backup og meta

မျက်နှာပေါ်မှ မလိုလားတဲ့ အမွေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာပေါ်မှ မလိုလားတဲ့ အမွေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း

    မျက်နှာပေါ်မှ မလိုလားတဲ့ အမေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း၅ခု

    ကျွန်တော်တို့အားလုံးမှာ မလိုလားတဲ့ မျက်နှာပေါ်ကအမွှေးအမျှင်တွေရှိတတ်ကြပါတယ်။ တစ်ခါတလေမှာအမွှေးတွေက ပါးပေါ် သို့မဟုတ် မေးစေ့ စတဲ့ တကယ့်နေရာတွေမှာမှပေါက်တတ်ကြပါတယ်။ ဒီမလိုချင်တဲ့အမွှေးတွေကို သင့်အသားအရေကို မထိခိုက်စေဘဲဖယ်ရှားနိုင်ဖို့က မသေချာပါဘူး။ သင်လုပ်သင့်တဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့ နည်းလမ်း ၅ခုကို အောက်မှာဖော်ပြထားပေးပါတယ်။

    Waxing လုပ်ခြင်း (ဖယောင်းကိုအသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း)

    မျက်နှာရဲ့ဘယ်အစိတ်အပိုင်းကိုမဆိုWaxing လုပ်လို့အဆင်ပြေပြီး အမွှေးအမျှင်ကင်းတဲ့ အသားအရေကို ၄ပတ်ကနေ ၈ပတ်လောက်ထိ သင်ပိုင်ဆိုင်နိုင်မှာပါ။ သေသေချာချာလေးကြိုတင်ပြင်ဆင်ထားဖို့နဲ့ လုပ်ပြီးတဲ့အချိန်မှာ အသားအရေကိုဂရုစိုက်ဖို့ မမေ့ပါနဲ့။ waxing လုပ်ပြီးပြီဆိုရင် သင့်ရဲ့အရေပြားအပေါ်ဆုံးက ကာကွယ်ပေးနိုင်တဲ့အလွှာကိုဆုံးရှုံးထားတဲ့အတွက် chemical တွေ ဆဲလ်သေတွေဖယ်ရှားပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးခြင်းနဲ့ နေပူဒဏ်ခံခြင်းကိုရှောင်ကြဉ်ပါ။

    သင်ဟာ ကျွမ်းကျင်ပညာရှင် တွေဆီမှာ waxing လုပ်တာပဲဖြစ်ဖြစ် သင်ကိုယ်တိုင် လုပ်တာပဲဖြစ်ဖြစ် အထိအခိုက်လွယ် (sensitive) တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ ဖယောင်းကိုသာရွေးချယ်ပါ။ sensitive ဖြစ်တဲ့ နေရာတွေအားလုံးအတွက် သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ elastic wax ကို ခန္ဓါကိုယ်အပူချိန်အတိုင်းအသားပေါ်တင်ပြီးအသုံးပြုဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်တာက သင့်ကိုပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။

    Threading (အပ်ချည်အသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း)

    Threading ဆိုတာ ပိုပြီးကြာကြာခံစေဖို့ အမွှေးအမျှင်တွေကို အမြစ်ကနေဖယ်ရှားပေးတဲ့အတွက် waxing နဲ့ဆင်တူပါတယ်။ တကယ်လို့ သင့်မှာ တကယ်တော်တဲ့ ပညာရှင် ရှိမယ်ဆိုရင် သူတို့က သင်မလိုချင်တဲ့ အမွှေးတွေအားလုံးနဲ့ ရှုပ်ထွေးကောက်ကွေးနေတဲ့အမွှေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုဖယ်ရှားခြင်းက waxing လုပ်လို့ရလာတဲ့ result နဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒါက သင့်အရေပြားအပေါ်ဆုံးအလွှာကိုမပါသွားစေတာကြောင့် waxing လောက်တော့ နာကျင်မှာမဟုတ်ပါဘူး။ တကယ်လို့သင်ဟာ waxing လုပ်တာနဲ့ အဆင်မပြေခဲ့ရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ waxing လုပ်ပြီးအဆင်မပြေခဲ့တဲ့လူတွေကတော့ ဒီနည်းလမ်းကိုကြိုးစားကြည့်ဖို့အားသန်ကြပါတယ်။ ဒီနည်းလမ်းနဲ့ အမွှေးအမျှင်ဖယ်ရှားပြီးရင် result က ၄ပတ်ကနေ ၈ပတ်ထိ ခံပါတယ်။

    Tweezing (ဇာဂနာအသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း)

    အလှပြုပြင်ရေးစင်တာတွေမှာ tweezing ကို အပြီးသတ်အမွှေးအမျှင်ဖယ်ရှားဖို့အတွက်သုံးကြပါတယ်။ Green ဆိုသူကတော့ “ကျွန်တော်တို့က wax အရင်လုပ်လိုက်တယ်။ wax လုပ်ပြီးတာတောင် တစ်မွှေးနှစ်မွှေးကျန်နေသေးရင်တော့ ထပ်ပြီး wax လုပ်နေမဲ့အစား ဇာဂနာကိုင်ပြီးပဲ နှုတ်လိုက်တော့တာပဲ”လို့ပြောပါတယ်။ tweezing ဟာ အိမ်မှာအမွှေးအမျှင်ဖယ်ရှားဖို့အတွက် တကယ်အသုံးဝင်တဲ့နည်းလမ်းပါ။ Greenကတော့(ဥပမာ)တကယ်လို့ သင့်ပါးပေါ်မှာ သို့မဟုတ် မေးစေ့ပေါ်မှာ အမွှေးလေးတစ်မွှေးပေါက်နေခဲ့ရင် ဒီနည်းလမ်းကိုအသုံးပြုဖို့ အကြံပြုထားပါတယ်။ tweezing က waxing ထက်လည်းဈေးသက်သာတဲ့အပြင် ဇာဂနာနဲ့နှုတ်တဲ့အခါ အမြစ်ပါပါလာတာကြောင့် ကြာကြာခံတဲ့အချိန်အတိုင်းအတာနဲ့ရလဒ်ကလည်း waxing လုပ်တာနဲ့ အတူတူပါပဲ။

    Laser Therapy (လေဆာကုထုံး)

    မျက်နှာအတွက် လေဆာသုံးပြီး အမွှေးဖယ်ရှားခြင်းကလည်း လူကြိုက်များတဲ့နည်းလမ်းတစ်ခုပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် အမွှေးတွေရှိလာတဲ့နေရာတွေ (နှုတ်ခမ်းအထက်၊ ပါးသိုင်းမွှေးပေါက်တဲ့နေရာနဲ့ မေးစေ့တွေ)ကတော့ အလုပ်အများဆုံးနေရာတွေပါပဲ။ ကောင်းကျိုးတွေလား။ သင်မိနစ်၃၀ကြာတဲ့ တစ်ဆက်ရှင်သွားလိုက်တိုင်းမှာ အမွှေးတွေပြန်ပေါက်တဲ့အခါ ပိုပါးပြီး နည်းသွားတာတင်မကပါဘူး နောက်ပိုင်းမှာပါ တဖြည်းဖြည်းပေါက်တာကျဲသွားနိုင်ပါတယ်။ သင်လုပ်တဲ့နေရာနဲ့ လုပ်ခဲ့တဲ့အကြိမ်အရေအတွက်ပေါ်၄ပတ်ကနေ ၁၀ပတ်ကြာချိန်တိုင်းမှာ ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ လေဆာကုထုံးဟာ နဖူးပေါ်က အမွှေးအမျှင်တွေဖယ်ရှားဖို့အတွက် အကောင်းဆုံးလို့တော့ပြောလို့မရပါဘူး။ လူအများစုဟာ ငယ်ဆံပင်ကအရမ်းထူလွန်းနေတာရယ် လေဆာဒဏ်ခံနိုင်ဖို့ ရောင်ခြယ်ပစ္စည်းမလုံလောက်တာရယ်ကြောင့် နဖူးပေါ်ကအမွှေးတွေကို လေဆာကုထုံးနဲ့ဖယ်ရှားလို့မရပါဘူး။ ဒီနေရာကိုလုပ်ရင်ကတော့ မျက်လုံးကန်းသွားတာမျိုးထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ကဒီကုထုံးအသုံးပြုတော့မယ်ဆိုရင် အထူးပြုလုပ်ထားတဲ့ မျက်မှန်ကိုတပ်ကိုတပ်သင့်ပါတယ်။

    Shaving (ရိတ်ခြင်း)

    ဟုတ်ပါတယ်။ သင့်မျက်နှာက အမွှေးတွေကို သင်ရိတ်ပစ်နိုင်ပါတယ်။ တစ်ခုတော့သတိပြုပါ။ ဓါးက အမွှေးတွေကိုဖယ်ရှားတဲ့အခါမှာ အမြစ်ကနေပါလာမှာတော့မဟုတ်ပါဘူး။ သင်ရိတ်တယ်ဆိုတာ အပေါ်ယံတင်လေးပါ။ ရိတ်သင်ခြင်းဟာလည်းသင့်အသားအရေကို ထိခိုက်စေနိုင်ပြီး အနာတရဖြစ်စေနိုင်ပါတယ်။ တကယ်လို့သင်က ရက်အနည်းငယ်အတွင်းမှာထပ်ထပ်ရိတ်နေရတယ်ဆိုရင် အသားအရေကို ပုံမှန်ထိခိုက်နေစေမှာပါ။

    အရေးကြီးသောအချက် : သင်လုပ်နေဆဲအချိန်မှာတော့ ဒီနည်းလမ်းကထိရောက်နေမှာပါ။ ဒါပေမဲ့ အခြားနည်းလမ်းတွေလိုတော့ အမြဲလုပ်သင့်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement