သိပ်အသုံးမဝင်လောက်ဘူးဟု ထင်နိုင်သော်လည်း အသက်ဝဝရှူခြင်းသည် ကလေးမွေးခြင်းအဆင်ပြေစေမည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။
မီးမဖွားခင်တွင် အသက်ဝဝရှူတတ်စေရန် လေ့ကျင့်ထားခြင်းသည် ကောင်းကောင်းညှစ်နိုင်စေပြီး နာကျင်ခြင်းများတွင် တည်ငြိမ်နေစေသည်။
တည်ငြိမ်အေးဆေးနေစေရန် နေ့စဉ် အသက်ရှူ လေ့ကျင့်ခန်းများကို အာရုံစိုက်ကာ လုပ်ဆောင်ရမည်။
ယောဂလေ့ကျင့်ခြင်းသည် အခြားကောင်းမွန်သော ရွေးချယ်မှု တစ်ခုခြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်သည် မိမိ၏ လက်တွဲဖော် နှင့်လည်း တူတူလေ့ကျင့်နိုင်သည်။
အကယ်၍ ကလေးမိခင်သည် စိတ်မတည်ငြိမ် ထိန်းချုပ်၍ မရလျှင် လက်တွဲဖော်က ကူညီပေးနိုင်သည်။
ပါးစပ် နှင့် လည်ချောင်းကို ကျယ်ကျယ်ဖွင့်ပြီး အသက်ရှူတတ်စေရန် လေ့ကျင့်ရမည်။ မီးဖွားနေစဉ်တွင် မိခင်၏ ခန္ဓာကိုယ်သည် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာပါ အကောင်းမွန်ဆုံးဖြစ်နေစေရန် ဖြစ်သည်။
၄။ မွေးဖွားရ လွယ်ကူစေရန် ရွေ့လျားနေခြင်း။
ပုံမှန်အရဆိုလျှင် မိခင်များသည် ကလေးမွေးရာတွင် လှဲလျောင်းနေသော အနေအထားဖြင့်သာ မွေးဖွားသည်ကို တွေ့ရသည်။ သို့သော် ထိုအနေအထားသည် မိခင်ရော ကလေးအတွက်ပါ အကောင်းဆုံးသော အနေအထားမဟုတ်ပေ။
မီးဖွားချိန်တွင် ရွေ့လျားနေခြင်း (သို့) ဖြောင့်ဖြောင့်ရပ်နေခြင်းသည် ကလေးနှင့် မိခင်အတွက် ကောင်းသော အကျိုးကျေးဇူးများရှိသည်။ မီးဖွားချိန်တွင် ရွေ့လျားခြင်းနှင့် ပုံစံအနေအထားသည် အံ့သြဖို့ကောင်းသည်။ ရွေ့ထားနေခြင်းသည် ဦးနှောက်ရှိ နာကျင်ခြင်းကို သိရှိသော လက်ခံနေရာများ၏ အာရုံခံစားမှုကို လျော့ကျစေသည်။ မိခင်ဖြစ်လာမည့် ကိုယ်ဝန်ဆောင်သည် သက်သောင့်သက်သာ ရှိနေစေရန်နှင့် ညှစ်ခြင်း၏ နာကျင်ခြင်းများကို သက်သာစေမည့် ဖြောင့်ဖြောင့်အနေအထားကို ကျင့်သားရအောင် ပြုလုပ်ထားသင့်သည်။
အချို့သော ဖြောင့်ဖြောင့်အနေအထားများမှာ မတ်မတ်ရပ်ခြင်း ၊ ရှေ့သို့ကိုင်းနေခြင်း ၊ ထိုင်ထပြုလုပ်သည့် ပုံစံ၊ ထိုင်နေခြင်း နှင့် ဘေးတစောင်းလှဲနေခြင်း တို့ပါဝင်သည်။ အနေအထားတစ်ခုခြင်းစီကို မွေးဖွားခြင်း၏ ပထမအဆင့် နှင့် ဒုတိယအဆင့် တို့တွင် အသုံးပြုနိုင်သည်။ မိခင်၏ အခြေအနေ နှင့် ဆရာဝန်၏ ညွှန်ကြားချက်အပေါ် မူတည်၍ မိခင် နှင့် အကောင်းဆုံးဖြစ်မည့် ပုံစံအနေအထားကို ကျင့်သားရအောင် ပြုလုပ်နိုင်သည်။
၅။ အချိန်ခဏအတွင်း ပြန်လည်သက်သာလာခြင်း။
မွေးလမ်းကြောင်းမှ ကလေးမွေးပြီး မိခင်ဖြစ်လာမည့် ကိုယ်ဝန်ဆောင်တိုင်းသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကြမ်းတမ်းခက်ခဲသည့် ကြာရှည်သော မွေးဖွားခြင်း ဖြစ်စဉ်ကို ကျော်ဖြတ်ရမည်။ သို့သော်လည်း မွေးလမ်းကြောင်းမှ မွေးဖွားခြင်း၏ ကောင်းကျိုးများမှ တစ်ချက်မှာ မွေးလမ်းကြောင်းမှ မွေးဖွားခြင်းသည် အချိန်ခဏအတွင်း ပြန်လည်သက်သာလာခြင်း ဖြစ်သည်။
မွေးလမ်းကြောင်းမှ မွေးဖွားခြင်းသည် သဘာဝဖြစ်စဉ် ဖြစ်သောကြောင့် ခန္ဓာကိုယ်သည် အချိန်နှင့်အမျှ သဘာဝအလျောက် သက်သာလာမည်ဖြစ်သည်။ ပုံမှန်အားဖြင့် မွေးလမ်းကြောင်းမှ မီးဖွားခြင်းကို ရွေးချယ်သော ကိုယ်ဝန်ဆောင်မိခင်သည် ၂၄ နာရီ မှ ၄၈ နာရီ အတွင်း ပြန်လည် သက်သာလာမည်ဖြစ်သည်။ နေကောင်းလာလျှင် မီးဖွားပြီး အမျိုးသမီးသည် မျှော်မှန်းထားသည့် အချိန်ထက် စော၍ ဆေးရုံမှ ဆင်းနိုင်သည်။ မီးဖွားပြီး လူနာ အတော်များများသည် အိမ်တွင် ရင်သွေး နှင့် မိသားစုနှင့် အတူနေထိုင်နိုင်ရန် အိမ်ပြန်ဖို့သာ ရွေးချယ်တတ်ကြသည်။
ဘဝ၏ အထူးခြားဆုံးဖြစ်သော မီးဖွားခြင်းအကြောင်းပြောရန် အများကြီး ကျန်ပါသေးသည်။ ဒီဖုံးကွယ်ထားသော အကြောင်းအရာများသည် ရင်သွေးငယ်ကို ကြိုဆိုရန် အကောင်းမွန်ဆုံး အထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။
အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။
Dr. Aung Myat Thu
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။