backup og meta

အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ

အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ

အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ ဆိုတဲ့အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အမျိုးသမီး အများစုက အိုဂျီနဲ့ပြရမှာကို အရှက်သည်းတတ်ကြပြီး လှည့်ပတ်ပြေးလေ့ ရှိကြပါတယ်။ Pap Smear Test လို့ ခေါ်တဲ့ သားအိမ်ခေါင်း အချွဲမြှေးယူဖို့တောင် မနည်းနားချနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ တနှစ်တခါ မှန်မှန် ပြသစစ်ဆေးတာဟာ ကျန်းမာရေးအတွက် အရမ်းကို အကျိုးများစေတဲ့အတွက် သင့်အနေနဲ့ လိုက်နာဆောင်ရွက်သင့်လှပါတယ်။

အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ

အမျိုးသမီးတွေဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါပြသသင့်တာလဲ ဆိုတော့

  • သင့်ရဲ့ ယေဘုယျကျန်းမာရေး အခြေအနေကို သိနိုင်မယ်။

အိုဂျီ ဆီသွားတာဟာ သင့်မျိုးပွားအင်္ဂါအဖွဲ့အစည်းစနစ်ကို စစ်ဆေးရုံတင်မကပါဖူး။ သင့်ရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့အပါအဝင် အရေးကြီးတဲ့ လက္ခဏာတွေ၊ BMI (Body Mass Index) လို့ခေါ်တဲ့ အရပ်အမောင်းနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမရှိ တွက်ချက်တာတွေ၊ ဝမ်းဗိုက်ပိုင်းကို စမ်းသပ်တာတွေ၊အကျိတ်တွေ ရောင်မရောင် စမ်းသပ်တာ အစရှိတဲ့ စမ်းသပ်မှုတွေကို ဂရုတစိုက်ပြုလုပ်ပေးပါလိမ့်မယ်။

ဒါ့အပြင် မျိုးပွားအင်္ဂါတွေကိုလည်း စမ်းသပ်မှာဖြစ်ကာ သွေးစစ်၊ ဆီးစစ်တာတွေကိုလည်း လိုအပ်သလို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အိုဂျီ နဲ့ ကျန်းမာရေးစစ်ဆေးခြင်းအားဖြင့် သင့်မှာ ကျန်းမာရေးပြဿနာတခုခု ဖြစ်ပေါ်နေပြီဆိုရင် သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက္ခဏာမပြတတ်တဲ့ ရောဂါတွေဆို စောစောသိရှိနိုင်မှာ ဖြစ်ပါတယ်။

  • ဓမ္မတာ မမှန်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း သင့်ကို ကူညီနိုင်ပါလိမ့်မယ်

ဓမ္မတာ မမှန်ခြင်းဟာ မျိုးအောင်ခြင်း ပတ်သက်တဲ့ ပြဿနာတွေရဲ့ အချက်ပေးခေါင်းလောင်းဖြစ်တဲ့အတွက် တကယ်လို့ သင်ဓမ္မတာလာတာ နောက်ကျနေပြီဆိုရင် သားဖွားမီးယပ် ဆရာဝန်နဲ့ သွားပြသင့်ပါပြီ။ ရာသီပန်းပွင့်တာနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ တခုခုရှိပြီဆိုရင် ဘယ်လိုမျိုး ပြောင်းလဲမှုပဲ ဖြစ်ဖြစ် သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါမှသာ အချိန်မီ ဆေးကုသမှု ခံယူနိုင်မှာမို့ပါ။

  • လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေရှိနေရင် စောစီးစွာ သိနိုင်မယ်

လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတိုင်းဟာ ဆီးပူညောင်းကျ၊ ကလာမိုင်းဒီးယား အစရှိတဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိသိနိုင်ဖို့အတွက် နှစ်စဉ်စစ်ဆေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါတွေဟာ မကုသဘဲ ထားရင် ကလေးမရနိုင်တာမျိုး ဖြစ်စေနိုင်လို့ပါပဲ။

လိင်ဆက်ဆံဖော် များတဲ့ အမျိုးသမီးတွေက ဒီလိုရောဂါမျိုးတွေ ကူးစက်နိုင်ခြေပိုများတဲ့အတွက် ပိုလို့ စစ်ဆေးသင့်ပါတယ်။ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေအပြင် ဆီးအိမ်ပြဿနာ၊ မျိုးပွားခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ နဲ့ အရိုးရောဂါတွေကိုလည်း စစ်ဆေးနိုင်ပါသေးတယ်။

  • သားဆက်ခြားထားတာကို စစ်ဆေးပေးမယ်

တကယ်လို့ သင်ဟာ တားဆေး၊ထိုးဆေး၊ ကပ်ခွာ၊ သားအိမ်တွင်းထည့်ပစ္စည်း ဒါမှမဟုတ် အမျိုးသမီး အင်္ဂါတွင်းထည့်ကွင်း စတဲ့ ပဋိသန္ဓေတားဆေးတွေကို အသုံးပြုတယ်ဆိုရင် အိုဂျီနဲ့ နှစ်စဉ် ပြသစစ်ဆေးသင့်ပါတယ်။

Diaphragm လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ကွင်းတွေဟာ သုံးနှစ်တခါလောက် ပြန်စစ်ဆေးဖို့လိုသလို ကလေးမွေးပြီးနောက် ဒါမှမဟုတ် ကိုယ်အလေးချိန်ပြောင်းလဲပြီးနောက်မှာလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သားဆက်ခြားတာနဲ့ ပတ်သက်လို့ အကြံဉာဏ်လိုအပ်တယ်ဆိုရင် သင့်အိုဂျီဆီသွားတာထက် ပိုကောင်းတဲ့ နေရာဘယ်မှာ ရှိဦးမှာလဲ။

  • အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေ သိရမယ်

နှစ်စဉ် အိုဂျီနဲ့ ပြသစစ်ဆေးချိန်မှာ လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စတွေကို ဘယ်လိုလုပ်ဆောင်မလဲ၊ အမျိုးသမီးရောဂါလက္ခဏာ စတဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေကိုလည်း မေးမြန်းလေ့လာနိုင်ပါသေးတယ်။

ဒါ့အပြင် သင့်ဆရာဝန်က သင့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတာကိုလည်း သင့်ကို လမ်းညွှန်ပေးပါလိမ့်မယ်။ ဘယ်အရာက ပုံမှန်၊ဘယ်အရာကတော့ဖြင့် ပုံမမှန်ဆိုတာကိုလည်း ပြသသင်ကြားပေးပါလိမ့်မယ်။ ဒါမှသာ သင့်အနေနဲ့ ကျန်းမာရေး ပြဿနာတခုခုရှိလာရင် စောစီးစွာ သိရှိပြီး ဆေးကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အကြံပေးရရင် သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပထမဆုံးသိနိုင်တာ သင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောင်းလဲမှုတွေရှိရင် ရေးမှတ်ထားပြီး နောက်တကြိမ် သင့်အိုဂျီနဲ့ တွေ့ဆုံပြသချိန်မှာ ယူသွားနိုင်ပါတယ်။ သတိထားသင့်တဲ့ လက္ခဏာတွေက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ မိန်းမကိုယ် မကြာခဏ ပိုးဝင်တာ၊ လိင်ဆက်ဆံရင် နာကျင်တာနဲ့ မိန်းမကိုယ်ယားယံတာတို့ပဲ ဖြစ်ကြပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 important reasons to visit the OB/GYN.
https://www.victoriaadvocate.com/news/2014/dec/29/10-important- reasons-visit- obgyn/.
Accessed May 4, 2017.

Why Women Should Visit the OB/GYN Every Year. http://www.abingtonhealth.org/healthy-living/health-news/library/articles- related-to- womens-health- /why-women- should-visit- the-obgyn-every-year- /. Accessed May 4, 2017.

Why see a gynecologist? https://www.girlshealth.gov/body/health_help/gynecologist.html.
Accessed May 4, 2017.10 important reasons to visit the OB/GYN.
https://www.victoriaadvocate.com/news/2014/dec/29/10-important- reasons-visit- obgyn/.
Accessed May 4, 2017.

Why Women Should Visit the OB/GYN Every Year. http://www.abingtonhealth.org/healthy-living/health-news/library/articles- related-to- womens-health- /why-women- should-visit- the-obgyn-every-year- /. Accessed May 4, 2017.

 

 

ယခုပုံစံ

08/03/2024

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေးပေါ်သားဆက်ခြားနည်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement