backup og meta

အရေးပါတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို DHA နဲ့အကူအညီပေးကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပါတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို DHA နဲ့အကူအညီပေးကြမယ်

    မိဘတိုင်းရဲ့ အလိုလားဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဒီဆန္ဒပြည့်ဖို့ အခွင့်အရေးကို အဝေးကြီးမှာ သွားရှာနေစရာ မလိုပါဘူး။ ဖေဖေမေမေတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်မှုအတွက် DHA ကိုအသုံးပြုပြီး အားဖြည့်ကူညီပေးလို့ရပါတယ်။

    DHA ဆိုတာ ဘာလဲ။

    DHA ဆိုတဲ့ အာဟာရဓာတ်က ငါးကြီးဆီမှာ ပါဝင်တဲ့ Omega – 3 fatty acid အမျိုးအစားထဲက တစ်မျိုး (Docosahexaenoic Acid) ဖြစ်ပါတယ်။ ကလေးဘဝမှ အသက်ကြီးလာတဲ့အချိန်ထိ မျက်စိအမြင်အာရုံ နဲ့ ဦးနှောက် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွေ မျက်စိမှုန်ခြင်းမရှိဖို့ ကာကွယ်ပေးနိုင်သလို ကလေးဘဝမှာ DHA ကို အလုံအလောက် ရရှိမှ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်မှာပါ။

    ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ဘယ်အသက်အရွယ်မှာ စတင်ကြမလဲ။

    ကလေးအတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေဖို့ အစောဆုံးကာလကို ပြောပါဆိုရင် ကိုယ်ဝန်ဆောင် မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကတည်းက စတင်လို့ မိခင်အနေနဲ့ DHA အာဟာရဓာတ် ပါဝင်မှုများတဲ့ ပင်လယ်ငါး၊ အဆီများတဲ့ ငါးတွေ၊ ကြက်ဥ၊ ရေညှိ၊ နွားနို့ စတာတွေကို စားသုံးပေးဖို့ လိုပါတယ်။ မိခင်စားလိုက်တဲ့ အစာအာဟာရတွေဟာ ဗိုက်ထဲမှာရှိတဲ့ ကလေးဆီသို့ ရောက်ရှိပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို စောစီးစွာ အထောက်အကူ ပေးနိုင်ပါတယ်။

    ကလေး အသက် ၆လမပြည့်ခင်အချိန်ထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ပေးရပါမယ်။ မိခင်နို့မှာ ကလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် DHA ဓာတ်လည်း ပါဝင်ပါတယ်။ ကလေးကို အသက် ကိုးနှစ်လောက်အထိ နို့တိုက်ကျွေးလို့ရပါတယ်။ အသက် ၂နှစ်ကျော်တဲ့ကလေးတွေမှာ တကယ်လို့ မိခင်က အကြောင်းအမျိုးမျိုးကြောင့် နို့ချိုမတိုက်ကျွေးနိုင်တာဘဲဖြစ်ဖြစ် ဒါမှမဟုတ် နို့ထွက်နည်းလို့ ကလေးအတွက် မလုံလောက်တာဘဲဖြစ်ဖြစ် အစားထိုးနို့မှုန့်တွေ တိုက်ကျွေးလို့ရပါတယ်။ အဲဒီလိုရွေးချယ်တဲ့အခါမှာ ကလေးကျန်းမာရေး၊ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံ ကောင်းစေဖို့ DHA ၊ ဗီတာမင်ဓာတ်တွေ၊ ကယ်လ်စီယမ်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။

    ဒီလိုမျိုး ကလေး အသက် ပထမ ၅ နှစ်အတွင်း DHA ဓာတ်ကို ပြည့်ဝစုံလင်စွာ ရရှိပါမှ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်ပြီး ဉာဏ်ကောင်းထက်မြက် ပျော်ရွှင်တဲ့ ကလေးတစ်ယောက် အဖြစ် ကြီးပြင်းလာနိုင်မှာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဘက်စုံထူးချွန်ထက်မြက်စေဖို့ မရှိမဖြစ် အာဟာရဓာတ် DHA လုံလောက်စွာ ကျွေးဖို့ အရေးကြီးတယ်နော်။

