ဆက်ဆံရေးပြဿနာများ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ တန်ဖိုးထားမခံရခြင်း၊ လမ်းခွဲပြတ်စဲခြင်းစတဲ့ ဆက်ဆံရေးပြဿနာတွေက သင့်ဘဝမှာကြီးကြီးမားမားခံစားရနိုင်ပါတယ်။ စုံတွဲတွေ ပြဿနာတက်ခြင်းကနေ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကများခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်းနဲ့ အလွန်အမင်းကြောက်လန့်ခြင်းတွေ ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။
စုံတွဲတွေ ပြဿနာတက်ခြင်းက စိတ်ပိုင်းဆိုင်ရာနာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပြီး သတ်သေလိုတဲ့ အတွေးတွေ ပေါ်လာနိုင်ပါတယ်။ အထီးကျန်ရမှာကြောက်တဲ့စိတ်၊ တစ်ယောက်တည်းဖြစ်ရမှာ ကြောက်တဲ့စိတ်တွေကို ဖြေဖျောက်တဲ့ အနေနဲ့ ဖဲလောင်းကစားဝိုင်းတွေမှာ ဝင်ပါတာမျိုး၊ ဆေးအရက်စွဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
သင့်စိတ်ခံစားချက် နာကျင်မှုကို သင်မကျော်လွှားနိုင်တော့တဲ့အခါမှာ မျှော်လင့်ချက်ကင်းသွားပြီး သတ်သေလိုတဲ့ အတွေးတွေဖြစ်နိုင်ပါတယ်။ နာကျင်မှုက ဘဝရဲ့မရှောင်လွှဲနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိထားဖို့ အရေးကြီးပါတယ်။ လူတိုင်းမှာ နာကျင်မှုကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပေမယ့် ပြင်းပြင်းထန်ထန် စိတ်ပိုင်းဆိုင်ရာနာကျင်ခြင်းက သတ်သေချင်စိတ် အတွေးတွေဆီ ဦးတည်သွားစေပါတယ်။
ဘာတွေက သတ်သေလိုတဲ့ အတွေးတွေဖြစ်စေလဲဆိုတာကို နားလည်မယ်ဆိုရင် ပြန်ပြီးထိန်းချုပ်နိုင်ပါလိမ်မယ်။ သတ်သေချင်စိတ် ပေါက်လာတဲ့အခါမှာ သင့်နာကျင်မှုကို ကျော်လွှားဖို့နဲ့ သတ်သေခြင်းကနေ တားဆီးဖို့ နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရေးသားသူ- Thin Myat Sandi Cho
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။