သွေးလှူခြင်းဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ ကိုယ့်သွေးကြောင့် တပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။ အကြိမ်ရေ ရာပေါင်းများစွာ လှူဖူးသူတွေ ရှိတာလည်း သတင်းစာတွေထဲမှာ ဖတ်ဖူးကြမှာပါ။ လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓါကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွားစေပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများတဲ့ သွေးလှူခြင်းအကြောင်း တစေ့တစောင်းကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားပါမယ်။