backup og meta

စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ

    ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မကြာခဏ လိင်ဆက်ဆံမှုပြုတာ သဘာဝပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းနေထိုင်ပြီးတဲ့ စုံတွဲတွေမှာတော့ ညားကာစလောက်တော့ လက်ပွန်းတသီးနေတာမျိုး သိပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ဇနီးမောင်နှံရယ်လို့ ဖြစ်လာတဲ့အခါ လုံးဝလိင်မှုကိစ္စကို ရှောင်တာမျိုးထက် အကြိမ်ရေ သတ်မှတ်ထားတာတော့ ပိုကောင်းပါတယ်။ ဒီတစ်ခေါက်တော့ စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ ဆိုတာကို ပြောပြပေးသွားပေးပါမယ်။

    စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ

    စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ ဆိုတော့ ပြောကြတာကတော့ အမျိုးမျိုးပါပဲ။ တစ်ပတ်တစ်ကြိမ် လိင်ဆက်ဆံတာက အကောင်းဆုံး၊ တစ်လကို တစ်ကြိမ်ဆက်ဆံတာက ပုံမှန်ဖြစ်တယ် အစရှိသဖြင့်ပေါ့။ တကယ်တမ်းမှာ အိမ်ထောက်ဖက် တစ်ဦးနဲ့ တစ်ဦး လိင်မှုကိစ္စမှာ စိတ်ပါပုံချင်း၊ စွမ်းဆောင်ပုံချင်းက မတူညီတာကြောင့် ပုံမှန်လိင်ဆက်ဆံတဲ့ အကြိမ်ရေကို တိတိကျကျ တွက်ဆလို့ မရပါဘူး။ ညားကာစမှာဖြစ်စေ၊ နောက်ပိုင်းအသားကျသွားတဲ့အခါမှာဖြစ်စေ လင်နဲ့ မယား လိင်ဆက်ဆံဖို့ ရက်ကို သေချာညှိနှိုင်းပြီး သတ်မှတ်တာက အကောင်းဆုံးပါပဲ။

    • လိင်မှုကိစ္စကို ရပ်လိုက်တဲ့အခါ ဘာဖြစ်သွားနိုင်လဲ။

    လူရယ်လို့ ဖြစ်လာပြီဆိုရင် ကာမကိစ္စသည် မပါမဖြစ် လုပ်ငန်းဆောင်တာထဲမှာ ပါနေပါတယ်။ အထူးသဖြင့် ချစ်လို့ယူထားကြတဲ့ ဇနီးမောင်နှံတွေမှာ လိင်မှုကိစ္စရပ်လိုက်တဲ့အခါ အိမ်ထောင်ရေးနဲ့ မိသားစုရေးမှာ ပြဿနာတက်လာမှာပါ။ လိင်ဆက်ဆံမှု မရှိတဲ့အခါ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စိတ်ဆိုးဒေါသထွက်လွယ်လာမယ်၊ သံယောဇဉ်တွေ နည်းသွားမယ်၊ ဖောက်ပြန်ဖို့ ကြိုးစားလာမယ်၊ အဆုံးသတ်မှာ ကွာရှင်းပြတ်စဲသည်အထိ ဖြစ်လာနိုင်ပါတယ်။

    • လိင်မှုဘဝပေါ် ဘာတွေက သက်ရောက်မှုအများဆုံးလဲ။

    အဓိကကတော့ အသက်အရွယ်ပေါ့။ အိမ်ထောင်ပြုထားတာလည်း ကြာပြီ၊ နှစ်ဦးလုံးကလည်း အသက်ကြီးပြီဆိုရင်တော့ ငယ်ရွယ်စဉ်ကလောက် လိင်ဆက်ဆံချင်စိတ်က နည်းသွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ လိင်ဆက်ဆံမှု တစ်နည်းအားဖြင့် ထိုးသွင်းဆက်ဆံမှု မရှိရင်တောင် လင်နဲ့ မယား လက်ပွန်းတသီးနေတာ၊ ကြင်ကြင်နာနာ ဆက်ဆံတာ၊ နှစ်ကိုယ်ကြား တီးတိုးစကားပြောဆိုတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

    နောက်တစ်ချက်ကတော့ လိင်စိတ်ဆန္ဒပါ။ အသက်ကြီးလာရင် လိင်စိတ်ဆန္ဒနည်းသွားတတ်တယ်ဆိုပေမယ့် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ငွေရေးကြေးရေး အဆင်မပြေတာတွေ၊ ကျန်းမာရေးပြဿနာတွေဟာ လိင်စိတ်ဆန္ဒကို သွားပြီးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးလုံး ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖွင့်ဟပြောဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီမှ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ရမှာပါ။

    • လိင်စိတ်ဆန္ဒက အလျား၊ အနံညီမှ ဖြစ်မှာလား။

    အိမ်ထောင်ကျပြီး ၁နှစ် ၂နှစ်လောက်မှာ ကိုယ့်ချစ်သူက အရင်ကလောက် လိင်ဆက်ဆံဖို့ စိတ်မပါတော့ဘူးဆိုတာတွေ၊ ကိုယ်က လိင်ပိုင်းဆိုင်ရာမှာ အရမ်းစိတ်အားထက်သန်ပေမယ့် ကိုယ့်အိမ်ထောင်ဖက်က ကိုယ်စိတ်တိုင်းကျရလောက်တဲ့အထိ သာယာမှု မပေးနိုင်တဲ့ ကိစ္စမှာတော့ နှစ်ဦးနှစ်ဖက် သူ့အကြိုက်၊ ကိုယ့်အကြိုက်ကို သေချာညှိနှိုင်းကြည့်တာ အကောင်းဆုံးပါပဲ။

    လိင်မှုကိစ္စမှာ ပိုပြီးစွမ်းဆောင်နိုင်ဖို့နဲ့ လိင်စိတ်ဆန္ဒတက်စေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကိုလည်း ပြင်ဖို့တော့ လိုပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အကျင့်ကို ဖျောက်ပါ။ အမျိုးသားဆိုရင် အားကစားလုပ်ပါ၊ Gym သေချာကစားပါ။

    အမျိုးသမီးတွေဆိုရင်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုး လုပ်ပေးပါ။ ကျန်းမာပြီး အာဟာရရှိတဲ့ အစားအစာတွေကို အဓိကစားပေးပါ။ ကိုယ်အလေးချိန်ကို ထိန်းပါ။ လင်မယားကြား ဆက်ဆံရေး သွေးမအေးသွားစေဖို့ ပုံမှန်ကြင်ကြင်နာနာ စကားပြောဆက်ဆံပါ။ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီပါ။ ပြဿနာတွေကို တစ်ယောက်တည်းမျိုသိပ်လိုက်တာထက် ဖွင့်ပြောပြီး အတူဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement