- ဆေးဝါးတွေဟာ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။
- အနားယူခြင်း : အတွေးတွေလွန်နေတာကို ရပ်တန်းကရပ်ပြီး ဇိမ်ကျတဲ့ အိပ်ယာပေါ်မှာ သက်တောင့်သက်သာအနားယူပါ။
- ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများ : ခေါင်းကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အတွေးအကြံတွေ၊အမူအကျင့်တွေနဲ့ လုပ်ရပ်တွေကို ပြောင်းလဲပစ်ပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း : လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်စိတ်နဲ့ခန္ဓါကို ဖြေလျှော့ပေးနိုင်ရုံသာမက ကြံ့ခိုင်မှုကိုလည်း တိုးစေပါတယ်။ သင်နဲ့လိုက်လျောကိုက်ညီတဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ရေးဆွဲနိုင်ဖို့ ကျွမ်းကျင်သူပညာရှင်နဲ့ တိုင်ပင်ပါ။
- ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများ : ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ပိုစားပေးပါ။
- ဆေးလိပ်အရက်ဖြတ်ပါ။
သင့်ခေါင်းကိုက်ခြင်းဝေဒနာပိုဆိုးလာရင် သို့မဟုတ် ခေါင်းကိုက်တဲ့ပုံစံပြောင်းလဲသွားရင် ဆရာဝန်ကို အသိပေးပါ။ ဒါတွေဟာ ဆိုးရွားပြင်းထန်တဲ့ ပြဿနာတခုခုရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရပြီဆိုရင် နောက်ထပ်တခါ လေဖြတ်တာဖြစ်နိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ ခေါင်းကိုက်ခြင်းဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေရဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတာလားဆိုတာကိုတော့ တချက်သတိပြုဖို့ လိုပါတယ်။ဦးနှောက်တွင်းသွေးယိုစီးမှုကြောင့် လေဖြတ်ခြင်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ချေ ပိုများပြီး လေဖြတ်ပြီးနောက် ခေါင်းကိုက်ခြင်းဟာ ကုသပေးလို့ရတဲ့ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။