သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းတို့လဲ အပါအဝင်ပါပဲ။ သွေးအားနည်းရောဂါရဲ့ ဆိုလိုရင်းကတော့
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းတို့လဲ အပါအဝင်ပါပဲ။ သွေးအားနည်းရောဂါရဲ့ ဆိုလိုရင်းကတော့
သာမန်ထက် သွေးနီ်ဥအရည်အတွက် နည်းခြင်း။ ဒါမှမဟုတ်
သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဗင် နဂိုရှိသင့်တာထက်နည်းနေခြင်း။ ဖြစ်ပါတယ်။
ဘယ်ဆိုလိုရင်းပဲဖြစ်ဖြစ် သွေးထဲမှာ အောက်စီဂျင်နည်းသွားတာပါပဲ။ ထိုသို့ဖြစ်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုတ်ခြင်း၊ သတိလစ်ခြင်းနဲ့ အသက်ရှုမဝခြင်းလိုမျိုး လက္ခဏာတွေ ရရှိလာစေပါတယ်။ သွေးအားနည်းရောဂါရဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး အခြားရောဂါလက္ခဏာတွေလည်း ရှိလာနိုင်ပါတယ်။
သံဓါတ်လုံလောက်စွာ ပါဝင်သော အစားအစာတွေကို မစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အစားအသောက်ချို့တဲ့သော်လည်း သံဓါတ်လုံလောက်တယ်ဆိုရုံမျှရရှိနေကြသော လူအချို့မှာ အခြားအချက်တွေပါရောထွေးလာရင် သွေးအားနည်းရောဂါရရှိလာမှာပါ။ ဥပမာတွေကတော့ ကလေးတွေ ကြီးကောင်ဝင်လာခြင်းနဲ့ မိန်းမတွေမှာကိုယ်ဝန်ဆောင်ခြင်း၊ ရာသီအများအပြားလာခြင်းတို့ပဲဖြစ်ပါတယ်။ သတ်သတ်လွတ်သမားအချို့ရဲ့ စားသောက်မှုပုံစံမှာလည်း သံဓါတ်လုံလောက်စွာ မပါဝင်တတ်ကြပါဘူး။
အဓိကလုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်အနှံ့အောက်စီဂျင်ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ အဆုတ်ကနေ ခန္ဓါကိုယ်တစ်လျောက်ကိုပို့ဆောင်ပေးတဲ့ ဟီမိုဂလိုဗင်ဒြပ်ပေါင်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အဓိကသံဓါတ်သိုလှောင်ပေးတဲ့နေရာတွေက အသည်းနဲ့ ကြွက်သားတွေပါ။
အစားအစာတော်တော်များများမှာတွေ့ရပြီး Heme သံဓါတ်နဲ့ Heme မဟုတ်သော သံဓါတ်ဆိုပြီး ၂မျိုးရှိပါတယ်။ Heme အမျိုးအစားကိုတော့ ခန္ဓါကိုယ်က အလွယ်အတူစုပ်ယူနိုင်ပြီး အသားငါးတွေမှာ တွေ့ရပါတယ်။ Heme မဟုတ်သော အမျိုးအစားကိုတော့ ပဲနဲ့ အစိမ်းရောင်ရှိသော အသီးအရွက်တွေမှာ အဓိက တွေ့ရမှာပါ။ ပေါင်မုန့်၊ ကွေကာအုပ်နဲ့ ဂျုံတို့မှာလည်း ထပ်မံဖြည့်စွက်ထားပါသေးတယ်။
ခန္ဓါကိုယ်ထဲမှာ သံဓါတ်မျှမျှတတရှိနေစေဖို့ ဆုံရှုံးသွားတဲ့သံဓါတ်နဲ့ ရရှိတဲသံဓါတ်ဟာ မျှခြေမှာရှိနေဖို့လိုအပ်ပါတယ်။ မစင်၊ ဆီး၊ အရေပြား၊ ချွေး၊ အမွှေးအမျှင်နဲ့ ခြေသည်းလက်သည်းတို့မှ သံဓါတ်ကို ဆုံးရှုံးလျက်ရှိပါတယ်။ မိန်းတွေမှာဆို ရာသီလာတဲ့အချိန်မှာပါ ဆုံးရှုံးနေတာကြောင့် သံဓါတ်ပိုလိုအပ်တတ်ကြပါတယ်။ ရေရှည်သံဓါတ် ပြည့်ဝနေစေဖို့ စားသောက်မှုပုံစံကနေ ရရှိနေဖို့လိုပါတယ်။ ဒါပေမယ့်လည်း ခန္ဓါကိုယ်က စုပ်ယူလိုက်တဲ့ သံဓါတ်ပမာဏဟာ နေ့စဉ်လိုအပ်တဲ့ပမာဏကို မပြည့်မှီတာကြောင့် ခန္ဓါကိုယ်က သိုလှောင်ပြီး ပြန်လည်အသုံးပြုရပါတယ်။
သံဓါတ်အလုံအလောက်မရရှိကြဘူးဆိုရင် ခန္ဓါကိုယ်အတွင်းမှ သံဓါတ်ပမာဏဟာ တဖြည်းဖြည်းကျဆင်းလာပါလိမ့်မယ်။ သိုလှောင်ထားတဲ့ဟာတွေပါ အသုံးပြုလိုက်ရမှာပါ။ အဲ့လိုဆက်ဖြစ်နေမယ်ဆိုရင် သံဓါတ်ကုန်ခန်းသွားပြီး သွေးအားနည်းရောဂါဖြစ်လာပါလိမ့်မယ်။
သံဓါတ်လိုအပ်ချက်ဟာ အသက်အရွယ်နဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ အကောင်းဆုံးရင်းမြစ်ကတော့ အသား အထူးသဖြင့် အနီရောင်ရှိသော အသားတွေပါ။ ဒါပေမယ့်လည်း သံဓါတ်ကို တိရိစ္ဆာန်မဟုတ်သော အခြားအရာတွေထံမှလည်း ရရှိနိုင်ပါတယ်။ အောက်ပါတို့က သံဓါတ်ရရှိနိုင်မယ့် အစားအစာတွေပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။