၇။ trichomoniasisရောဂါ
ဒီရောဂါကလည်း ပါးစပ်ဖြင့် လိင်ဆက်ဆံရင် ဆက်ဆံတဲ့သူပဲ ဖြစ်ဖြစ်၊ ဆက်ဆံခံရတဲ့သူပဲ ဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ မွေးလမ်းကြောင်း၊ လိင်တံ၊ ပါးစပ်၊ လည်ချောင်းတို့ ဖြစ်ပါတယ်။ စစချင်းတော့ ဘာလက္ခဏာမှ မပြဘဲ ပြလာတဲ့အခါမှာ မွေးလမ်းကြောင်း၊ လိင်အင်္ဂါမှာ စွန့်ပစ်အရည်များဆင်းခြင်း၊ မွေးလမ်းကြောင်းနီရဲလာခြင်း၊ မွေးလမ်းကြောင်း ယားယံလာခြင်း၊ ဆီးသွားချိန် ပူစပ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ trichomoniasis ရောဂါကို ကုသလို့ ရပါတယ်။
အထက်မှာပြထားတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အပြင်တခြား ကူးစက်ရောဂါတွေ ဖြစ်တဲ့ အသည်းရောင် အသားဝါ A (hepatitis A virus)၊ Shigella နဲ့ အူလမ်းကြောင်းကပ်ပါးကောင် (amebiasis) တို့ဟာလည်း စအိုကို ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းက မွေးလမ်းကြောင်းနဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်းတို့ ထက်စိတ်ချရရဲ့လား။
လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STDs) အများစုဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ မတူညီတဲ့လိင်ဆက်ဆံပုံတွေကနေပြီး ဘယ်လောက် ရောဂါ ကူးစက်နိုင်သလဲဆိုတာကိုတော့ အတိအကျပြောဖို့ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့သူအများစုဟာလည်း မွေးလမ်းကြောင်းဖြင့် စအိုဖြင့်လည်း လိင်ဆက်ဆံတတ်ကြလို့ပါ။
လေ့လာချက်တွေ အရတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ မွေးလမ်းကြောင်းနဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်းတို့ထက် HIV ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ ပိုနည်းတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီအချက်က HIV ဗိုင်းရပ်စ်အတွက်သာ ဖြစ်ပြီး တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အတွက်တော့ မှန်မနေ နိုင်ပါဘူး။
ဥပမာ လေ့လာချက်တစ်ခုအရ ဆစ်ဖလစ်ရှိတဲ့ လိင်တူ ချစ်သူ အမျိုးသား တွေကိုလေ့လာခဲ့တဲ့စစ်တမ်းတစ်ခုမှာ ၅ ယောက်အနက် ၁ ယောက် ပါးစပ်ဖြင့်သာ လိင်ဆက်ဆံခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ မွေးလမ်းကြောင်းနဲ့ စအိုတို့ဖြင့် လိင်ဆက်ဆံခြင်းတို့ထက် အန္တရာယ်နည်းနိုင်ပေမဲ့ ကူးစက်နိုင်ခြေ ရှိပါသေးတယ်။
Chlamydia နဲ့ gonorrhea တို့ လည်ချောင်းမှာ ကူးစက်ခံထားရခြင်းက လိင်အင်္ဂါတွေနဲ့ စအိုလမ်းကြောင်းမှာ ကူးစက်ခံထားရခြင်းလောက်တော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို ပိုမြင့်စေနိုင်ပါတယ်။ ဒါပေမဲ့ ဆစ်ဖလစ်တို့ HIV တို့ကတော့တစ်ကိုယ်လုံးကို ပျံ့နှံ့နိုင်တဲ့အတွက် ဘယ်နေရာကနေ ရရ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ STD တွေ ရနိုင်ခြေကို ပိုများစေတဲ့အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ။
အောက်ပါအချက်တွေ ဖြစ်နေရင်တော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကနေ HIV နဲ့ တစ်ခြား STD တွေရနိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။ –
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။