-သွေးထွက်တဲ့နေရာကို အချိန်အတော်ကြာ ဖိထးတာတောင် သွေးမတိတ်သွားခြင်း
-ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း
-ခေါင်မူးခြင်း၊ ရုတ်တရက် သတိလစ်သွားခြင်း
-အမြင်အာရုံ ဝေဝါးခြင်း၊ မျက်နှာရွဲ့သွားခြင်း၊ ကိုယ်တစ်ခြမ်းသေသွားခြင်း
-ချောင်းဆိုးသွေးပါ၊ ဝမ်းထဲသွေးပါ၊ အန်တဲ့အခါ သွေးပါလာခြင်း
ဒီလက္ခဏာတွေရှိနေရင် သွေးရောဂါ ဒါမှမဟုတ် တခြား ရောဂါတစ်မျိုးမျိုး ဖြစ်နိုင်တဲ့အတွက် စိတ်ချရအောင် ဆေးစစ်ထားသင့်ပါတယ်။ ရောဂါစောစောသိထားတာက ဆေးကုတဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။
ဘာကြောင့် ဖြစ်လာရသလဲ။
သွေးရောဂါ တွေက ဘာကြောင့် ဖြစ်လာရသလဲ။
သွေးရောဂါတွေ ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးစုံရှိပါတယ်။ ဥပမာ
-တချို့သွေးရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ သွေးရောဂါပါလာရင် သားသမီးဆီကို လက်ဆင့်ကမ်းနိုင်ပါတယ်။ (ဥပမာ ဟေမိုဖီးလီးယား၊ သာလဆီးမီးယား)
-တချို့သွေးရောဂါတွေက သွေးဆဲလ်တွေ၊ သွေးဆဲလ်တွေ ထုတ်တဲ့ နေရာကို ထိခိုက်စေတဲ့ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကြောင့်ပါ။ ဥပမာ သွေးဆဲလ်ထုတ်တဲ့ ရိုးတွင်းခြင်ဆီကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေ သောက်တာ၊ အာဟာရလုံလောက်အောင် မစားလို့ သွေးအားနည်းတာ။
-တချို့သော မျိုးဗီဇပြောင်းလဲမှုတွေကလည်း သွေးရောဂါတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဥပမာ ချို့ယွင်းနေတဲ့ ဗီဇကို ဆက်ခံမိတာဖြစ်ဖြစ်၊ ကိုယ့်ဗီဇကိုက အလိုလို ချို့ယွင်းသွားတာဖြစ်ဖြစ် သွေးကင်တာဖြစ်နိုင်ခြေ များစေပါတယ်။
ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ။
ဘယ်သူတွေက သွေးရောဂါ ပိုဖြစ်နိုင်သလဲ။
ဒါကတော့ ရောဂါပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါတွေဆို မိဘမောင်နှမတွေထဲမှာ ရောဂါသည်ရှိရင် ပိုဖြစ်နိုင်ပါတယ်။ ဒီလိုပဲ မိသားစုထဲမှာ သွေးကင်ဆာ ဖြစ်တဲ့သူရှိနေရင် ကိုယ်က သူများတွေထက်တောင် ဖြစ်နိုင်ခြေများနိုင်တာ ပုံမှန်ပါပဲ။ သွေးရောဂါဖြစ်နိုင်ခြေကို မြင့်စေတဲ့ တခြားအချက်တွေကတော့
- အသက်ကြီးလာတာ
- ခုခံအားတုံ့ပြန်ပုံ မူမမှန်တဲ့ ရောဂါတစ်ခုခု ဖြစ်နေတာ
- ရိုးတွင်းခြင်ဆီကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတာ
- အသည်း၊ ကျောက်ကပ်နဲ့ သိုင်းရွိုက်ရောဂါရှိနေတာ
- အာဟာရချိုတဲ့တာ
- ကိုယ်ဝန်ဆောင်၊ အဝလွန်သူ၊ နှလုံးရောဂါရှိသူ၊ သွေးတိုးရှိသူ၊ သွေးတွင်းအဆီဓာတ်များသူ၊ ဆေးလိပ်သောက်သူ
- ခွဲစိတ်ပြီး အကြာကြီး အိပ်ရာထဲ လှဲနေသူ စတာတွေက သွေးရောဂါဖြစ်နိုင်ခြေ များစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဘယ်လိုကုသနိုင်သလဲ။
သွေးရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။
သွေးအားနည်းရောဂါကို ကုသမယ်ဆိုရင် အရေးကြီးဆုံးက ဘာကြောင့် သွေးအားနည်းတာလည်းဆိုတာကို ရှာဖို့ပါပဲ။ သွေးအားနည်းစေတဲ့ အကြောင်းရင်းက အများကြီးရှိတာကြောင့် အကြောင်းရင်းကို မကုဘဲ သွေးအားနည်းတာကိုပဲ ကုမယ်ဆိုရင် ထပ်ခါ ထပ်ခါ ပြန်ဖြစ်နေဦးမှာပါ။
ဥပမာ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းတာဆိုရင် သံဓာတ်အားဆေးတွေ၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရမှာပါ။ ရိုးတွင်းခြင်ဆီ ပျက်စီးလို့ သွေးဆဲလ်မထုတ်နိုင်တဲ့ ရောဂါကြောင့် သွေးအားနည်းတာဆိုရင် ရိုးတွင်းခြင်ဆီအစားထိုးတာမျိုး လုပ်ရမှာပါ။

သွေးမတိတ်ရောဂါဆိုရင်တော့ ဖြစ်တဲ့ရောဂါပေါ်လိုက်ပြီး ဆေးဝါးတွေ ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ သွင်းပေးတာနဲ့ ကုသပါတယ်။
သွေးခဲရောဂါဆိုရင်တော့ သွေးကျဲဆေးတွေ၊ သွေးခဲပျော်ဆေးတွေနဲ့ ကုသပါတယ်။ သွေးကျဲဆေးက သွေးတွေ ခဲမလာအောင်၊ သွေးခဲတွေ ကြီးမလာအောင် တားဆီးပေးနိုင်ပါတယ်။ သွေးခဲပျော်ဆေးတွေကတော့ ရှိပြီးသား သွေးခဲတွေကို ပြန်လည်ပျော်ကျစေပါတယ်။
သွေးကင်ဆာကုထုံးတွေကတော့ တခြားကင်ဆာတွေလိုပါပဲ။ ဆေးသွင်းကုသတာတွေ၊ ရောင်ခြည်ပြတာတွေ၊ targeted therapiesတွေ ကုသနိုင်ပါတယ်။ လိုအပ်ရင် ရိုးတွင်းခြင်ဆီ အစားထိုးရပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ။
သွေးရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။
မျိုးရိုးလိုက်တဲ့ သွေးရောဂါဆိုရင်တော့ ကာကွယ်လို့ မရပေမယ့် တချို့သွေးရောဂါတွေကတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ပြုပြင်ပြီး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရပါတယ်။ ဥပမာ ပြောရရင်
- အာဟာရပြည့်အောင် အစားအသောက်ကို စနစ်တကျ စားသောက်တာ၊ ဆရာဝန် ညွှန်ကြားထားတဲ့ အားဆေးတွေ သောက်တာ (ဥပမာ သံဓာတ်အားဆေး)
- ရောဂါအခံတွေ ရှိရင် သေချာကုတာ (ဥပမာ သိုင်းရွိုက်ရောဂါ)
- လေ့ကျင့်ခန်း လုပ်ပြီး ကိုယ်အလေးချိန်ထိန်းတာ
- ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဘဲ ဆရာဝန်ညွှန်မှသောက်တာ စတာတွေကို လိုက်နာဖို့ လိုပါတယ်။
Takeaways
သွေးရောဂါတစ်ခုခု ခံစားနေရတယ်ဆိုရင် ပုံမှန်ဆေးကုသမှု ခံယူဖို့က အရေးကြီးပါတယ်။ သွေးရောဂါမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့ လိုပါတယ်။ ကိုယ့်မှာ သွေးရောဂါတစ်ခုခု ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ စစ်ဆေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။