Azithromycin (အဇီသရိုမိုင်စင်) ဆိုတာ macrolide အမျိုးအစား ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ အရေပြားပိုးဝင်တာ၊ နားပိုးဝင်တာ၊ မျက်လုံးပိုးဝင်တာ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေအတွက် အသုံးပြုပါတယ်။
Azithromycin (အဇီသရိုမိုင်စင်) ဆိုတာ macrolide အမျိုးအစား ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ အရေပြားပိုးဝင်တာ၊ နားပိုးဝင်တာ၊ မျက်လုံးပိုးဝင်တာ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေအတွက် အသုံးပြုပါတယ်။
ပိုးသတ်ဆေးဖြစ်တာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့မှ အသုံးပြုသင့်ပါတယ်။
များသောအားဖြင့် Azithromycin ပိုးသတ်ဆေးက တစ်နေ့တစ်ကြိမ် သောက်ရတဲ့ ဆေးဖြစ်ပါတယ်။ တတ်နိုင်သလောက် နေ့စဉ်အချိန်မှန်သောက်ပါ။
ဆေးပြားတွေ၊ ဆေးတောင့်တွေကို ရေများများနဲ့ သောက်ပါ။ ဆေးတောင့်တွေဆိုရင် အစာမစားခင် ၁နာရီ ဒါမှမဟုတ် အစာစားပြီး ၂နာရီအကြာ သောက်နိုင်ပါတယ်။ ဆေးပြားတွေ၊ ဆေးရည်တွေ ဆိုရင်တော့ အစာရှိရှိ မရှိရိ သောက်နိုင်ပါတယ်။
ဆေးရည်က အနည်းငယ်ခါးနိုင်တာကြောင့် ကလေးတွေကို တိုက်ပြီးတဲ့အခါ အချိုရည်အနည်းငယ် တိုက်နိုင်ပါတယ်။
Azithromycin မသောက်ခင် ဒါမှမဟုတ် သောက်ပြီး ၂နာရီအတွင်း အစာကြေဆေးများ မသောက်သင့်ပါ။
ဆေးရည်အနေနဲ့ သောက်တဲ့အခါ ဆေးရည်ကို သတ်မှတ်ထားတဲ့ ဇွန်း ဒါမှမဟုတ် ခြင်ခွက်နဲ့ ချိန်ပါ။ မီးဖိုချောင်သုံးဇွန်းများ အသုံးမပြုရပါ။
Azithromycinကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
Azithromycin မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
A=ဆိုးကျိုးမရှိပါ။
B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
X=သောက်သုံးရန် မသင့်ပါ။
N=အခြေအနေကို မသိရသေးပါ။
မိခင်နို့ရည်ထဲမှာ Azithromycin ပမာဏအနည်းငယ်ပါနိုင်ပေမယ့် ကလေးကို ထိခိုက်နိုင်လောက်တဲ့ ပမာဏမျိုး မဟုတ်ပါ။ ဒါပေမဲ့ ဆေးမသောက်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ရှားပါးပေမယ့် ဖြစ်လာခဲ့ရင် ပြင်းထန်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများတွေကတော့
ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Azithromycin ပိုးသတ်ဆေး က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် Azithromycin ပိုးသတ်ဆေး သောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
Azithromycinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။
Azithromycinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Community-acquired pneumonia (နမိုးနီးယားရောဂါတစ်မျိုး)
Chlamydophila pneumoniae, Haemophilus influenzae, Mycoplasma pneumoniae, or Streptococcus pneumoniae တို့ကြောင့် ဖြစ်တဲ့ နမိုးနီးယားရောဂါများအတွက်
၅၀၀ မီလီဂရမ် သောက်ဆေး ပထမနေ့တွင် တစ်ကြိမ်၊ ၂ရက်မြောက်နေ့မှ ၅ရက်မြောက်နေ့အထိ ၂၅၀ မီလီဂရမ် သောက်ဆေး တစ်ရက် တစ်ကြိမ်
အာသီးရောင်ခြင်း
Streptococcus pyogenesကြောင့်ဖြစ်တဲ့ အာသီးရောင်ခြင်းအတွက်
၅၀၀ မီလီဂရမ် သောက်ဆေး ပထမနေ့တွင် တစ်ကြိမ်၊ ၂ရက်မြောက်နေ့မှ ၅ရက်မြောက်နေ့အထိ ၂၅၀ မီလီဂရမ် သောက်ဆေး တစ်ရက် တစ်ကြိမ်
သာမန်အရေပြားပိုးဝင်ခြင်းများ
Staphylococcus aureus, Streptococcus pyogenes, or Streptococcus agalactiae တို့ကြောင့်ဖြစ်တဲ့ သာမန်အရေပြားပိုးဝင်ခြင်းများအတွက်
၅၀၀ မီလီဂရမ် သောက်ဆေး ပထမနေ့တွင် တစ်ကြိမ်၊ ၂ရက်မြောက်နေ့မှ ၅ရက်မြောက်နေ့အထိ ၂၅၀ မီလီဂရမ် သောက်ဆေး တစ်ရက် တစ်ကြိမ်
နာတာရှည်လေပြွန်ကျဉ်းရောဂါမှာ ရုတ်တရက်ဘက်တီးရီးယား ပိုးဝင်ခြင်းအတွက်
Haemophilus influenzae, Moraxella catarrhalis, or Streptococcus pneumoniae တို့ကြောင့်ဖြစ်တဲ့ အဆုတ်ပိုးဝင်ခြင်းများအတွက်
၅၀၀ မီလီဂရမ် သောက်ဆေး တစ်ရက် တစ်ကြိမ်နဲ့ ၃ရက် (သို့မဟုတ်)
၅၀၀ မီလီဂရမ် သောက်ဆေး ပထမနေ့တွင် တစ်ကြိမ်၊ ၂ရက်မြောက်နေ့မှ ၅ရက်မြောက်နေ့အထိ ၂၅၀ မီလီဂရမ် သောက်ဆေး တစ်ရက် တစ်ကြိမ်
ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာရောဂါ
Haemophilus influenzae, Moraxella catarrhalis, or Streptococcus pneumoniae တို့ကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာရောဂါအတွက်
၅၀၀ မီလီဂရမ် သောက်ဆေး တစ်ရက် တစ်ကြိမ်နဲ့ ၃ရက်
လိင်အင်္ဂါအနာ (Chancroid)
အမျိုးသားများမှာ Haemophilus ducreyiကြောင့်ဖြစ်တဲ့ လိင်အင်္ဂါအနာများအတွက်
၁၀၀၀မီလီဂရမ် သောက်ဆေး တစ်ကြိမ်သာ
ဆီးပို့ပြွန်ရောင်ခြင်းနဲ့ သားအိမ်ခေါင်းရောင်ခြင်း
Chlamydia trachomatis or Neisseria gonorrhoeae တို့ကြောင့်ဖြစ်တဲ့ ဆီးပို့ပြွန်ရောင်ခြင်းနဲ့ သားအိမ်ခေါင်းရောင်ခြင်းတို့အတွက်
၁၀၀၀မီလီဂရမ် သောက်ဆေး တစ်ကြိမ်သာ
အမျိုးသမီးမျိုးပွားအင်္ဂါရောင်ရမ်းခြင်း
Chlamydia trachomatis, Neisseria gonorrhoeae, or Mycoplasma hominis တို့ကြောင့် အမျိုးသမီးမျိုးပွားအင်္ဂါများရောင်ရမ်းတဲ့အခါ ထိုးဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။
နားပိုးဝင်ခြင်း
၆လအထက် ကလေးတွေမှာ Haemophilus influenzae, Moraxella catarrhalis, or Streptococcus pneumoniae တို့ကြောင့် ဖြစ်တဲ့ နားပိုးဝင်ခြင်းများအတွက် (၆လအောက်ကလေးတွေမှာ အသုံးပြုရင် စိတ်ချရမှု ရှိမရှိ မသိရသေးပါ။)
Community-acquired pneumonia (နမိုးနီးယားရောဂါတစ်မျိုး)
အာသီးရောင်ခြင်း
၂နှစ်အထက်ကလေးတွေမှာ Streptococcus pyogenesကြောင့်ဖြစ်တဲ့ အာသီးရောင်ခြင်းအတွက်
Azithromycinကို
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
Azithromycinကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။ ဆေးယဉ်ပါးတာမျိုး မဖြစ်အောင် ဆေးကို ပုံမှန်သောက်ဖို့ လိုပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။