခြင်းတွေလည်း လုပ်ဆောင်နိုင်ပြီး မျက်လုံးဆိုင်ရာပြဿနာတွေအတွက်တော့ မျက်လုံးစမ်းသပ်မှုလုပ်ကောင်းလုပ်ရနိုင်ပါတယ်။

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

နှစ်မျိုးခွဲလို့ရတယ် –

  • လတ်တလောခေါင်းကိုက်ခြင်းကိုသက်သာရန် နှင့်
  • နောက်ထပ်ခေါင်းကိုက်ခြင်းများတားဆီးခြင်း ဖြစ်တယ။်

လတ်တလောကုသမှု

  • အောက်စီဂျင် – အောက်စီဂျင်ရှူခြင်းဟာ အချိန်တိုအတွင်း သက်သာသွားစေနိုင်တယ်လို့ လူနာအများစုမှတွေ့ရပါတယ်။ ဒါ့အပြင်အောက်စီဂျင်ဟာဘေးကင်းပြီး ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။
  • Triptans – ခေါင်းတခြမ်းကိုက်ခြင်းမှာသုံးတဲ့ sumatriptan ထိုးဆေးတစ်မျိုးဖြစ်ပြီး အုံဖွဲ့ခေါင်းကိုက်ခြင်းမှာလည်း အာနိသင်ရှိပါတယ်။ ဒါပေမယ့် နှလုံးရောဂါရှိသူတွေနဲ့ ပုံမှန်ကုသမှုမရှိတဲ့သွေးတိုးသမားတွေမှာတော့ မသုံးသင့်ပါဘူး။ တခြား Triptans ဆေးတစ်မျိုးဖြစ်တဲ့ zolmitriptan ကိုတော့ နှာခေါင်းဖြန်းဆေး သို့ ဆေးပြားအဖြစ်သုံးနိုင်တယ်။
  • ထုံဆေး – နှာခေါင်းတွင်းဖြန်းလို့ရတဲ့ lidocaine ထုံဆေးတစ်မျိုးဟာလည်း ကုသမှုတစ်နည်းဖြစ်တယ်။ ဒါပေမယ့် တိကျတဲ့နည်းလမ်းနဲ့ ညွှန်းရပါမယ်။
  • Dihydroergotamine – dihydroergotamine ထိုးဆေးဖြစ်ပြီး တချို့သောလူနာတွေမှာ အကိုက်အခဲသက်သာစေတယ်။ ဒါပေမယ့် sumatriptan သုံးထားသူမှာတော့ ၂၄ နာရီအတွင်း ထပ်သုံးလို့မရပါဘူး။

ကာကွယ်နည်း

  • Calcium channel blockers – Verapamil ဟာ အုံ့ဖွဲ့ခေါင်းကိုက်ခြင်းကို ကာကွယ်ဖို့အတွက် ပထမရွေးချယ်သင့်သောဆေးဖြစ်တယ်။
  • Corticosteroids – ခေါင်းကိုက်ခြင်းကိုလျှော့ချဖိုအတွက်အသုံးဝင်ပါတယ်။ ခဏတာအတွက်တော့အသုံးပြုနိုင်တယ်။
  • Lithium carbonate – တခြားဆေးများနှင့်အဆင်မပြေပါက Lithium carbonate ကိုသုံးနိုင်တယ်။
  • Melatonin – ခေါင်းကိုက်ခြင်းအကြိမ်ရေလျှော့နိုင်တယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

အကူအညီဖြစ်စေနိုင်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ ကတော့-

  • အချိန်မှန်အိပ်ပါ – ပုံမှန်အိပ်နေကြပုံစံပြောင်းလဲသွားတဲ့အခါ ခေါင်းကိုက်ခြင်းစဖြစ်တတ်တာကြောင့် ပုံမှန်အိပ်ချိန်အတိုင်း အိပ်သင့်တယ်။
  • အရက်ဖြတ်ပါ။ အရက်သောက်ခြင်းက ခေါင်းကိုက်ခြင်းကို စတင်ပေးနိုင်တယ။်

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Cluster headaches. http://www.mayoclinic.org/diseases-conditions/cluster-headache/home/ovc-20206295 Accessed January 06, 2017
Cluster headaches. http://www.nhs.uk/conditions/cluster-headaches/Pages/Introduction.aspx Accessed January 06, 2017
Cluster headaches. http://www.medicinenet.com/cluster_headaches/article.htm Accessed January 06, 2017

ယခုပုံစံ

12/09/2019

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement