များသောအားဖြင့်တော့ အိပ်ရာခင်းတွေ၊ အဝတ်အစားတွေ၊ အတွင်းခံတွေမှာ ကပ်နေတာ များပါတယ်။
- လျှော်လို့ရတဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေကို ကုသမှု မစခင် ၂ရက်အလိုတည်းက လျှော်ထားရပါမယ်။ ပူရင် သန်းတွေ သေတဲ့အတွက် ရေပူကို သုံးပါ။ ၁၃၀ ဒီဂရီဖာရင်ဟိုက်လောက်ရှိတဲ့ ရေနွေးနဲ့ ဆပ်ပြာကို ဖျော်ပြီး စိမ်လျှော်ပါ။ ပြီးရင် နေပြင်းပြင်းမှာ အနည်းဆုံး မိနစ် ၂၀လောက် လှမ်းထားပါ။
- လျှော်မရတဲ့ ပစ္စည်းတွေဆို အလုံပိတ်အိတ်နဲ့ ထည့်ပြီး ၂ပတ်ကြာမှ ပြန်သုံးပါ။
- အဝတ်အစားတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်ဆေး မဖြန်းရပါ။
မိမိအဖော်ကို မကူးစက်စေဖို့
ဆီးခုံသန်းက လိင်ကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် မိမိကနေ သူများကို ကူးတာကို ဖြစ်နိုင်သလို သူများကနေ မိမိကို ကူးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
- မိမိအဖော်ကိုပါ စစ်ဆေးပြီး သန်းရှိရင် ကုသပါ။
- ၂ပတ်လောက် အတူနေတာကို ရှောင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။