home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နို့သီးခေါင်းပတ်လည်က အမွှေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

နို့သီးခေါင်းပတ်လည်က အမွှေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

သင့်နို့သီးခေါင်းပတ်လည်က အမွှေးတွေ (nipple hair) ကြောင့် ရှက်ရွံတာမျိုး ခံစားဖူးပါသလား။ ဒါဆိုရင် စိတ်မပူပါနဲ့တော့။ ခုဖော်ပြမယ့် ဆောင်းပါးက ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်း ၃ ခုကို ဖော်ပြသွားမှာပါ။

Laser Hair Removal

Laser Hair Removal က မည်းမှောင်သော nipple hair ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ အမွှေးမျှင်တွေ အားလုံးဖယ်ရှားမပြီးခင်မှာ ကုသမှုအချို့ကို ခံယူရပါမယ်။ ကုသမှုတစ်ခုစီတိုင်းအတွက် $250 လောက်ကျသင့်ပါမယ်။ ဖြစ်နိုင်ရင် package deal ကို ရှာပါ။ package မှာ ကုသမှုတစ်ခုစီတိုင်းအတွက် ကျသင့်ငွေက ပုံမှန်ထပ် ပိုသက်သာပါလိမ့်မယ်။

နို့သီးခေါင်းပတ်လည်နေရာတွေက ထိရှလွယ်တာကြောင့် လူတစ်ယောက်ဆီကိုလိုက်ပြီး တခါတလေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအလှအပအတွက် ကုသပေးတဲ့သူဆီမှာ ထုံစေတဲ့အဆီမျိုး တောင်းလို့ရနိုင်ပါတယ်။ ဒါက သင့်ကုသမှုကို အတတ်နိုင်ဆုံး သက်တောင့်သက်သာ ဖြစ်စေမှာပါ။

ကုသမှုမခံယူခင်မှာ အမွှေးမျှင်တွေကို သပ်ရပ်အောင် လုပ်ထားရပါမယ်။ နောက်တစ်နည်းအနေနဲ့ ကတ်ကြေးသုံးပြီး ရိတ်သင်ထားပါ။ နောက်ထပ်အနေနဲ့ ကုသမှု မခံယူခင်နဲ့ ခံယူပြီးနောက်မှာ ကုသမှုခံယူထားတဲ့နေရာကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ဂရုစိုက်ဖို့ သတိပြုပါ။

Waxing

Waxing ကို အလှပြင်ဆိုင်မှာ ဖြစ်စေ၊ အိမ်မှာဖြစ်စေ လုပ်နိုင်ပါတယ်။ သင့်မှာ ရှိတဲ့ ငွေကြေး၊ လိုအပ်တဲ့ ပမာဏအပေါ် မူတည်ပြီး wax တချို့ကို အိမ်မှာ လတ်လတ်ဆတ်ဆတ် ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် စတိုးဆိုင်က ဝယ်ယူလို့ရပါတယ်။ wax ကို သင့်အရေပြားပေါ် တိုက်ရိုက်အသုံးပြုရတဲ့အတွက် အသုံးပြုစဉ် အဲ့နေရာတဝိုက်မှာ နာကျင်မှု ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ wax ကို သုံးပါ။ အသုံးမပြုခင် ပါဝင်ပစ္စည်းတွေကို သေချာ စစ်ဆေးပါ။

Waxing မလုပ်ခင် scrub ကို အသုံးပြုပြီး အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပါ။ ပြီးရင် toner နဲ့ ပွတ်ပေးပါ။ ဒီနည်းနဲ့ သင့်နို့သီးခေါင်းက အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးပြီး waxing ကို နာကျင်မှု နည်းနည်းနဲ့ ပိုလွယ်လွယ်ပြုလုပ်နိုင်မှာပါ။

Waxing လုပ်ပြီးရင် သံလွင်ဆီ၊ jojoba oil တို့လို အဆီတစ်မျိုးမျိုး လိမ်းဖို့ အမှတ်ရပါ။ ဒါ့အပြင် တကယ်လို့ သင့်နို့သီးခေါင်းက ထိရှလွယ်ရင် Waxing လုပ်ပြီးနောက်မှာ အနည်းငယ်နာကျင်နိုင်ပါတယ်။ ဒါကြောင့် waxing လုပ်ပြီးရင် ချောင်ချိတဲ့ အပေါ်အတွင်းခံ၊ ရှပ်အင်္ကျီ၊ သို့မဟုတ် အပေါ်အတွင်းခံ မဝတ်ပါနဲ့။

Tweezers ( ဇာဂနာအသေးစား )

တကယ်လို့ သင့်အမွှေးမျှင်တွေက နည်းနည်းပါးပါးပဲရှိမယ်၊ သင်ကလဲ ငွေကြေးများများ မသုံးချင်ဘူးဆိုရင်တော့ tweezers က သင့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုပါ။

Tweezes မသုံးခင် ရေနွေးနွေးလေးနဲ့ ရေချိုးသင့်ပါတယ်။ ဒါက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ အဲ့အပူချိန်က သင့်ချွေးပေါက်တွေကို ကျယ်စေမှာပါ။ ဒါက အမွှေးနှုတ်တဲ့အခါ အရမ်းနာကျင်တာ မဖြစ်စေပဲ ပိုပြီးလွယ်ကူစေပါတယ်။

ဒီနည်းလမ်းက ရိုးရှင်းပြီး အကုန်အကျ သက်သာပေမယ့် ယားယံမှု၊ အဖုအပိန့်နဲ့ ingrown hairs တို့ ဖြစ်စေနိုင်ပါတယ်။

ခုဆို အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်း ၃ ခုကို အသုံးပြုပြီး nipple hair ကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်တာ သိလောက်ပါပြီ။ အမွှေးမျှင် ထူထပ်မှု၊ အရောင်နဲ့ သင်အကုန်အကျခံမယ့် ပမာဏပေါ် မူတည်ပြီး နည်းလမ်း ၁ ခုကို ရွေးချယ်အသုံးပြု၍ nipple hair တွေကို ဖယ်ရှားလိုက်ပါ။

l

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Accessed March 20, 2017
The 3 Best Ways to Get Rid Of Your Nipple Hair
http://www.menshealth.com/style/nipple-hair-removal Accessed March 20, 2017
How To Get Rid Of Your Nipple Hair Quickly, Easily, & Without Any Pain
https://www.bustle.com/articles/174165-how-to-get-rid-of-your-nipple-hair-quickly-easily-without-any-pain Accessed March 20, 2017
Tips To Get Rid Of Hair Around The Nipple Naturally
http://www.boldsky.com/beauty/body-care/2016/tips-to-get-rid-of-hair-around-the-nipple-naturally/gallery-cl1-103896.html Accessed March 20, 2017

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။