backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဓါတ်မတည့်မှု တုံ့ပြန်ခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဓါတ်မတည့်မှု တုံ့ပြန်ခြင်း

ဓါတ်မတည့်မှုများဟာ ကိုယ်ခံအားစနစ်ကနေ ဘေးမဖြစ်တတ်တဲ့ ပစ္စည်းတွေကို ဟန့်တားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီပစ္စည်းများကို ဓါတ်မတည့်ပစ္စည်းလို့ ခေါ်နိုင်ပါတယ်။ ဓါတ်မတည့် ပစ္စည်းတွေကို ရှူမိ၊ စားမိ၊ ထိကိုင်မိရင် ဓါတ်မတည့်မှု ဖြစ်စေတတ်ပါတယ်။ အတွေ့ရများတာကတော့ နှာစေးခြင်း၊ နှာရည်ကျခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလိုပြသနာတွေကြောင့် အနှောင့်အယှက် ဖြစ်ရပါတယ်။ တခါတလေ ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဓါတ်မတည့် တုံ့ပြန်မှုတွေကို သိထားဖို့ အရေးကြီးပါတယ်။

ဘာကြောင့် ဓါတ်မတည့်မှု ဖြစ်သလဲ

တချို့အရာတွေကို ရှူရှိုက်မိ၊ မျိုချမိ၊ ထိမိရင် ဓါတ်မတည့်တဲ့ တုံ့ပြန်မှု စတင်တတ်ပါတယ်။ ပြီးရင် ကိုယ်ခံအားစနစ်ကနေ Ig E လို့ခေါ်တဲ့ ခုခံပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီခုခံပစ္စည်းတွေဟာ ဆဲလ်တွေဆီကို ရောက်သွားပြီး ဟစ်စတမင်းနဲ့ တခြားဓါတုပစ္စည်းတွေကို ဖုတ်ပြီး ဓါတ်မတည့်တုံ့ပြန်မှုကို ဖြစ်စေပါတယ်။

တချို့လူတွေ ဓါတ်မတည့်ဖြစ်နေချိန်မှာ တချို့မှာ မဖြစ်တတ်တာကိုတော့ အကြောင်းအရင်း ရှာမတွေ့သေးပါဘူး။ မိသားစု ရာဇဝင်ဟာလည်း ဓါတ်မတည့်ခြင်းကို မျိုးရိုးလိုက်စေတတ်တာမို့ အရေးကြီးပါတယ်။ ဓါတ်မတည့်ရောဂါတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေတွေကလည်း ဓါတ်မတည့်မှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ အဲဒါတွေကတော့

– ဓါတ်မတည့်ဖြစ်စေတဲ့အရာနဲ့ မကြာခဏ ထိတွေ့တတ်ခြင်း

– စားသောက်မှုပုံစံ

– မသန့်ရှင်းသောလေထု (ဆေးလိပ်ငွေ့၊ အိတ်ဇောမီးခိုးငွေ့များ) စတာတွေဖြစ်ပါတယ်။

လက္ခဏာများ

ဓါတ်မတည့်တဲ့ လက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ဆိုးရွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများစုဟာ သိပ်မပြင်းထန်တတ်ပါဘူး။ နှာခေါင်းနဲ့ အရေပြားမှာ ဓါတ်မတည့်မှုဖြစ်ရင် မျက်လုံးများ ယားယံပြီး မျက်ရည်ကျခြင်း၊ နှာစေးခြင်း၊ နှာခေါင်းယားပြီး နှာရည်ယိုခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အစာမတည့်ရင် အစာအိမ်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပိုးကောင်ကိုက်မိရင် အကိုက်ခံရတဲ့နေရာမှာ နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ တခါတလေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ ဓါတ်မတည့်ခြင်းတွေ ကြုံနိုင်ပါတယ်။ ဒါကို ဆိုးရွားပြင်းထန်သော ဓါတ်မတည်ပခြင်းလို့ ခေါ်ပါတယ်။ မကုသဘဲနေရင် ၁၅မိနစ်အတွင်း သေဆုံးနိုင်ပါတယ်။

ဓါတ်မတည့်ရောဂါ လက္ခဏာများ

ကောက်ရိုးဖျား (အမှုန်အမွှားဝင်၍ ချောင်းဆိုးဖျားနာခြင်း)

