လည်ပင်ေးတာင့်ခြင်း၊ မျက်နှာနာကျင်ခြင်း၊ မျက်လုံးများကြားအောင့်ခြင်း၊ သတိလည်တစ်ချက်လွတ်တစ်ချက်ဖြစ်ခြင်း
မရေမရာဖြစ်နေခြင်း မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿမာများ၊ အာရုံခံစားမှုပြဿနာများ
အကြောင်းရင်းများ
Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကိုဘာတွေကဖြစ်စေသလဲ
အကြောင်းရင်းကို ၇ှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ပုံမှန်မှာဆိုရင် ရိုးတွင်းခြင်ဆီက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးခဲခြင်းကိုဖြစ်ပေါ်စေသည့်သွေးဆဲလ်ဆိုပြီး သွေးဆဲလ်အမျိုးအစားသုံးမျိုးထုတ်ပါတယ်။ JAK2V617Fဆိုတဲ့ချို့ယွင်းချက်ရှိနေတဲ့မျိုးရိုးဗီဇဂျင်းကြောင့် ရိုးတွင်းချဉ်ဆီက ဆဲလ်အများကြီးကိုထုတ်ပေးခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးနီဥဆဲလ်များဖြစ်ပါတယ်။ သုတေသီရဲ့အဆိုအရ မျိုးရိုးဗီဇဂျင်းထွန်းခြင်းက မျိုးရိုးလိုက်ခြင်းထက် နေထိုင်မှုပုံစံနဲ့ပတ်ဝန်းကျင်ကြောင့်ရလာခြင်းဖြစ်ပါတယ်။
ဖြစ်နိုင်ခြေများ
Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
Polycythemia vera ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အသက်အရွယ်- အသက်၆၀အထက်တွေမှာ ပိုဖြစ်နိုင်ပါတယ်
အမျိုးသားအမျိုးသမီး– အမျိုးသားတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကို ဘယ်လိုအတည်ပြုပါသလဲ
သွေးစစ်ခြင်းကနေ အဖြေရှာနိုင်ပါတယ်။ အချို့သောစမ်းသပ်စစ်ဆေးခြင်းတွေကိုတော့ ထပ်မံအတည်ပြုဖို့သု့းပါတယ်။
ရိုးတွင်းချဉ်ဆီတစ်ရှူးနမူနာယူခြင်း
Complete blood count with differential;
Comprehensive metabolic panel
အရစ်သရိုပွိုင်ရတ်တင် ပမာဏ
JAK2V617Fဂျင်းထွန်းခြင်းအတွက် ဂျင်းစစ်ဆေးခြင်း
သွေးနီဥပမာဏ
ဗီတာမင်ဘီ၁၂ပမာဏ
Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကို ဘယ်လိုကုသပါသလဲ
သွေးပျစ်ခြင်းကိုလျှော့ချဖို့နဲပ သွေးထွက်ခြင်းနဲ့သွေးခဲခြင်းကိုကာကွယ်ဖို့ ဦးတည်ပါတယ်။ သွေးပျစ်ခြင်းကိုသက်သာဖို့အတွက် သွေးပြန်ကြောအပေါက်ဖောက်ခြင်းနည်းကို သုံးပါတယ်။ သွေးပြန်ကြောထဲက သွေးအနည်းငယ်ကို အပတ်စဉ်ဖောက်ထုတ်ပြိး သွေးနီဥပမာဏကိုနည်းစေတာဖြစ်ပါတယ်။ ကုသမှုအချိန်ကာလက သင့်အခြေအနေပေါ်မူတည်ပြီး ကုသမှုတစ်ခုထက်ပိုတာလည်းဖြစ်နိုင်ပါတယ်။
အသုံးပြုတဲ့ဆေးဝါးတွေကတော့
အက်စပရင်ပမာဏအနည်းငယ် – သွေးခဲခြင်းနဲ့ နာကျင်မှုကိုသက်သာစေဖို့ ဖြစ်ပါတယ်။ အစာအိမ်သွေးယိုခြင်းကုကာကွယ်ဖို့အတွက် အက်စပရင်ကိုသုံးပါတယ်။
သွေးဆဲလ်တွေကိုနည်းစေတဲ့ဆေးများ- ဟိုက်ဒရောက်ဆီယူရီယာ၊ အင်တာဖရွန်၊ အနာဂရီလိုက်ဒ်( သွေးခဲစေသည့်သွေးဆဲလ်ပမာဏနည်းစေခြင်း) ရူဇိုလီတီနစ် ( ဂျာကာဖီ)
ယားယံခြင်းကိုသက်သာစေသည့်ဆေးများ- အက်စ်အက်စ်အာအိုင်လို့ခေါ်တဲ့ စိတ်ကျခြင်းအတွက်ဆေးတွေက အယားသက်သာစေပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Polycythemia vera ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Polycythemia vera ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းအသင့်အတင့်ပြုလုပ်ခြင်း လမ်းလျှောက်ခြင်းစသဖြင့်- သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးခဲခြင်းကနေကာကွယ်ပေးပါတယ်။
သွေးခဲကြောင့် နှလုံးဖောက်ခြင်းလေဖြတ်ခြင်းဖြစ်နိုင်ချေကို များစတောောကာင့် ဆေးလိပ်ကိုရှောင်ခြင်း
ရေအေးနဲ့ချိုးခြင်းက ယားယံခြင်းကို သက်သာစေပါတယ်။ အရေပြားကိုမကုတ်ဖဲ့ပါနဲ့။ အရေပြားကျန်းမာဖို့အတွက် အစိုဓတ်လိမ်းခရင်ကိုလိမ်းပေးပါ။
သွေးလည်ပတ်မှုကိုနှေးစေတဲ့ အပူချိန်အေးလွန်းခြင်းပူလွန်းခြငးမျိုးကို ရှောင်ပါ။ နေထိုင်တဲ့နေရာရဲ့ရာသီဥတုအပေါ်မူတည်ပြီး သင့်လျော်အောင် ဝတ်စားပါ။
ခြေထောက်လက်များတွင် အနာများကိုစောင့်ကြည့်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။