backup og meta

ကျဉ်းထဲကျပ်ထဲမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ရပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Zon Aung မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျဉ်းထဲကျပ်ထဲမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ရပ်

    ကိုယ်ဝန် ပဋိသန္ဓေ တားဆီးနိုင်တဲ့ နည်းလမ်းတွေက အမျိုးအမည်ပေါင်း များစွာ ရှိပါတယ်။ ကွန်ဒုံး အသုံးပြုတာ၊ သန္ဓေတားကပ်ခွာ အသုံးပြုတာ၊ တားဆေး အသုံးပြုတာ၊ IUD (သားအိမ်တွင်းထည့် ပစ္စည်း) အသုံးပြုတာ စတာတွေပေါ့။

    ခုခေတ်ကြီးမှာက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို စမ်းသပ်ပြုလုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေးတွေကိုသာ အများဆုံး သုံးစွဲဖြစ်ကြပါတယ်။

    အရေးပေါ် သန္ဓေတားဆေးတွေက ပုံမှန်သောက်နေကျ တားဆေးတွေလောက် သန္ဓေတားနှုန်း မကောင်းတဲ့အတွက် ရေရှည်မသုံးစွဲသင့်ပါဘူး။ ကွန်ဒုံးအသုံးပြုတာကတော့ နည်းလမ်းကောင်းဖြစ်ပေမယ့် တစ်ခါတရံမှာ ပေါက်ပြဲတာတွေ သင့်လျော်တဲ့အမျိုးအစားကို မှန်ကန်စွာ အသုံးမပြုတာကြောင့် ကျွတ်ထွက်တာတွေဖြစ်နိုင်တာကိုလည်း မမေ့သင့်ပါဘူး။

    အမှတ်မထင် ကြုံဆုံလာရတဲ့ မတော်တဆမှုလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာရတဲ့ လူငယ်တွေရှိလာနေသလို ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပဲ မိဘဖြစ်လာတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာနေပါတယ်။

    အခု ဒီဆောင်းပါးလေးထဲမှာတော့ အရေးပေါ်အခြေအနေတချို့ကြုံလာချိန်မှာ ကိုယ်ဝန် မရအောင် ရှောင်လွှဲနိုင်စေမယ့် နည်းလမ်း ၄ ရပ်ကို ဖော်ပြပေးသွားမှာပါ။ ဆေးသောက်ဖို့ မေ့သွားတာ၊ ကွန်ဒုံးပေါက်ပြဲတာ၊ အလွန်အမင်း မူးယစ်နေတာကြောင့် အကာအကွယ်မပါပဲ လိင်ဆက်ဆံမိသွားတာစတဲ့ ရုတ်ချည်းရင်ဆိုင်လာရတဲ့ အခြေအနေမျိုးတွေမှာ ခုဖော်ပြမယ့်နည်းလမ်းတွေက အကူအညီဖြစ်စေနိုင်ပါတယ်။

    ကျဉ်းထဲကျပ်ထဲမှာ ကိုယ်ဝန် မရစေဖို့ နည်းလမ်းတွေကတော့

    • သုက်ကို အပြင်မှာထုတ်တာ 

    ဒီနည်းက လူသိများပါတယ်။ အမျိုးသားရဲ့ သုက်ကို အပြင်မှာ ထုတ်လိုက်တဲ့အခါ ကိုယ်ဝန် ရနိုင်ခြေ နည်းပါးသွားပါတယ်။ နည်းပါးသွားတာပဲ ဖြစ်တဲ့အတွက် ရနိုင်ခြေတော့ရှိပါသေးတယ်။ အတွင်းထဲကို အနည်းငယ်လေး ဝင်သွားမယ်ဆိုရင်တောင် ရနိုင်ခြေရှိပါတယ်။ တစ်ခါတလေ precum လို့ခေါ်တဲ့ အရည်ကြည်မှာလာည်း သုက်ကောင်လေးတွေ ပါနိုင်ပါသေးတယ်။

