ဆီးပူညောင်းကျရောဂါ ဟာ ကုသလို့ရပေမဲ့ မကုသဘဲ ဒီအတိုင်းထားရင် ပြင်းထန်တဲ့ ရောဂါသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဆီးပူညောင်းကျရောဂါ ကို မကုသဘဲ ထားတဲ့အခါ တင်ပါးဆုံ အရိုးများ ရောင်ရမ်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပြီး နောက်ဆုံး သန္ဓေမရတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေလောက် အဖြစ်မများပေမဲ့ ဆီးပူညောင်းကျရောဂါ ဟာ အမျိုးသားတွေမှာလည်း သန္ဓေမရနိုင်တော့သည် အထိဖြစ်စေနိုင်ပါတယ်။
ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)
ဆစ်ဖလစ်ကာလသားရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ဆစ်ဖလစ် အနာရှိနေတဲ့ အရည်ပြားနဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါပါ။ ဆစ်ဖလစ် အနာတွေဟာ သတိမထားမိနိုင်လောက်အောင် သေးငယ်တဲ့အတွက် လူတစ်ယောက်အနေနဲ့ ဆစ်ဖလစ်ရောဂါရှိလား၊ မရှိလားသိချင်ရင် ဆေးစစ်ကြည့်မှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါကို ကုသနိုင်ပါတယ်။ ဒါပေမဲ့ မကုသဘဲ ထားမယ်ဆိုရင် လိင်အင်္ဂါပျက်ဆီးခြင်း၊ ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ စိတ်ဖောက်ပြန်မှု နဲ့ ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ ဖြစ်ဖြစ်ခြင်း ကာလတွေမှာ အရည်ကြည်ဖုလို အဖုသေးတွေ အများကြီးထွက်နိုင်ပါတယ်။ ဒီလို အရည်ကြည်ဖုလို အနာတွေဟာ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံရတဲ့အချိန်မှာ စတင်ဖြစ်ပေါ်တာ ဖြစ်ပြီး ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံခဲ့ရသူတွေဟာ သူတို့ရဲ့ လိင်အင်္ဂါနဲ့ ပါးစပ်တွေတစ်ဝိုက်မှာ အနာဖုသေးတွေရှိနေနိုင်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါ ကြာလာတာနဲ့အမျှ အရည်ပြားပေါ်မှာ အနီကွက်တွေ ပေါ်လာနိုင်ပြီး ချွဲကျိတဲ့ အမြှေးပါးတွေကို ပျက်ဆီးစေပါတယ်။ ရောဂါ ပြင်းလာတာနဲ့အမျှ ဆစ်ဖလစ်ကြောင့် နှလုံးနဲ့ ဦးနှောက်အပါအဝင် ခန္ဓါကိုယ်အင်္ဂါ တွေ ပျက်ဆီးစေပါတယ်။
တစ်ခြား STI ရောဂါတွေကတော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ခြေတော့ ရှိနေပါသေးတယ်။ အဲ့ဒီ STI ရောဂါတွေကတော့-
HIV (human immunodeficiency virus)
HIV (human immunodeficiency virus) ဗိုင်းရပ်စ်ဟာ ရောဂါရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓါကိုယ်အရည်တွေဟာ တစ်ခြားလူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မိရင် ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ HIV ဟာ ဘာရောဂါ လက္ခဏာမှ မပြသေးပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး acquired immunodeficiency syndrome (AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာကို ဖြစ်စေနိုင်ပါတယ်။
Chlamydia
Chlamydia ရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ လူအများစုမှာ Chlamydia ရောဂါ လက္ခဏာတွေ မပြပေမဲ့ အချိန်ကြာလာတဲ့အခါ လိင်အင်္ဂါတွေ ယားယံခြင်း၊ ပူလောင်ခြင်းနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ဆီးခုံသန်းများ
ဆီးခုံ သန်းများဟာ လူအသွေးကို အာဟာရပြုပြီး ဆီးခုံမွှေးတွေမှာ နေထိုင်တဲ့ အင်းဆက်ငယ်လေးတွေ ဖြစ်ပါတယ်။ ဒီအင်းဆက်တွေဟာ တစ်ခြား ခန္ဓါကိုယ် အမွှေးတွေမှာလည်း နေထိုင်နိုင်ပေမဲ့ ဦးရေပြားမှာတော့ မနေထိုင်ကြပါဘူး။ ဆီးခုံသန်းများဟာ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓါကိုယ်ထိပြီဆိုတာနဲ့ ခုန်ကာကူးစက်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။