backup og meta

သွေးဆိပ်တက်ခြင်း အကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆိပ်တက်ခြင်း အကြောင်း

    သွေးဆိပ်တက်ခြင်းဆိုတာကတော့ သွေးထဲကို ရောဂါပိုးများ ဝင်ရောက်ကူးစက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ သွေးဆိပ်တက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

    သွေးဆိပ်တက်ခြင်း အကြောင်း

    အဆုတ်၊ အရေပြား ဒါမှမဟုတ် ကိုယ်ခန္ဓာရဲ့ တနေရာရာမှာ ဝင်ရောက်ကူးစက်နေတဲ့ ဘက်တီးရီးယားများဟာ သွေးထဲမှာပါ ပျံ့နှံ့လာတဲ့အခါ သွေးဆိပ်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထဲမှာပျံ့နှံ့သွားပြီးတဲ့ ရောဂါပိုးများဟာ ကိုယ်ခန္ဓာအနှံ့ကို ရောက်ရှိနိုင်တာမို့ အန္တရာယ်များတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

    သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမို့ ဆေးရုံမှာ စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ နားတည်တတ်ကျွမ်းသူမကုသရင် သွေးလန့်သေဆုံးနိုင်ခြေ ရှိပါတယ်။

    သွေးဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်နိုင်သလဲ

    ဘက်တီးရီးယားပိုးကူးစက်ရာကနေ ဖြစ်ပွားပါတယ်။ သွေးဆိပ်တက်ခြင်းဟာ ကိုယ်ခန္ဓာအခြားတနေရာရာကနေ ပျံ့နှံ့ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ တခါတရံမှာ ဘယ်နေရာကလာသလဲဆိုတဲ့ ရင်းမြစ်ကို တိကျစွာ မသိနိုင်ပါဘူး။ များသောအားဖြင့်

    အဆိုပါနေရာများကနေ သွေးထဲကို ရောဂါပိုးဝင်ရောက်ပျံ့နှံ့ခြင်းဟာ မြန်ဆန်ပြီး ရောဂါလက္ခဏာတွေလည်း ချက်ချင်းပြတတ်ပါတယ်။ ဆေးရုံတက်ပြီးကုသမှု ခံယူနေသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဥပမာ ခွဲစိတ်ကုသမှု ခံယူထားသူတွေ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေကို ထပ်ဆင့်ကူးစက်ခြင်း (Secondary Infection) လို့ခေါ်ပြီး အန္တရာယ်ပိုများပါတယ်။

    ဘက်တီးရီးယားများဟာ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိနေကြလို့ ဖြစ်ပါတယ်။ သွေးဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများတဲ့ အခြားအခြေအနေတွေကတော့

    • ဆိုးရွားစွာ ဒဏ်ရာရရှိထားခြင်း၊ မီးအပူလောင်ထားခြင်း
    • အသက်ငယ်လွန်းခြင်း၊ ကြီးလွန်းခြင်း
    • ကိုယ်ခံစွမ်းအားလျော့နည်းသော ပြဿနာများရှိနေခြင်း (ဥပမာ AIDS၊ သွေးကင်ဆာ ရောဂါများ ခံစားနေရခြင်း)
    • ဆီးပိုက်ထည့်ထားခြင်း၊ သွေးကြောအတွင်း ဆေးထိုးရန် ပိုက်ပြွန်များ ချိတ်ထားခြင်း
    • အသက်ရှူစက်ကိရိယာတပ်ထားခြင်း စတာတွေဖြစ်ပါတယ်။

    ဘာလက္ခဏာတွေပြသလဲ

    သွေးဆိပ်တက်တဲ့ လက္ခဏာတွေဟာ မြန်ဆန်စွာ ပေါ်လာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုခံယူခြင်း၊ အခြား ရောဂါကူးစက်မုတခုခုဖြစ်ပွားခြင်း စတဲ့အခြေအနေတွေ ကြုံရပြီးတဲ့နောက်မှာ လူနာဟာ အလွန်အမင်း နေထိုင်မကောင်းဖြစ်သွားပါတယ်။ ပြလာတတ်တဲ့လက္ခဏာတွေကတော့

    • ချမ်းတုန်ခြင်း
    • အဖျားတက်ခြင်း
    • အသက်ရှူမြန်ခြင်း
    • နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဒီထက်ပိုဆိုးလာတဲ့ အခြေအနေမှာတော့

    • အာရုံရှုပ်ထွေးခြင်း
    • ပျို့အန်ခြင်း
    • ဆီးနည်းသွားခြင်း
    • အရေပြားပေါ် အနီစက်များပေါ်လာခြင်း
    • သွေးလည်ပတ်မှုမကောင်းခြင်း
    • သွေးလန့်ခြင်း စတာတွေ ကြုံလာရပါတယ်။

    ဘယ်လိုကုသမလဲ

    သွေးဆိပ်တက်တဲ့အခြေအနေဟာ ကိုယ်ခန္ဓာ တခုလုံးကို ရောဂါပိုး ပျံ့နှံ့စပြုတဲ့ အခြေအနေ ဖြစ်တာကြောင့် အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံတက်ပြီး ကုသမှုခံယူရမယ့် အခြေအနေ ဖြစ်ပါတယ်။

    ပဋိဇီဝဆေးများ ပေးခြင်း၊ အရည်ဓာတ်များ ဖြည့်သွင်း ကုသခြင်း၊ လိုအပ်ပါက အောက်ဆီဂျင် ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆရာဝန်နဲ့သူနာပြုများက အခြေအနေပေါ်မူတည်ပြီး ကုသပါလိမ့်မယ်။ ဆရာဝန်နဲ့ နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပေးဖို့ပဲ ဖြစ်ပါတယ်။

    သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာ ရရှိရင်၊ ရောဂါပိုး တမျိုးမျိုး ဝင်ရောက်တဲ့ လက္ခဏာ ပြနေရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြသသင့် ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားနည်းပါးသူတွေမှာ ပိုမို ဂရိုစိုက်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    14/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement