- လည်ချောင်းနာ ပျောက်တဲ့ ငုံဆေးပြားတွေ (ကလေးဆိုရင် နင်တတ်တာကြောင့် အသက် ၄နှစ်ကျော်မှ တိုက်ပါ။)
- ပါရာစီတမော
- အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေတွေ သောက်လို့ ရပါတယ်။
အထူးသဖြင့် အာသီးရောင်လို့ နာနေပြီး ဖျားပါဖျားလာပြီဆိုရင် သောက်သင့်ပါတယ်။
ဒီဆေးတွေက ဆရာဝန်ဆေးစာမလိုဘဲ ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ ရပါတယ်။ ဒါကလွဲပြီး တခြားဆေးတွေ (အထူးသဖြင့် ပိုးသတ်ဆေး) တွေကို မသောက်သင့်ပါ။
အာသီးရောင်ရင် ပိုးသတ်ဆေး သောက်ဖို့ လိုမလို
လူအများစုက အာသီးရောင်ပြီ ဆိုတာနဲ့ တန်းပြီး ပိုးသတ်ဆေး သောက်တတ်ကြပါတယ်။ ဒါက မှားပါတယ်။ အာသီးရောင်တာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးသောက်လို့လည်း အကျိုးမထူးပါဘူး။
အကျိုးမထူးတဲ့အပြင် မလိုအပ်ဘဲ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံရတာ၊ ဆေးပမာဏတွေ မှားသောက်မိတာ (အထူးသဖြင့် ကလေးငယ်တွေမှာ) ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက ဆေးပတ်လည်အောင် မသောက်ဘဲ လည်ချောင်းနာ သက်သာတာနဲ့ ရပ်လိုက်တာ၊ လည်ချောင်းနာတိုင်း ပိုးသတ်ဆေးပဲ သောက်နေတာကြောင့် နောက်ပိုင်းမှာ ဆေးမတိုးတော့တာတွေ ဖြစ်တတ်ပါတယ်။
အာသီးရောင်တာကနေ လေးဖက်နာ ဖြစ်တတ်တယ်ဆိုပြီး ပန်နဆလင်တွေလည်း စွဲသောက်ကြတာကို တွေ့ရပါတယ်။ ဒါကလည်း အန္တရာယ်များတာကြောင့် ဒီလိုမလုပ်ဖို့ တားမြစ်လိုပါတယ်။
ဒါကြောင့် အာသီးရောင်ပြီဆိုတာနဲ့ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးမသောက်ဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။