နွေဦး၊ နွေနဲ့ ဆောင်းဦးရာသီတွေမှာ ဖြစ်တတ်ပါတယ်။ နှာစေးခြင်း၊ နှာရည်ကျခြင်း၊ နှာခေါင်း မျက်လုံးနှင့် အာခေါင်ယားယံခြင်း စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ တနှစ်လုံး တွေ့နေရတယ်ဆိုရင် အိမ်တွင်းမှာပဲရှိတဲ့ မွှား၊ မှို၊ အိမ်မွေးတိရစ္ဆာန် စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အင်ပျဉ်ထခြင်း

နီရဲယားယံပြီး အပျဉ်လိုက်ဖြစ်တတ်ပါတယ်။ အကွက်တွေဟာ ကြီးမားတတ်ပြီး သေးငယ်တာတွေလည်း တွေ့ရတတ်ပါတယ်။ တချို့ စားစရာနဲ့ ဆေးဝါးတွေကြောင့် ဖြစ်တတ်ပါတယ်။

ဓါတ်မတည့်မှုကြောင့်မျက်ခမ်းရောင်ခြင်း၊ မျက်လုံး ဓါတ်မတည့်ခြင်း

ဓါတ်မတည့်ပစ္စည်းနဲ့ မျက်လုံးနဲ့ ထိတွေ့တဲ့အခါ နီရဲခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ပန်းနာရင်ကျပ်

ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူပြင်းထန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်ပွားရခြင်းဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းပြီး ကျဉ်းမြောင်းသွားတာကြောင့် အသက်ရှူရခက်ခြင်း ဖြစ်ပါတယ်။

အစာမတည့်ခြင်း

တချို့ပရိုတိန်းအမျိုးအစားကို ကိုယ်ခံအားစနစ်က တုံ့ပြန်ပြီး ဓါတ်မတည့်မှု ဖြစ်ပွားတတ်ပါတယ်။ အစားအနည်းငယ်လောက်နဲ့ပဲ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ စားစရာတွေကတော့ နွားနို့၊ ဥများ၊ ပဲစေ့၊ ဂျုံ၊ ပဲပိစပ်၊ ငါး၊ ခရုကမာ၊ အခွံမာစေ့ စတာတွေ ဖြစ်ပါတယ်။

နှာပိတ်ခြင်း

နှာပိတ်တဲ့အတွက် မျက်နှာရောင်အမ်းခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ကျခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်မှုကြောင့် နှာစေးခြင်း၊ ရင်ကျပ်ခြင်း စတာတွေ ခံစားနေရသူများဟာ နာတာရှည် ထိပ်ကပ်နာရောဂါ ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဟာ ရောင်ရမ်းပြီး ကျဉ်းမြောင်းနေတတ်တာကြောင့် ဖြစ်ပါတယ်။

ဓါတ်မတည့်ခြင်းအား ရောဂါရှာဖွေခြင်း၊ ကုသခြင်း

ပထမဦးစွာ ဆရာဝန်ဟာ ဓါတ်မတည့်ခြင်း ဟုတ်မဟုတ် စစ်ဆေးပါလိမ့်မယ်။ ရောဂါရာဇဝင်မေးပြီး စမ်းသပ်ပါလိမ့်မယ်။ ဓါတ်မတည့်မှု စစ်ဆေးခြင်းတချို့ ပြုလုပ်ပါလိမ့်မယ်။ အောက်ပါ အမျိုးအစားတွေဟာ ဘာကြောင့် ဓါတ်မတည့်ရသလဲဆိုတာ စမ်းသပ်စစ်ဆေးနည်းတွေပဲ ဖြစ်ပါတယ်။

အရေပြားစမ်းသပ်ခြင်း။ ဖြစ်နိုင်ခြေရှိတဲ့ ဓါတ်မတည့်ပစ္စည်းကို အရေပြားနဲ့ ထိတွေ့စေပြီး တုံ့ပြန်မှုကို စောင့်ကြည့်တာပဲ ဖြစ်ပါတယ်။

IgE ခုခံပစ္စည်းစမ်းသပ်ခြင်း။ သွေးထဲမှာရှိတဲ့ IgE ပစ္စည်းကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီခုခံပစ္စည်းဟာ တချို့ဓါတ်မတည့် ပစ္စည်းတွေကို သီးသန့်ဓါတ်ပြုတတ်ပါတယ်။ သွေးထဲမှာ ပါဝင်မှုကွဲပြားတာကို စစ်ဆေးပြီး ကောက်ချက်ချနိုင်ပါတယ်။

သွေးစစ်ခြင်း။ Eosinophil လို့ခေါ်တဲ့ သွေးဖြူဥ တမျိုးကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒီသွေးဖြူဥဟာ လူတိုင်းမှာရှိပေမယ့် ဓါတ်မတည့်မှု ဖြစ်ပွားချိန်ဆိုရင် ပမာဏ များလာတတ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement