မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်
မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကတော့
၁။ တစ်ကိုယ်ရေ သန့်ရှင်းတတ်တဲ့ အလေ့အကျင့် ရှိပါ။
မွေးလမ်းကြောင်း အပြင်ဘက်ကို ရေများများနဲ့ ဒါမှမဟုတ် မိန်းမကိုယ်သန့်ဆေးရည်နဲ့ ပုံမှန်သန့်ရှင်းပါ။ မွေးလမ်းကြောင်း သန့်ရှင်းတဲ့အခါမှာ ခန္ဓာကိုယ်ကို တိုက်ရတဲ့ အမွှေးအကြိုင်ပါတဲ့ ဆပ်ပြာတွေနဲ့ မဆေးပါနဲ့။ ဒီဆပ်ပြာတွေမှာပါဝင်တဲ့ အနံ့တွေနဲ့ ဓာတု ပစ္စည်းတွေက မွေးလမ်းကြောင်းရဲ့ သဘာဝ pH ပမာဏကို မညီမျှဖြစ်စေနိုင်ပါတယ်။ မွေးလမ်းကြောင်းရဲ့ pH ဟာ အနည်းဆုံး ၃.၈ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။
တစ်ခါတစ်ရံမှာ အမျိုးသမီးမွေးလမ်းကြောင်းကနေ အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီးအင်္ဂါကနေ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ pH မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၂။ အတွင်းခံကို ပြောင်းလဲဝတ်ဆင်ပါ။
သင်ဟာ ဖဲသား၊ ပိုးသားနဲ့ ပိုလီအက်စတာ အသားတွေနဲ့ လုပ်ထားတဲ့ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဆိုရင် ချည်သားအတွင်းခံကို ပြောင်းလဲ ဝတ်ဆင်ဖို့ လိုပါတယ်။ ချည်သားတွေဟာ လေဝင်လေထွက်နိုင်တဲ့အတွက် ချွေးတွေနဲ့ အရည်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။