    အမျိုးသားရဲ့ သုက်ပိုးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပေမယ့် အပြင်ဘက်မှာတော့မ ရှင်သန်နိုင်ပါဘူး။ ဒီလိုနည်းလမ်းမျိုးဟာ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးတာမှန်ပေမယ့် ကွန်ဒုံးအကာအကွယ်မပါပဲ ဆက်ဆံချိန်တွေမှာ အများဆုံး အသုံးပြုကြတာဖြစ်တာကြောင့် STI ကူးစက်ရောဂါတွေ ကူးစက်နိုင်ခြေရှိတာကို သတိထားသင့်ပါတယ်။ စိတ်ချရတဲ့ သားဆက်ခြားနည်း တစ်ခုလို့တော့ ယူဆလို့ မရပါဘူး။

    ကိုယ်ဝန်မရနိုင်တာကတော့ သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။ တစ်ခုရှိတာက အမျိုးသမီးတချို့က ဒီနည်းလမ်းကို မနှစ်သက်တတ်ကြပါဘူး။ တချို့ကတော့ လက်ခံကြပါတယ်။ ကိုယ်ဝန်ကို ရှောင်လွှဲပြီး လိင်လည်းဆက်ဆံချင်တယ်ဆိုရင် အသုံးပြုနိုင်တဲ့ နည်းတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။

    ဒါပေမယ့် လိင်ကတဆင့်နိုင်တဲ့ ရောဂါတွေ ဝင်လာနိုင်တာ၊ ဒဏ်ရာရပြီး သွေးထွက်နိုင်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတာကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး သုက်ရည်က မတော်တဆ မိန်းမကိုယ်ထဲဝင်သွားခဲ့ရင် ကိုယ်ဝန်ရနိုင်တာကိုလည်း သိထားရပါမယ်။ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုးမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ ရပ်

    • မပြီးမြောက်စေတဲ့နည်းလမ်း 

    Non-penetrative Sex လို့လည်း ခေါ်ပါတယ်။ ပြီးမြောက်အောင် မဆက်ဆံတဲ့ နည်းလမ်းမျိုးပေါ့။ တကယ်လို့ မထိန်းနိုင်လို့ အပြင်မှာ ပြီးမြောက်မယ်ဆိုရင်တော့ နံပါတ် ၁ နည်းလမ်းနဲ့ အတူတူပဲဖြစ်မှာပါ။ မထိန်းနိုင်ခဲ့ရင် နောက်ကနေ ပြဿနာတွေ တသီတသန်းကြီး ပါလာနိုင်တာကို မေ့မထားသင့်ပါဘူး။

    • ပါးစပ်နဲ့ ဆက်ဆံတာ 

    Oral Sex ဟာ ကိုယ်ဝန် မရနိုင်တဲ့ လိင်ဆက်ဆံနည်း တစ်မျိုးလို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အမျိုးသမီးတိုင်းက ဒီနည်းလမ်းကို လိုလိုလားလားရှိမှာမဟုတ်တာကိုတော့ နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ပြီး STI ကူးစက်ရောဂါတွေက ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။

    တစ်ခုသိထားဖို့က ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်တားဆီးဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေမဟုတ်သလို အဘက်ဘက်က စိတ်ချရတဲ့ ပဋိသန္ဓေတားဆီးရေးနည်းလမ်းတွေကို လတ်တလော လက်လှမ်းမမီတဲ့ အခြေအနေမျိုးမှာမှ စဉ်းစားသင့်တဲ့ နည်းတွေဖြစ်တယ်ဆိုတာပါပဲ။ တတ်နိုင်ရင်တော့ ကွန်ဒုံးက အစပြုလို့ စိတ်ချရတဲ့ သန္ဓေတားနည်းလမ်းတွေကိုပဲ သုံးစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Zon Aung မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement