backup og meta

ပူတဲ့အချိန် ခေါင်းကိုက်တတ်တာ တိုက်ဆိုင်မှုသတ်သတ်ပဲလား။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပူတဲ့အချိန် ခေါင်းကိုက်တတ်တာ တိုက်ဆိုင်မှုသတ်သတ်ပဲလား။

    ရာသီဥတုက ခုဆိုရင် တဖြည်းဖြည်းနဲ့ ပူပြင်းတဲ့ နွေဥတုထဲ ရောက်နေပါပြီ။ ဒီ်လို ပြင်းလွန်းတဲ့ အပူချိန်ေကြာင့် ချွေးထွက်များြပီးနုန်းတာ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားဖူးကြမှာပါ။ ပူလွန်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာ ချွေးထွက်တာမှန်ပေမယ့် အပူဒဏ်ကြောင့် ခေါင်းကိုက်တယ်ဆိုတာ ဖြစ်နိုင်သလား။ တကယ်ပဲ အပူဒဏ်က ခေါင်းကိုက်တာကိုဖြစ်စေတာလား။ တိုက်ဆိုင်တာသတ်သတ်ပဲလား။

    ပူပြင်းတဲ့ ရာသီဥတုက ခေါင်းကိုက်ခြင်းကို တကယ်ဖြစ်စေတာလား။ ။

    နွေရာသီရောက်ပြီဆိုတာနဲ့ ပူလိုက်တာ၊ ချွေးတွေထွက်လွန်းပြီး ခေါင်းပါတဆစ်ဆစ်ကိုက်နေတယ်ဆိုတဲ့ ငြီးငြူသံတွေ မကြာခဏ ကြားဖူးမှာပါ။

    • လေ့လာချက်တွေအရတော့ ပုံမှန် အပူချိန် ကနေ ၉ ဒီဂရီဖာရင်ဟိုက်တက်လေလေ ခေါင်းကိုက်ခြင်း ၇.၅ ရာခိုင်နှုန်းပိုဖြစ်လေလေလို့ ဆိုထားပါတယ်။
    • ပူပြင်းတဲ့ ရာသီဥတုရယ်၊ စိုထိုင်းဆများနေတာရယ်ကနေဖြစ်လာတဲ့ အပူငုပ်ခြင်းကြောင့် ခေါင်းကိုက်နိုင်သလို
    • ပူပြင်းတဲ့နွေရာသီမှာ အန္တရာယ် အများဆုံးဖြစ်တဲ့ အပူရှပ်တာေကြာင့် လည်း ခေါင်းကိုက်နိုင်ပါတယ်။

    ဒီတော့ ပြင်းထန်တဲ့ အပူချိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူချိန်များတာကြောင့် ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောလေးတွေ ကျယ်သွားလို့ တဆစ်ဆစ်ခေါင်းကိုက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။ အရင်လတွေက တစ်ခါမှ ခေါင်းမကိုက်ဖူးသူတွေ နွေရာသီရောက်မှ ခေါင်းကိုက်တတ်သလို (Migraine ) လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရတဲ့သူတွေမှာတော့ နွေရာသီဆို ခေါင်းကိုက်ဝေဒနာ ပိုဆိုးလာတတ်ပါတယ်။ ချွေးထွက်တဲ့အခါ ချွေးထဲမှာ ရေတွေ၊ ဓါတ်ဆားဓါတ်ေတွ ပါသွားတာကြောင့် migraine သမားတွေ နွေရာသီဆို ခေါင်းပိုကိုက်ကြတာဖြစ်ပါတယ်။

    ဒီလို နွေရဲ့ အပူချိန်ကြောင့် ခေါင်းကိုက်တာကို ဘယ်လိုဖြေရှင်းကြမလဲ ။ ။ ကာကွယ်ကြမလဲ။ ။

  • နေ့ခင်းဘက် အပြင်သွားတဲ့အချိန် ခေါင်းတဆစ်ဆစ်ကိုက်လာတဲ့အခါ အရိပ်ရနိုင်တဲ့ သစ်ပင်၊ အဆောက်အအုံတစ်ခုကို အမြန်ရှာပြီး အရိပ်ထဲဝင်နေပါ။ ခေါင်းကိုက်တာသက်သာပြီဆိုမှ အပြင်ပြန်ထွက်ပြီး သွားစရာရှိတဲ့နေရာကို အမြန်သွားပါ။
  • အပြင်သွားတိုင်းလည်း ဦးထုပ်၊ အင်္ကျီလက်ရှည်၊ နေကာမျက်မှန်တို့ကိုဝတ်သွားဖို့ မမေ့ပါနှင့်။ အရိပ်ထဲရောက်တဲ့အခါလည်း အပြင်က အပူတွေကိုစုပ်ထားတဲ့ ဦးထုပ်၊ အင်္ကျီလက်ရှည်၊ တို့ကို ပြန်ချွတ်ပါ။
  • ရေများများသောက်ပါ။ ချွေးတွေနဲ့ အတူထွက်သွားတဲ့ ရေနဲ့ဓါတ်ဆားတွေ ခမ်းခြောက်တဲ့အခါ ခေါင်းပိုကိုက်တတ်တာကြောင့် ေနွရာသီမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။
  • အရည်ရွှမ်းတဲ့အသီးအနှံတွေ များများစားပါ။ အပူအစပ်တွေ မစားပါနဲ့။ ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေတဲ့ ကဖင်းဓါတ်များတဲ့ အရက်ကော်ဖီတို့ကို လျှော့သောက်ပါ။
  • လေဝင်လေထွက်ကောင်းတဲ့ ချွေးစုပ်တဲ့ ချည်သား အဝတ်အစားကို ဦးစားပေးဝတ်ပါ။
  • အပူဒဏ်ကိုအံတုဖို့ အဲယားကွန်းကို အအေးဆုံးဖြစ်နေအောင် ထားမယ့်အစား ကိုယ်ခန္ဓါအတွက် သင့်တော်တဲ့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၇ ဒီဂရီ စင်တီဂရိတ် အတွင်းထားတာ အကောင်းဆုံးပါ။
  • နောက်ဆုံး မရတော့တဲ့ အဆုံး အစာအိမ်ရောဂါ မရှိဘူး၊ ခေါင်းကိုက်တာကလည်း ပိုပိုဆိုးလာတယ်ဆိုရင် အကိုက်အခဲ ပျောက်ဆေး တစ်ခုခု သောက်ပါ။
  • ဒီတော့ နွေရာသီမှာ ခေါင်းပိုကိုက်ကြတယ်ဆိုတာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ ပြင်းထန်တဲ့အပူချိန်ဟာ ခေါင်းကိုက်ခြင်းဝေဒနာကို အမှန်တကယ်ဖြစ်စေပါတယ်။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်ကို ပြောင်းလဲလို့မရပေမယ့် အပူချိန်ကြောင့်ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကိုတော့ ဖြေရှင်းလို့ရသလို ကြိုတင်ကာကွယ်လို့လည်း ရပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement