အဓိပ္ပါယ်ဖွင့်ဆိုချက်
Bacterial Meningitis (ဘက်တီရီးယား ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း) ကဘာလဲ။
Meningitis ဆိုတာဟာ ဦးနှောက် နဲ့ ကျောရိုးမ ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ အမြှေးပါးတွေ ရောင်တာကို ခေါ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ဟာ အရမ်းပြင်းထန်ပြီး သေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နာရီ အနည်းငယ်အတွင်းမှာ သေနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်တဲ့သူအများစုမှာ ပြန်လည်ကောင်းမွန်လာပြီ ဆိုရင်တောင် ရောဂါပိုးဝင်မှုကြောင့် ဦးနှောက်ပျက်စီးခြင်း၊ အကြားအာရုံ ပျောက်ဆုံးသွားခြင်း၊ နဲ့ သင်ယူနိုင်မှု လျော့နည်းလာခြင်း စတဲ့ ဆိုးကျိုး ပျက်စီးမှုတွေကို တစ်သက်လုံး ဆက်လက်ခံစားရနိုင်ပါတယ်။ဦးနှောက် အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးအစား အများကြီးရှိပါတယ်။ အဓိက ဖြစ်စေနိုင်တဲ့ အကောင် တစ်ချို့ကတော့ Streptococcus pneumoniae, group BStreptococcus, Neisseria meningitidis, Haemophilus influenza နဲ့ Listeria monocytogenes စတဲ့ ဘက်တီးရီးယားတွေပဲဖြစ်ပါတယ်။