    ကလေးဦးနှောက် ဖွံ့ဖြိုးမှုအပြင် DHA က ဘာတွေ အကျိုးပြုနိုင်သေးလဲ။

    ၁။ နှလုံးကျန်းမာစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို ကျစေတယ်။

    ၂။ အတက်အကြွလွန်ပြီး အာရုံမစူးစိုက်နိုင်တဲ့ ရောဂါ (ADHA) ကို ကာကွယ်ပေးနိုင်တယ်။

    ၃။ အမြင်အာရုံ ကောင်းစေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမှုန်တာ၊ မျက်မှန်တပ်ရတာမျိုး မဖြစ်စေဖို့ ကူညီပေးတယ်။

    ၄။ ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းကို ထက်မြက်စေတယ်။

    ၅။ မှတ်ဉာဏ်ကောင်းစေပြီး အတန်းထဲမှာ စာလိုက်နိုင်စေတယ်။

    ၆။ ခန္ဓာကိုယ်အတွက် အကျိုးပြု ကိုလက်စထရောတွေကို တိုးစေတယ်။

    မိခင်တွေ ကလေး ဦးနှောက် ဖွံ့ဖြိုးစေဖို့ ဘာတွေ လုပ်ပေးနိုင်မလဲ။

    ၁။ မေမေတွေ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အိပ်ချိန်မှန်အောင် ဂရုစိုက်ပေးပါ။ ဆရာဝန်နဲ့ မှန်မှန်ပြပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုံလင်စွာ စားသောက်ပေးပါ။

    ၂။ DHA ပါဝင်မှုများတဲ့ အစားအစာတွေ ဖြစ်တဲ့ အဆီများတဲ့ ပင်လယ်ငါးတွေ၊ ကြက်ဥနဲ့ ပင်လယ်ရေညှိတွေ များများစားပေးပါ။ မိခင်စားသုံးတဲ့ အစားအစာကနေ အာဟာရဓာတ်တွေဟာ ကလေးဆီသို့ ရောက်နိုင်တယ်ဆိုတာကို အမြဲသတိပြုပေးပါ။

    ၃။ ကလေးမွေးပြီး ၆လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ မှန်မှန်တိုက်ပေးပါ။ အသက် ၂နှစ်အထိ မိခင်နို့တိုက်လို့ ရပြီး လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေကိုလည်း ကျွေးပေးပါ။ ဖြည့်စွက်အာဟာရနဲ့ နို့မှုန့်တွေကို အသက် ၉ နှစ်အထိ တိုက်ကျွေးလို့ရပါတယ်။

    ၄။ ကလေးနဲ့ အတူ စာဖတ်ပြတာမျိုး၊ ရုပ်ပုံ ပန်းချီကားတွေ ပါတဲ့ စာအုပ်တွေကို ပေးဖတ်ပြီး ပုံနဲ့ စာ တွဲမြင်စေဖို့ ကူညီပေးတာ၊ သီချင်းဆိုပြီး ချော့သိပ်တာ၊ အတူဆော့ကစားတာ၊ ဉာဏ်ရည်ထက်စေမယ့် အရုပ်တွေ ဝယ်ပြီး အတူဆော့ကစားတာ စတဲ့ အလေ့အကျင့်တွေကို မေမေရော ဖေဖေပါ ကူလုပ်ပေးနိုင်ပါတယ်။

    DHA ဟာ စောရင် စောသလောက် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးနိုင်စွမ်းရှိတာကြောင့် မိဘတွေလည်း ချစ်ရတဲ့ သားသား မီးမီးတွေ ဉာဏ်ကောင်းပြီး ထူးချွန်ထက်မြက်စေဖို့ DHA အာဟာရဓာတ်ကို စုံလင်စွာ ရရှိအောင် ဂရုစိုက်ပေးဖို့ ထပ်ပြီး အကြံပေးလိုက်တယ်နော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement