backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ)


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကဘာလဲ။

ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။

  • မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း
  • လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။
  • Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

    ဆီးပူညောင်းကျ(ဂနို)ရောဂါ သည် အလွန်အတွေ့ရများပါသောလက္ခဏာဖြစ်ပြီး အမျိုးသားများတွင် ပိုဖြစ်သည်။ ပိုမိုတိကျစွာသိရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

    လက္ခဏာများ

    Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

    အတွေ့ရများသော ရောဂါလက္ခဏာများမှာ

    • မိန်းမကိုယ်နှင့် လိင်တံမှ အစိမ်းရောင် သို့မဟုတ် အဝါရောင် အရည်ပျစ်ပျစ်များ ကျလာခြင်း
    • ဆီးသွားစဉ် နာကျင်ခြင်း
    • အမျိုးသမီးများတွင် ရာသီမလာမီ စပ်ကြားအချိန်တွင် သွေးဆင်းခြင်း
    • မိခင်တွင် ဂနိုရောဂါကို မကုသပါက မွေးကင်းစကလေးတွင် ပြင်းထန်သော မျက်လုံးပိုးဝင်ရောဂါဖြစ်ခြင်း တို့ဖြစ်သည်။

    အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အောက်ပါ လက္ခဏာများရှိလာလျှင် ဆရာဝန်နှင့် ပြသင့်သည်။

    • ဆီးသွားစဉ် နာကျင်ခြင်း
    • မိန်းမကိုယ်မှ အရည်များဆင်းခြင်း
    • အမျိုးသမီးများတွင် ရာသီမလာမီ စပ်ကြားအချိန်တွင် သွေးဆင်းခြင်း
    • စအို ယားခြင်း
    • စအိုယောင် ခြင်း (အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးအတွက် အကျုံးဝင်သည်။)
    • စအိုမှသွေးထွက်ခြင်း(အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးအတွက် အကျုံးဝင်သည်။)
    • ဝမ်းသွားလျှင် နာကျင်ခြင်း(အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးအတွက် အကျုံးဝင်သည်။)

    အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    အကြောင်းရင်းများ

    Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

    ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။

    • မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း
    • လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊
    • အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။

    ဖြစ်နိုင်ခြေများ

    Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    ဆီးပူညောင်းကျ(ဂနို)ရောဂါကို ဖြစ်နိုင်ချေများစေသောအချက်များစွာရှိသည့်အနက်အရေးကြီးဆုံးအချက်မှာ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းဖြစ်သည်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    • လူနာ၏ သေးစိတ်ရာဇဝင်နှင့် ဆရာဝန်၏တွေ့ရှိချက်များကို ဆက်စပ်ခြင်း နှင့် ရောဂါလက္ခဏာများကို ကြည့်ခြင်း
    • လိင်အင်္ဂါမှထွက်သော အရည်ကိုဂွမ်းစဖြင့် ယူကာ ဓါတ်ခွဲစစ်ဆေးခြင်း
    • ဆီးစစ်ခြင်း တို့ဖြင့် သိနိုင်သည်။

    Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကို ဘယ်လိုကုသပါသလဲ

    ဆီးပူညောင်းကျ(ဂနို)ရောဂါကို ပုံမှန်အားဖြင့် ပိုးသတ်ဆေး ထိုးဆေး သို့မဟုတ် စားဆေး ဖြင့် တကြိမ် ထိုး/စားခြင်းဖြင့် ကုသနိုင်သည်။

    ထိုသိုကကုသပြီး ၁-၂ပတ်အကြာတွင် သင့်ရောဂါ အခြေအနေကို သိရှိရန် ဆရာဝန်ထံရက်ချိန်းလာပြရန်လိုပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဆီးပူညောင်းကျ(ဂနို)ရောဂါဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါ တို့ကို လိုက်နာခြင်းဖြင့် ဂနိုရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါသည်။

    • လိင်ဆက်ဆံသည့် အခါတိုင်းတွင် လိင်တံတွင်ဝတ်ရသော အမျိုးသားကွန်ဒုံး၊ မိန်းမကိုယ်တွင် ဝတ်ရသောအမျိုးသမီးကွန်ဒုံးများ အသုံးပြုခြင်း
    • ပါးစပ်ဖြင့် ဆက်ဆံခြင်းပြုပါက လိင်တံနှင့် မိန်းမကိုယ်ကို ကို ရာဘာကွန်ဒုံးဖြင့်ကာထားပါ။
    • လိင်အရုပ်များကို ဝေမျှသုံးစွဲခြင်းမပြုရ။ ဝေမျှသုံးမည်ဆိုလျှင်လည်း အသုံးမပြုမီတွင် ၎င်းတို့ကို လျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများပြုလုပ်ပါ။
    • သည်အထိ လိင်ဆက်ဆံခြင်းကိုရှောင်ကျဉ်ပါ။

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement