ပျိုမေတွေအတွက် နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 28, 2020 . 2 mins read
Share now

နေကလည်းမကောင်း ရုံးတို့ ကျောင်းတို့တက်ရဖို့၊ အပြင်သွားဖို့ ကြုံလာရတဲ့အခါမျိုးဆိုရင် ပျိုမေတို့ သိပ်ကို စိတ်ညစ်ကြရတယ်မဟုတ်လား။

တစ်ခါတလေမှာ မလွှဲသာမရှောင်သာနဲ့ အပြင်သွားရတော့မယ်ဆိုရင် နေမကောင်းနေတဲ့ ရုပ်ကြီးနဲ့ ထထွက်သွားလို့ မကောင်းဘူးလေ။

ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ မလိုက်ဖက်လောက်အောင် အတင်းကာရောကြီး ပြင်ဆင်ခြယ်သသွားမယ်ဆိုရင်လည်း အလှကုန်တွေကြောင့် ပိုပြီးနေလို့ထိုင်လို့မကောင်း၊ ပိုပြီးစိတ်ပင်ပန်းရတာပဲ အဖတ်တင်နိုင်ပါတယ်။

ဒါကြောင့်နေမကောင်းပေမယ့် လိုအပ်လာလို့ အပြင်သွားရချိန်မှာ ကြည့်လို့လဲကောင်းပြီး ကိုယ့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်တဲ့ ပြင်ဆင်ခြယ်သနည်းလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။

