backup og meta

သင့်ရဲ့ ဇနီးဟာ မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှု ခံယူပြီးတဲ့နောက်မှာ သင် သူမကို ဘယ်လိုကူညီမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ ဇနီးဟာ မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှု ခံယူပြီးတဲ့နောက်မှာ သင် သူမကို ဘယ်လိုကူညီမလဲ

    မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခြင်းဟာ သင့်ရဲ့ ချစ်ဇနီးအတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ခွဲစိတ်မှုလုပ်ငန်းစဉ် များစွာ ပြုလုပ်ခြင်းခံထားရပြီး ဒီအချိန်မှာ သူမဟာသင့်ရဲ့ အားပေးကူညီမှုကို လိုအပ်တယ်ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်။ ကုသမှုခံယူပြီးတဲ့နောက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျစ်လျူမရှုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ သင့်ဇနီးရဲ့ ကျန်းမာရေးနှင့် စိတ်ခံစားမှု အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။

    မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြီးတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ

    ၎င်းခွဲစိတ်ခြင်းဟာ သူမကို ငယ်ရွယ်နုပျိုတဲ့အချိန်ကာလသို့ ပြန်ရောက်တဲ့ ခံစားမှုမျိုးကို ပေးနိုင်တဲ့ အတွက်ကြောင့် ကောင်းသော်လည်း သူမကိုထိခိုက်စေမယ့် ဆိုးကျိုးအချို့ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကုသမှုခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ဇနီးဟာ ခွဲစိတ်ထားတဲ့နေရာမှ သွေးခြည်ဥခြင်းနှင့် ရောင်ရမ်းခြင်းတွေကို ပထမရက် အနည်းငယ်အတွင်းမှာ ခံစားရပြီးသူမရဲ့ စိတ်ခံစားမှုတွေရော သင့်တွင်ပါ သက်သောင့်သက်သာ မရှိဖြစ် နေနိုင်ပါတယ်။ ။ ပထမပိုင်းမှာ ၎င်းနှင့် အသားတကျမရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီအသစ်တစ်ဖန်ပြန်ဖြစ်လာတဲ့ မိန်းမကိုယ်လေးဟာ သင်နှင့် သင့်ဇနီး အနီးကပ်နေတဲ့အခါ အနည်းငယ်ကို့ရို့ကားယား ဖြစ်စေနိုင်ပါတယ်။ ဒီလိုခံစားမှုအသစ်ကို သင်တို့နှစ်ယောက်စလုံး နေသားတကျ ဖြစ်ဖို့ရာအတွက် အချိန်အနည်းငယ်နှင့် အားစိုက်ထုတ်မှု အနည်းငယ်တော့ လိုနေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနှင့်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်ခြင်းဟာ ဘယ်လိုကုသမှုမျိုးမဆို ခံယူပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပုံမှန်ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရမ်းစိတ်ရှုပ်ထွေးစရာ မလိုပဲ ဖြစ်နိုင်တဲ့ အချက်တွေကို သိထားခြင်းအားဖြင့်လည်း ပြင်ဆင်မှု ပြုလုပ်နိုင်ပါတယ်။

    ဂရုစိုက်ရန် နည်းလမ်းများ

    အချို့သောဘေးထွက်ဆိုးကျိုးတွေကို ဆေးသောက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း သူမကို ပြုလုပ်ဖို့ရန် သတိပြုပေးပါ။ ကုသမှုခံယူပြီးတဲ့နောက် အလုပ်ပြန်မသွားခင် တစ်ပတ်တိတိ ခန္ဓါကိုယ်ကို အနားပေးဖို့ရာ လိုအပ်ပါတယ်။ ဒါ့အပြင် သင့်တို့ နှစ်ယောက်စလုံးဟာ လိင်ဆက်ဆံမှု မပြုလုပ်ဘဲ ၁လတိတိ နားပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ခွဲစိတ်ထားတဲ့ နေရာက ကောင်းစွာအနာကျက်နိုင်မှာ ဖြစ်ပါတယ်။ အနာပြန်ကျက်နေတဲ့ အချိန်အတောအတွင်း တစ်လျှောက်လုံးမှာ ဆရာဝန် ညွှန်ကြားချက်အတိုင်း တစ်သဝေမသိမ်း အရာရာတိုင်းကို လိုက်နာဖို့ရာ အရမ်းအရေးကြီးပါတယ်။ သူမကို သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားများ ဝတ်ခိုင်းသင့်ပါတယ်။ ခွဲစိတ်ထားမှုကြောင့် ခန္ဓါကိုယ်မှ ဆင်းလာသော အရည်အကျိအချွဲ တစ်ချို့ကိုလည်း သတိထားဖို့ လိုပြီး လိုအပ်မယ်ဆိုရင် ပိုးဝင်ခြင်း မဖြစ်စေရန် ပဋိဇီဝဆေးများ သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် အန္တရာယ်ဖြစ်စေမယ့် လှုပ်လှုပ်ရှားရှားအပြုအမူ တွေကိုလည်း လျှော့ချသင့်ပါတယ်။ ဒီခွဲစိတ်မှုရဲ့ ရလဒ်ဟာ များသောအားဖြင့် ဘဝတစ်သက်လုံး ဒီအတိုင်း ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သော အခြေအနေတွေမှာ သင့်ရဲ့ ကိုယ်အလေးချိန် သို့မဟုတ် သင့်ဇနီးရဲ့ ကိုယ်အလေးချိန် သို့မဟုတ် သင့်ဇနီးရဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်ချိန် စတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ အခါမှာတော့ ခွဲစိတ်မှု ရလဒ်ကို ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက်တွင်တောင်မှ သင့်ဇနီးရဲ့ ခန္ဓါကိုယ်နှင့် ပတ်သက်ပြီး အမြဲ သတိထားဆင်ခြင်ပြီး ခွဲစိတ်ဆရာဝန်နှင့် အချိန်မှန် သင့်ဇနီး အခြေအနေကို ပြသကာ အစီအစဉ်ချသင့်ပါတယ်။

    အကောင်းဆုံး အကြံပေးချင်တာကတော့ သင့်တို့ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ သင်တို့ရဲ့ စိတ်ခံစားမှုတွေ အကြောင်းကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး စိုးရိမ်ပူပန်မှုတွေကို ပြောပြပေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကုသမှု ခံယူပြီးနောက် ရလဒ်ကို အချိန်အကြာကြီး သူမဟာမစောင့်ချင်ပဲ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအခါမှာ ပျောက်ကင်းဖို့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာကို သေချာပြောပြပြီး သူမနားလည်အောင် ပြုလုပ်ပေးရန် ဝန်မလေးပါနှင့်။ လိုက်နာရမယ့် အချက်တွေကို တိတိကျကျ ပြုလုပ်ပေးခြင်းအားဖြင့် သင့်ရဲ့ ဇနီးဟာ ပိုးဝင်းခြင်းမှ ကင်းဝေးပြီး ပြန်ကောင်းတဲ့ အချိန်ဟာ မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဟာ ကျွန်ုပ်တို့ထင်ထားတာထက် ပိုပြီးစိုးရိမ်စိတ်များတဲ့ အတွက် သင့်ရဲ့ဇနီး စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိမှု နှင့် စိတ်ဖိစီး မှု မဖြစ်စေဖို့အတွက် သင့်ရဲ့ အားပေး ကူညီမှုဟာ အရေးကြီးတဲ့ အခန်းမှာပါဝင်ပါတယ်။

    မိန်းမကိုယ် ကျဉ်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်းဟာဆိုရင် အသက်ကြီး၍ ဖြစ်လာတဲ့ မိန်းမကိုယ်ဆိုင်ရာအဖြစ်အပျက်တွေကို တားဆီးပေးပြီး မိမိကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိလာကာ သူမကို ပြန်လည်နုပျိုလာစေနိုင်တဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ဇနီးဟာ သူမရဲ့ အလှအပနှင့် သင်တို့ရဲ့ အိမ်ထောင်ရေး ပျော်ရွှင်ဖို့အတွက် ကြိုးပမ်းအားထုတ်ခဲ့တာကြောင့် သင်ကလည်း သင့်ရဲ့ ဇနီးကို သူမပြန်ကောင်းလာတဲ့ အချိန်တောက်လျှောက်မှာ ကူညီပံ့ပိုးပေးဖို့ရာ ပြောစရာကို မလိုတော့ပါဘူး။ ဒါ့အပြင် အခုအချိန်ကစပြီး သင်ရော သင့်ဇနီးရော နှစ်ဦးစလုံးဟာ အတူတကွ ပျော်ရွှင်ရပါပြီ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement