(၄) အမျိုးအစား ၂ ဆီးချိုရောဂါ
ဆီးချိုရှိနေတယ်ဆို သွေးအားနည်းတာ၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်တဲ့ အာရုံကြောထိခိုက်မှု ကနေလည်း ချမ်းစိမ့်ခြင်းကို ဖြစ်လွယ်စေပါတယ်။ အစားအသောက်၊ အနေအထိုင် ဂရုစိုက်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းတာက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၅) ဗီတာမင် B12 ချို့တဲ့ခြင်း
ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 မလုံလောက်ရင် သွေးအားနည်းစေနိုင်တယ်။ ဗီတာမင် B12 ကို ကြက်သား၊ ကြက်ဥ၊ ငါးတွေကနေ ရနိုင်ပါတယ်။
(၆) သံဓာတ် အားနည်းခြင်း
သံဓာတ် မလုံလောက်ရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးအရင်းအမြစ်ကတော့ အနီရောင်အသားတွေ ဖြစ်ပေမယ့် ကြက်သား၊ ဘဲသား၊ ဝက်သားနဲ့ ငါးကနေ လည်း ရနိုင်ပါတယ်။ အသားမဟုတ်တဲ့ အရင်းအမြစ် ဆိုလည်း သံဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ ဗိုလ်စားပဲ၊ အစိမ်းရင့်ရောင် အသီးအရွက် တွေကနေ ရနိုင်ပါတယ်။
(၇) ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုး
ကိုယ် လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း အအေးဒဏ် ခံနိုင်ရည် နည်းစေနိုင်ပါတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခေါင်းမူးမယ်၊ ပင်ပန်းလွယ်မယ်၊ မအီမသာဖြစ်စေနိုင်တယ်၊ ခြေဖျားလက်ဖျား အေးစက်လာနိုင်တယ်။ သံသယရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်မေးမြန်းပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။