backup og meta

Pelvic Pain (ဆီးခုံနာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pelvic Pain (ဆီးခုံနာကျင်ခြင်း) ကဘာလဲ။

ဆီးခုံနာကျင်ခြင်းဆိုသည်မှာ သင့်ဝမ်းဗိုက်ရဲ့အောက်ဆုံးအပိုင်း ၊ ချက်အောက်ပိုင်း ဆီးခုံနေရာတွင်အတွင်းဘက်မှနာကျင်မှုမျိုးဖြစ်ပါတယ် ။

ဆီးခုံနာကျင်ခြင်းတွင်ရေတိုနှင့် ရေရှည်နာကျင်ခြင်းနှစ်မျိုးရှိပါတယ် ။

Pelvic Pain (ဆီးခုံနာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးခုံနာ.ကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ်။ အမျိုးသမီးများဟာအမျိုးသားများထက်အဖြစ်များပြီး ဆယ်ကျော်သက်မှသက်ကြီးပိုင်းအထိအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ် ။

လက္ခဏာများ

Pelvic Pain (ဆီးခုံနာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာကျင်မှုဟာ အသေးစားနာကျင်မှုကနေ အပြင်းအထန်နာကျင်မှုအထိလူတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါဘူး။ စူးစူးရှရှနာကျင်နိုင်သလို နေရာတစ်ခုလုံးလည်းနာကျင်နိုင်ပါတယ် ။ ဆက်တိုက်နာကျင်နေနိုင်သလို ခဏခဏနာကျင်တာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ဆီးခုံနာကျင်ခြင်းဟာ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ဆီးမထိန်းနိုင်ခြင်း ၊ ဖျားခြင်း ၊ ခါးနာခြင်း နှင့် နှလုံးခုန်မြန်ခြင်းတို့နှင့် တွဲလာတတ်ပါတယ် ။

အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ် ။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးသိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ ။

– သင့်ရဲ့တစ်နေ့တာလုံးအလုပ်ချိန်တစ်ခုလုံးနာကျင်နေခြင်း

– လိင်ဆက်ဆံရာတွင်အခက်အခဲရှိခြင်း၊လိင်စိတ်ပြီးမြောက်ရန်ခက်ခဲခြင်း၊ လိင်အင်္ဂါထောင်မတ်မှူနှင့် သုတ်လွှတ်မှုများအားနည်းခြင်း ၊

– ဝမ်းချုပ်ခြင်း ၊ ရေရှည်ဆီးမထိန်းနိုင်ခြင်း ၊

ကိုယ်ဝန်ဆောင်နေစဉ် မှာဆီးခုံနာကျင်ခြင်းဟာကိုယ်ဝန်ပြဿနာတွေရဲ့လက္ခဏာတစ်ခုခုဖြစ်နိုင်ပါတယ် ။ နေရာမှား၍သန္ဓေတည်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းများတွင်နောက်ဆက်တွဲဆိုးရွားသောပြဿနာများမဖြစ်စေရန် ချက်ချင်းခွဲစိတ်မှုခ့်ယူရန်လိုအပ်ပါတယ် ။

အကြောင်းရင်းများ

Pelvic Pain (ဆီးခုံနာကျင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရေတိုဆီးခုံနာကျင်ခြင်း။

အမျိုးသားနှင့် အမျိုးသမီးများတွင်ဆီးခံနာကျင်ခြင်းဟာ ဆီးအိတ်၊ အူများ ၊ လိင်ပိုင်းဆိုင်ရာဆောင်ရွက်ချက်များအားနည်းခြင်း သို့ အူလမ်းကြောင်းပိတ်ခြင်းတို့ရဲ့ရောဂါလက္ခဏာပဲဖြစ်ပါတယ်။ အူအမြှေးရောင်ခြင်းနှင့် ပိုးဝင်ခြင်းတို့အထိဆက်ဖြစ်မယ်ဆိုလျှင်တော့ အသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်ပါတယ် ။ အခြေအနေအမျိုးမျိုးကြောင့်လည်းမျိုးပွားလမ်းကြောင်းပြဿနာရှိသောဆယ်ကျော်သက်မိန်းကလေးများတွင်ဆီးခုံနာကျင်ခြင်းဖြစ်နိုင်ပါတယ် ။ မိန်းကလေးတစ်ယောက်ဟာပျိုဖော်စဝင်ပြီး ရာသီလာတာနှင့်အမျှ ဆီးခုံနာကျင်မှုအတွက်ရောဂါရှာဖွေရတာလည်း ကျယ်ပြန့်လာပါတယ် ။ အမြင့်မှပြုတ်ကျခြင်း သို့ ကားမတော်တဆမှုဖြစ်ခြင်းကဲ့သို့သော မတော်တဆမှုများကြောင့်လည်း အသက်အန္တရာယ်ရှိသော ဆီးခုံနာကျင်မှုများအထိဖြစ်နိုင်ပါတယ် ။

နာတာရှည်ဆီးခုံနာကျင်မှုများ ။

အမျိုးသမီးများတွင်နာတာရှည်ဆီးခုံနာကျဉ်ရခြင်းများကတော့ သားအိမ်တွင်အလုံးဖြစ်ခြင်းကဲ့သို့သော လိင်အင်္ဂါများကြောင့်ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာနာကျင်မှုဟာ အနည်းဆုံး၆လအထိကြာနိုင်တဲ့ဆီးအိတ်သို့ အူလမ်းကြောင်းပြဿနာများနှင့် ဆက်စပ်နေပါတယ်။ နာကျင်မှုဟာရာသီလာချိန်မှာဖြစ်နိင်သလို တခြားအချိန်မှလည်းဖြစ်နိုင်ပါတယ် ။

တစ်ခါတစ်ရံမှာအာရုံကြောအဖွဲ့အစည်းပုံမှန်အလုပ်မလုပ်သောကြောင့်လဲဆီးခုံနာကျင်မှုများရေရှည်ဖြစ်တတ်ပါတယ် ။

တစ်ခါတစ်ရံမှာရောဂါကုသမှုများကြောင့်လဲဆီခုံနာကျင်ခြင်းများဖြစ်တတ်ပါတယ်။

အတိတ်ကဆီးခုံနေရာတွင်ခွဲစိတ်မှုများကြောင့်လဲနာကျင်မှုများပေါ်လာနိုင်ပါတယ် ။

သားအိမ်ဖယ်ခြင်း ၊ Cပုံစံခွဲစိတ်ခြင်း၊ဆီးကျိတ်ခွဲစိတ်ခြင်းနှင့် များစွာသောဝမ်းဗိုက်ခွဲစိတ်မှုများ ၊အတိတ်က ကင်ဆာဓါတ်ကင်မှုများ.. အစရှိသည်တို့ကြောင့်လည်း ဆီးခုံနာကျင်ခြင်းများ ဖြစ်နိုင်ပါတယ် ။

ဖြစ်နိုင်ခြေများ

Pelvic Pain (ဆီးခုံနာကျင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဆီးခုံနာကျင်မှုကိုပိုဆိုးစေတာတွေကတော့..

– ရာသီမလာခြင်းဟာတော့ဆယ်ကျော်သက်အရွယ်မှာဆီးခုံနာကျင်ခြင်းဖြစ်စေတဲ့အများဆုံးအကြောင်းရင်းတစ်ခုပါပဲ။ ဆီးခုံနေရာတစ်ဝိုက်တွင်ကူးစက်ခံရခြင်းများ၊ သားဥကြွေခြင်းကြောင့် ရာသီလာနေစဉ်အလယ်လောက်တွင်နာကျင်ခြင်း ၊ ဆီးလမ်းကြောင်းကူးစက်မှုများ ၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်းများ၊ဝမ်းချုပ်ခြင်း ၊ အစာလမ်းကြောင်းတွင်ရောဂါကူးစက်ခံရခြင်း၊ဗိုက်နာခြင်းများ ၊ နေရာမှား၍သန္ဓေတည်ခြင်း သို့ ကိုယ်ဝန်ပျက်ကျခြင်းများ၊ ဆီးအိတ်ရောင်ရမ်းခြင်း၊ သားအိမ်နံရံသည်အခြားနေရာများတွင်ကြီးထွားလာခြင်း၊ အူမကြီးရောဂါကူးစက်ခံရခြင်း၊ဆီးခုံနေရာတစ်ဝိုက်မှကိုယ်တွင်းအင်္ဂါများပြုတ်ကျခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pelvic Pain (ဆီးခုံနာကျင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးခုံနာကျင်ခြင်းကို ဓါတ်မှန်ရိုက်ခြင်း၊ အယ်လ်ထရာစောင်း သို့MRI ရိုက်ခြင်း ၊ ကျောရိုး ၊ဆီးခုံနှင့် တင်ပါးတို့ကိုဓါတ်မှန်ရိုက်ခြင်း၊ ကြွက်သားကျုံ့မှုများ ၊ကြွက်သားများသေးခြင်း ၊ တစ်ရှူးများ၏ခံနိုင်ရည် ၊အနာရွတ်များ အတွက်ကြွက်သားတုံ့ပြန်မှုကို စစ်ဆေးခြင်း ၊ ဝမ်းဗိုက်ကြွက်သားကောင်းမကောင်းစစ်ဆေးခြင်း၊ ဆီးခုံရှိကန့်လန့်ကာကြွက်သားကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်း၊ ကန့်လန့်ကာကြွက်သားလိုက်လျောညီထွေစွာအလုပ်လုပ်နိုင်ခြင်းရှိမရှိ စစ်ဆေးခြင်း ၊ ဆီးအိတ်ရောဂါပိုးကူးစက်မှုများရှိမရှိသိနိုင်ရန် ဆီးစစ်ခြင်း ၊ သွေးဆဲပမာဏများနှင့် ရောင်ရမ်းခြင်းအတွက်အမှတ်အသားများကိုစစ်ဆေးခြင်း ၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါများရှိမရှိစစ်ဆေးခြင်း တို့ပဲဖြစ်ပါတယ် ။

Pelvic Pain (ဆီးခုံနာကျင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသရာတွင် နာကျင်ခြင်းကိုဖြစ်စေသောအကြောင်းအရာအပေါ်မူတည်၍ကွဲပြားသွားကြပါတယ် ။ ကုသခြင်းများကတော့..

– နာကျင်မှူသက်သာစေသောဆေးများပေးခြင်း ၊

– ကိုယ်ဝနိတားဆေးများပေးခြင်း ၊

– စားသောက်မှုပုံစံပြောင်းလဲခြင်း၊

– သင့်ရဲ့ကြွက်သားများကိုထိန်းချုပ်ရန် နည်းစနစ်များအသုံးပြုခြင်း၊

– ဆီးခုံပတိဝန်းကျင်ရှိ ကြွက်သားများပြေလျော့စေရန် အပ်စိုက်ခြင်း သို့ နှိပ်နယ်ခြင်း ၊

– နာကျင်မှုကိုသက်သာစေမည့် ကုသမှုများ ၊ နည်းလမ်းများကိုလေ့လာခြင်း ၊

– လျှပ်စစ်အသုံးပြု၍ နာကျင်မခံစားရအောက်လုပ်ခြင်း၊

– လိုအပ်လျှင် နာကျင်မှုဖြစ်စေသောနေရာကိာခွဲစိတ်ကုသခြင်း၊

– အကယ်၍ နာကျင်မှုသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းသမားရိုးကျ ပြောင်းလဲမှုများကြောင့်ဆိုလျှင် ဆရာဝန်သည် နာကျင်မှုသက်သာစေရန် အနားယူခြင်း ၊လေ့ကျင့်ခန်းလုပ်ခြင်း ၊ အပူကပ်ပေးခြင်း..အစရှိသည်တို့ကိုလုပ်ခိုင်းပါလိမ့်မယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုသမှုများ ။

ဘယ်လိုနေထိုင်မှုပူံစံတွေနဲ့ အိမ်တွင်းကုသမှုတွေက ဆီးခုံတွင်နာကျင်ခြင်းကိုသက်သာစေသလဲ။

ကုသမှုခံယူပြီးနောက်ပိုင်း ရောဂါမသက်သာလျှင်ဆရာဝန်ကိုပြောရပါမယ် ။

– ဆေးသောက်နေစဉ် သက်သာသည်ဟုမခံစားရလျှင် အခြားဝေဒနာများထပ်ပေါ်လာလျှင်လည်းဆရာဝန်ကို ပြောရပါမယ်။

– လေ့ကျင့်ခန်းကိုအသင့်အတင့်လုပ်ပေးရပါမယ်။

– အကယ်၍နေကောင်းသွားလျှင်တောင် ဆေးများကိုဆရာဝန်ညွှန်ကြားထားသည့်အတိုင်းဆက်လက်သောက်သုံးပေးရပါမယ်။

– ဆေးရပ်လိုက်ခြင်းဟာရောဂါများကိာပြန်၍ဖြစ်ပေါ်လာစေနိုင်ပါတယ်။

– ဆေးများနှင့် အစားအစာများမစားသုံးခင် ဆရာဝန်ကို အရင်မေးမြန်းသင့်ပါတယ် ။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့အကောင်းဆုံးအဖြေကိုရရှိဖို့အတွက်ဆရာဝန်ကိုမေးမြန်းတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Lamvu G, Steege JF. The anatomy and neurophysiology of pelvic pain. J Minim Invasive Gynecol 2006. Medical Program content.
Barnhart KT, Sammel MD, Gracia CR, et al. Risk factors for ectopic pregnancy in women with symptomatic first-trimester pregnancies. Fertil Steril 2006.
Cervero F, Laird JM. Visceral pain. Lancet 1999. Download version.
Pelvic Pain Rehab By Anelyn Delmonte-Purifoy, PT Civilian Supervisor of Physical Therapy Fort Belvoir Community Hospital in Virginia.
https://www.allacronyms.com/_medical/.

ယခုပုံစံ

28/01/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement