အဓိပ္ပါယ်ဖွင့်ဆိုချက်
Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကဘာလဲ။
ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းဆိုတာ သွေးထဲမှာ ဖောလစ်အက်ဆစ် မရှိတာကို ခေါ်ပါတယ်။ folic acid(ဖောလစ်အက်ဆစ်) ဆိုတာဟာ သင့် ခန္ဓါကိုယ် အတွက် သွေးနီဥတွေ ထုတ်ပေးဖို့ ကူညီပေးနိုင်တဲ့ ဗိုက်တာမင် B တစ်မျိုးဖြစ်ပါတယ်။ သင့်မှာ သွေးနီဥတွေ လုံလုံလောက်လောက်မရှိရင် သွေးအားနည်းခြင်း ဖြစ်လာမှာပါ။
သွေးနီဥတွေဟာ ခန္ဓါကိုယ် အစိတ်အပိုင်းတွေအားလုံးကို အောက်စီဂျင် ပို့ဆောင်ပေးပါတယ်။ သွေးအားနည်းခြင်း ဖြစ်လာပြီဆိုရင်တော့ သွေးတွေကို တစ်ရှုး၊ အသားတွေအားလုံးဆီကို အောက်စီဂျင်တွေ လုံလုံလောက်လောက် မပို့ပေးနိုင်တော့ ပါဘူး။ အောက်စီဂျင် လုံလုံလောက်လောက် မရှိတဲ့ အတွက် သင့် ခန္ဓါကိုယ်ကလည်း လုပ်သင့်သလောက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။
Folic acid ပမာဏနည်းသွားခြင်းဟာ megaloblastic anaemia လို့ခေါ်တဲ့သွေးအားနည်းခြင်းမျိုးကို ဖြစ်စေနိုင်ပါတယ်။ အဲဒီသွေးအားနည်းခြင်း အခြေအနေမှာ သွေးနီဥတွေက ပုံမှန်ထက် ကြီးနေတာကို တွေ့ရပြီး အရေအတွက်လည်း နည်းနေတာကို တွေ့ရပါတယ်။ ပုံမှန် အဝိုင်းပုံစံမျိုး မဟုတ်ဘဲ ဘဲဥ ပုံ လည်း ဖြစ်နေကြပါတယ်။ တစ်ခါတစ်လေမှာ ဒီ သွေးနီဥတွေက ပုံမှန်သွေးနီဥတွေရဲ့ နေနိုင်တဲ့ သက်တမ်း လောက် ကြာကြာမနေနိုင်ကြပါဘူး။
လူအများစုကတော့ လိုအပ်တဲ့ folic acid ပမာဏကို သူတို့စားတဲ့ အစားအစာတွေထဲက နေ လုံလုံလောက်လောက်ရရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့သူတွေက နေ့စဉ်အစားအစာထဲကနေ လုံလုံလောက်လောက်မရကြတာမျိုး(သို့) စားလိုက်တဲ့ အစားအစာတွေကို စုပ်ယူတဲ့နေရာမှာ ပြသနာလေးတွေ ရှိတာမျိုး ဖြစ်တတ်ကြပါတယ်။ နေ့စဉ် folic acid ပါတဲ့ ဗိုက်တာမင်တွေ သောက်သုံးသင့်လားဆိုတာနဲ့ ပတ်သတ်ပြီး ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ folic acid ပမာဏလုံလုံလောက်လောက်မရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ မှာ ပြင်းထန်ဆိုးရွားတဲ့မွေးရာပါ ချို့ယွင်းချက်တွေပါလာတဲ့ ကလေးမျိုးမွေးဖွားဖို့ ပို ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။