နည်းလမ်းတွေကတော့

  • မျက်ဝန်းထောင့်တွေကို တောက်ပအောင် ခြယ်သပါ – မျက်ဝန်းလှလှလေးက နေမကောင်းတဲ့ အသွင်သဏ္ဍာန်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ မျက်ဝန်းထောင့်နားတွေကို အနီဒါမှမဟုတ် အရောင်တောက်တောက် Eye Shadow မျိုးတွေနဲ့ ခြယ်သဖို့ ကျွမ်းကျင်သူတွေက လမ်းညွှန်ကြပါတယ်။
  • ရေစိုခံလေးနဲ့ လှပါ – မျက်လုံးက အိပ်ချင်မူးတူးဖြစ်နေတာ၊ နီရဲနေတာ၊ ဖောင်းတင်းနေတာမျိုးကို ရှောင်လွှဲချင်တယ်ဆိုရင်တော့ Coating သုံးတာမျိုး၊ Waterproof Mascara သုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။
  • အရောင်ချိန်ညှိပါ – မျက်ဝန်းပတ်လည်မှာ နီရဲနေရင် color corrector အစိမ်းရောင်သုံးပြီး အရောင်ချိန်ညှိ ခြယ်သနိုင်ပါတယ်။ နှာခေါင်းဖျားနားရောက်တဲ့အထိ ခြယ်သလို့ရပါတယ်။
  • စိုပြေနေအောင်နေပါ – နေမကောင်းတဲ့အခါ ရေဓာတ်ခမ်းခြောက်တာမျိုးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေကို စိုပြေနေအောင် ထားဖို့ လိုမှာပါ။ အစိုဓာတ်ထိန်းသိမ်းပေးမယ့် ခရင်မ်မျိုးတွေ၊ သံလွင်ဆီလို အဆီမျိုးတွေ လိမ်းကျံပေးနိုင်ပါတယ်။
  • နွေးထွေးစေဖို့ဆိုရင် – ကိုယ်က အအေးမိနေလို့ နွေးချင်တယ်ဆိုရင် မေးရိုးတစ်လျှောက်ကို Creamy ဖြစ်တာလေးတွေကို အောက်ကနေ အပေါ်ဘက်ကို ဆွဲပြီး ခြယ်သပေးတာဟာ နွေးထွေးတဲ့ ခံစားချက်ကို ရစေနိုင်ပါတယ်။ နဖူး၊ မေးစေ့နဲ့ နှာခေါင်းတလျှောက်လည်း ဒီလိုလုပ်ပေးလို့ရပါတယ်။
  • နှုတ်ခမ်း မခြောက်ချင်ရင် – တကယ်လို့ ကိုယ်နှုတ်ခမ်းက အရမ်းခြောက်နေရင် မြင်လို့လည်းမကောင်းသလို နေလို့ထိုင်လို့လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ petroleum jelly-based lip balm ဒါမှမဟုတ် moisturizer ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးမျိုး သုံးပေးပါ။
  • ရေများများသောက်ပေးပါ – ရေများများသောက်ပေးတာက ရေဓာတ်မခန်းခြောက်စေဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အသားအရေ မခြောက်ဖို့နဲ့ အစိုဓာတ်ထိန်းပေးဖို့အတွက်လည်း အကျိုးပြုပါသေးတယ်။
  • မျက်လုံးတွေ ဖောင်းနေရင် – ညက အိပ်တာလွန်သွားပြီး မျက်ဝန်းတစ်လျှောက် ဖူးယောင် ဖောင်းကားနေရင် မျက်ဝန်းရဲ့ အောက်နားမှာ ရေခဲအိတ်လေး ၁၅ မိနစ်လောက် ကပ်ပေးလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။
  • သန့်ရှင်းတဲ့ Brush တွေ သုံးပါ – နေမကောင်းဖြစ်နေချိန်မှာလည်း မိတ်ကပ်တွေ အလှပြင်တာတွေ လုပ်ဖို့ လိုအပ်လာတတ်ပါတယ်။ ဒီလိုဆိုရင် နေမကောင်းရတဲ့ကြားထဲ ဘက်တီးရီးယားတွေပါ ထပ်မကူးစက်အောင်လို့ Brush တွေကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပြီးမှ အသုံးပြုရပါမယ်။
  • အာရုံလွှဲပါ – နေမကောင်းချိန်မှာ ကိုယ့်ရဲ့နေမကောင်းနေတဲ့ ရုပ်ကြီးကို လူတွေရော ကိုယ်ကိုယ်တိုင်ပါ အာရုံမစိုက်မိအောင်နေဖို့ လိုအပ်ပါတယ်။ အာရုံလွှဲခြင်း အနုပညာပေါ့လေ။ ကိုယ့်စိတ်ကို တက်ကြွစေမယ့် ဝတ်စုံလေးတွေ ချဝတ်ကြည့်တာက နည်းလမ်းကောင်းပါ။
  • အစကနေ ပြင်ဆင်ပါ – မျက်နှာမှာ မိတ်ကပ်ဟောင်းတွေ ရှိနေရင် မထားပါနဲ့။ လန်းလန်းဆန်းဆန်းဖြစ်နေဖို့ဆိုရင် အစကနေစတာကောင်းပါတယ်။ ဖောင်ဒေးရှင်းစမတင်ခင် ၅ မိနစ်လောက်အလိုမှာ မျက်နှာကို လုံးဝ သန့်စင်ချပစ်လိုက်ဖို့လည်း ကျွမ်းကျင်သူတွေက လမ်းညွှန်ကြပါတယ်။
  • သဘာဝကျကျလှနေပါစေ – မျက်နှာကို အစိုဓာတ်လေးလည်းထိန်းသိမ်းရင်း လှလည်းလှစေဖို့ သဘာဝကျကျလေးပဲ ပြင်ဆင်ပါ။ အရမ်းထူထူထဲထဲတွေ ပြင်ဆင်မိရင် စိတ်မသက်မသာပိုဖြစ်စေနိုင်ပါတယ်။ သဘာဝကျတဲ့ ပြင်ဆင်မှုလေးက နေထိုင်လို့ကောင်းစေသလို ယုံကြည်မှုလည်း ပိုတိုးစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် မှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို ဒီလိုကျော်ဖြတ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ဆယ်ကျော်သက်အရွယ် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read