backup og meta

အပြင်မှာ ညစာထွက်စားမယ်ဆိုရင် အစာနဲ့ဓါတ်မတည့်မှုအတွက် အပြင်မထွက်ခင် ဘယ်လို စီမံရမလဲ

များသောအားဖြင့်တော့ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတာက သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ပျော်ပါးပါးစားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ သင် အေးအေးဆေးဆေး စားလို့ရမယ့်အချိန်ဟာ သင်နဲ့မတည့်တဲ့အရာတွေအားလုံး တတ်နိုင်သမျှ သင်နဲ့အဝေးကြီးမှာ ရှိတာ သေချာတဲ့အချိန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ သတိထားမှုတွေနဲ့ဆိုရင်တော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ တစ်ခေါက်တစ်ခါတော့ ညစာ စားနိုင်ပါသေးတယ်။

စားသောက်ဆိုင်ရွေးချယ်ခြင်း

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘယ်မှာစားမယ်ဆိုတာရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တာက နာမည်ကြီးစားသောက်ဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စနည်းနာဖို့တော့ လိုအပ်ပါဦးမယ်။ သင့်လိုပဲ အစာနဲ့ဓါတ်မတည့်သူတွေကို သူတို့ဘယ်နေရာတွေမှာ စားလေ့ရှိလဲဆိုတာကို မေးခြင်းအားဖြင့်လည်း စဉ်းစားနိုင်ပါသေးတယ်။ နေရာစဉ်းစားပြီးပြီဆိုတာနဲ့ သင့်နဲ့ သင့်လျော်၏ မလျော်၏ဆိုတာအတွက် စားသောက်ဆိုင်ရဲ့ မီနူးကို စစ်ဆေးပါ။

တကယ်လို့ ဘယ်နေရာကို ရွေးချယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အကောင်းဆုံးကတော့ ဘယ်လိုစားသောက်ဆိုင်တွေကို ရှောင်ကြဉ်ရမလဲဆိုတာနဲ့ စတင်လိုက်ပါ။ ဒီထဲမှာ –

ဘူဖေးဆိုင်တွေပါ ပါပါတယ်။ ဒီနေရာတွေမှာ စားစရာတွေအများကြီးရှိသလောက် သင်နဲ့မတည့်တဲ့စားစရာတွေကလည်း တခြားအရာတွေနဲ့ ရောနှောပါနိုင်ပြီး သင်မှားယွင်းစားသောက်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေစပြီပေါ့။

Bakeries (ကိတ်ဆိုင်များ) ဒါဟာလည်း ဘူဖေးဆိုင်တွေနဲ့အတူတူပါပဲ။ စားစရာတွေကို နီးနီးကပ်ကပ်ထားရှိတာကြောင့် Cross contact ဖြစ်နိုင်ချေလည်း များပါတယ်။

စားစရာတွေကို ကြိုချက်ထားတဲ့ စားသောက်ဆိုင်များ။ နာမည်ကြားလိုက်ယုံနဲ့ သဘောပေါက်မှာပါ။ ကြိုချက်ထားတဲ့စားစရာတွေမှာတော့ အန္တရာယ်ပေးနိုင်တဲ့ပစ္စည်းတွေ ၁၀၀%ကင်းရှင်းဖို့မလွယ်ပါဘူး။ ပြီးတော့ သူတို့ကို ကြိုလုပ်ထားတာဖြစ်တာကြောင့် သင်နဲ့မတည့်တဲ့အရာတွေကို သင်ရှောင်ပြီးရွေးချယ်ဖို့ကလည်း ခက်ခဲသွားပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေကလည်း စားစရာတွေထဲ ဘာတွေပါဝင်သလဲဆိုတာကို အတိအကျ သိနိုင်မှာမဟုတ်ပါဘူး။

ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ စားသောက်ဆိုင်များ ။ ဒါကလည်း ပြောစရာကို မလိုတော့ပါဘူး။ မြေပဲ သို့မဟုတ် အခြားသော အခွံမာသီးတွေဟာ များသောအားဖြင့် အာရှဟင်းလျာတွေမှာ သုံးလေ့ရှိပါတယ်။ တကယ်လို့ သင်က မြေပဲနဲ့ဓါတ်မတည့်ဘူးဆိုရင် ဒီ အာရှစားသောက်ဆိုင်တွေနဲ့ ဝေးဝေးနေပါ။ ပင်လယ်စာစားသောက်ဆိုင်တွေမှာဆိုလည်း ပင်လယ်စာကိုအဓိကထားရောင်းတာကြောင့် သင်က ပင်လယ်စာနဲ့ဓါတ်မတည့်ဘူးဆိုရင် သင်က ဒီစားသောက်ဆိုင်မှာ ဘယ်လိုပဲ ပင်လယ်စာမပါတဲ့ စားစရာကို မှာနေပါစေ ကံကိုယုံပြီး ဆူးပုံမနင်းလိုက်ပါနဲ့။ သင့်ရဲ့စားစရာတွေကို ချက်ပြုတ်ပေးတဲ့ အိုးခွက်ပန်းကန်တွေမှာ ပင်လယ်စာတွေနဲ့ဓါတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့အရာတွေ ကပ်ပါနေနိုင်ပါတယ်။

စားသောက်ဆိုင်ပြောင်းလဲခြင်း။ မန်နေဂျာကို တိုက်ရိုက်ခေါ်ပြီး သင့်ရဲ့အခြေအနေအကြောင်းကို ရှင်းပြလိုက်ပါ။ ဖြစ်နိုင်ရင်တော့ စားဖိုမှူးနဲ့ပြောတာ ကောင်းပါတယ်။ ဘယ်သူမှ ကိုယ်ဒုက္ခရောက်မယ့်ကိစ္စတွေကို မလုပ်ဘူးမဟုတ်လား။ ပြီးတော့ စားသောက်ဆိုင်ရဲ့ အလုပအရှုပ်ဆုံးအချိန်တွေ၊ အလုပ်ပါးတဲ့အချိန်တွေကို လေ့လာပါ။ ဒါက စားသောက်နေတဲ့ အချိန်မှာ သင့်အတွက် သက်တောင့်သက်သာရှိမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပြီး ဝန်ထမ်းတွေကလည်း ပိုပြီး ဂရုစိုက်နိုင်ပါလိမ့်မယ်။

နိဂုံးချုပ်အားဖြင့် အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ။ ဘယ်လိုပဲ သင်ရွေးချယ်ထားတဲ့ စားသောက်ဆိုင်က စိတ်ချရပါစေ၊ အမှားသေးသေးလေးတစ်ခုက ဒုက္ခအကြီးအကျယ်ရောက်စေနိုင်ပါတယ်။ သင့်ရဲ့ဆေးတေကို အမြဲတမ်းဆောင်ထားပြီး ဓါတ်မတည့်မှုဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေကို ပြင်ဆင်ထားပါ။ သင်နဲ့သွားတာက ဘယ်သူပဲဖြစ်ဖြစ် သင့်မှာ ဓါတ်မတည့်မှုတွေဖြစ်လာပြီဆိုရင် ဘာလုပ်ရမယ်ဆိုတာ သိနေပါစေ။ သေချာဂရုစိုက်ပြင်ဆင်မှုတွေနဲ့ဆိုရင်တော့ အခြားသူတွေလိုပဲ အပြင်မှာ ပျော်ပျော်ပါးပါး ညစာစားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Dining Out”
http://www.foodallergy.org/managing-food-allergies/dining-out
“Before You Go”
http://www.foodallergy.org/managing-food-allergies-at/dining-out/before-you-go
“Food Allergies: Tips for Eating Out”
http://www.webmd.com/allergies/features/food-allergies-tips-for-eating-out

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement