မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ လိင်မှုဆိုင်ရာ ပတ်သက်မှု များသူတွေမှာ မက လိင်မဆက်ဆံတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အထက်ဖေါ်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင် မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ ဖြစ်ပွားခြင်းတွေ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ခင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
မိန်းမကိုယ်ကူးစက်ရောဂါ အမျိုးအစားများ
Bacterial vaginosis ဟာ မိန်းမကိုယ် အတွင်း ဘက်တီးရီးယားတစ်မျိုး အပွားလွန်မှုကြောင့် ဖြစ်ပွားပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ်အတွင်း ငါးညှီနံ့နံခြင်း၊ ပုံမှန်ထက်ပိုပြီး မိန်းမကိုယ် အတွင်း အရည်များခြင်းနဲ့ မိန်းမကိုယ် ပတ်လည်တွင် ယားယံခြင်းတို့ပဲဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်ဆက်ဆံတဲ့သူတွေမှာရော၊ လိင်မဆက်ဆံတဲ့သူတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။
မှိုရောဂါပိုး – သူဟာမှိုတစ်မျိုး မိန်းမကိုယ် အတွင်းမှာ အပွားလွန်ခြင်းကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ် (သို့) vulva တစ်ပတ်လည်မှာ ပူလောင်၊ နီရဲ၊ ရောင်ရမ်းခြင်း၊ လိင်ဆက်ဆံစဉ် (သို့) ဆီးသွားစဉ် နာကျင်ခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း၊ အနီရောင်အကွက် မိန်းမကိုယ် အပြင်မှာ တွေ့ရခြင်းတို့ပဲဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။